Carnage Wars

° အသစ်ထွက်လာတဲ့ ဒီဂိမ်းက လုံးဝကို လက်ဖျားခါလောက်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Call Of Duty ကိုတောင် မီးစ တို့ပေးနိုင်တဲ့ထိ ကြမ်းတာပါ။ ဘာလို့လဲဆိုရင် ဒီဂိမ်းမှာ ပါဝင်တဲ့ Features အတော်များများက PC ရဲ့ Call Of Duty ကို ကစားနေရသလိုမျိုးဘဲ Character Movement တွေ ၊ Graphic ပိုင်းတွေကစ Shader Quality ကောင်းကောင်းနဲ့ မြင်တွေ့ရမှာပါ။ Gameplay Mode အစုံကို ထည့်ပေးထားတဲ့အပြင် Vehicle တွေကစ ATV ၊ တင့်ကား နဲ့ Helicopter တွေပါ ပါဝင်တာမလို့ Map အကျယ်ကြီးမှာ ပစ်ချင်တဲ့သူတွေကော၊ First Person Only သမားတွေပါ အသည်းစွဲဖြစ်သွားစေမယ့် ဂိမ်းကောင်းတစ်ခုပါ။ Offline ကစားလို့ရတဲ့အပြင် Online နဲ့ပါ သူငယ်ချင်းတွေနဲ့ ကစားလို့ရတာကြောင့် Warzone မထွက်ခင် ဖြေသိမ့်ပေးနိုင်မှာ သေချာပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က စစထွက်ချင်းမလို့ Weapons အများကြီး မပါပေမယ့်လည်း Assault , SMG , Shotgun, Rocket, Sniper ကနေ LMG တွေအထိ ပြည့်စုံအောင် ထည့်ပေးထားတာပါ။ အရမ်းမိုက်တာက သေနတ်ကို Deatil Customize လုပ်လို့ရပြီး Laser, Scope စတာတွေကစ အကုန် Free Use ပေးထားတာမလို့ Character Skin ကော Weapons အကုန်လုံးကိုပါ စိတ်ကြိုက် အသုံးပြုလို့ရပါတယ်။ Upgrade တွေ Currency တွေလုံးဝ မပါဝင်တာမလို့ Mobile ဂိမ်းလို့တောင် မထင်ရပါဘူး။ 
Map အနေနဲ့ လောလောဆယ် သုံးခုသာ ပါဝင်သေးပေမယ့် Traps အကုန်ထည့်ပေးထားပြီး Vehicle အသုံးပြုနိုင်တဲ့ Map ကတော့ Demo တစ်ခုတည်းသာပါဝင်တာပါ။ Match တွေနဲ့ ပတ်သတ်ပြီး ပုံမှန်တွေ့နေကျ Death Match, Team Death Match တွေအပြင် Flag Capture, Infection, Conquest နဲ့ Patrol Match တွေပါ စုံလင်နေအောင် ထည့်ပေးထားတာပါ။ စုစုပေါင်း Players 32 ယောက်ထိ ပါဝင်နိုင်ပြီး Match Config ပိုင်းတွေကစ စိတ်ကြိုက် Option ပေးထားပါသေးတယ်။ 
Gameplay ပိုင်းမှာတော့ လုံးဝကို သွက်သွက်လက်လက်နဲ့ ကစားရမှာဖြစ်ပြီး Warzone ရဲ့ Gameplay အတိုင်းကို ခံစားရမှာပါ။ ဘယ်ညာ Peek လုပ်တာကနေ Slide လုပ်တာတွေအထိ အကုန်အစုံပါဝင်ပြီး AED Device တွေပါ ထည့်ပေးထားတာမလို့ အတော်လေးကို Suprise ဖြစ်မိပါတယ်။ Graphic ပိုင်းမှာလည်း Shader တွေ တအားကောင်းတာကြောင့် Lighting တွေ ၊ Shadows တွေ အရမ်းကြည့်ကောင်းပြီး Fire Effects ကနေ Smoke Effect တွေထိ Quality ကောင်းကောင်းနဲ့ကို အားရစရာကောင်းတာပါ။ အမိုက်ဆုံးကတော့ Graphic ကောင်းရုံတင်မကဘဲ ဒီဂိမ်းကို Power Consume သက်သာအောင်ပါ သေချာဖန်တီးပေးထားတာမလို့ Overload ဖြစ်ပြီး Phone Heat တက်မှာတွေကစ စိတ်ပူစရာမလိုတာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Call Of Duty နဲ့ ပတ်သတ်ရင် Official ဂိမ်းတွေထက် Player တွေကြားမှာ ရိုက်ခတ်သွားတဲ့ ဂိမ်းကောင်းတွေရှိပါတယ်။ Fan တွေ မှတ်မိကျသေးလားမသိပေမယ့် Combat Master တုန်းကလည်း Call Of Duty Experience အတိုင်း သွက်သွက်လက်လက်နဲ့ ထွက်လာခဲ့တာမလို့ Copyright claim နဲ့တင် ပိတ်ချခံရတဲ့ထိ ဖြစ်ခဲ့ဖူးပါတယ်။ Million ထိ ချီပြီး Download ဆွဲသူပေါင်း အရမ်းများတာကြောင့် ပြောရရင် COD ရဲ့ Mobile ဘက်ကို အတော်ကြီး လှုပ်ခါသွားစေတာပါ။ 
အခု ဂိမ်းမှာတော့ ဘယ်လို လာမယ်ဆိုတာမသိပေမယ့် Map ကော Gameplay Experience တွေက လုံးဝကို COD Warzone နီးပါးပါဘဲ။ အစမလို့ Bugs နဲ့ Error တွေရှိသေးပေမယ့် Developer တွေဘက်က ချက်ခြင်းကို Fix လုပ်ပေးနေတာပါ။ အခု Update မှာတင် TPS mode တွေ ဖြုတ်လိုက်တာမလို့ လုံးဝကို FPS စစ်စစ် Experience ကို ပေးတော့မယ့် ဂိမ်းပါ။ Admin အနေနဲ့ ပြောရရင်လည်း Call Of Duty ရဲ့ Warzone Mobile က စောစောစီးစီး Confirm သွားလို့သာ ဒီဂိမ်းက Popular နည်းချင်နည်းသွားမှာပါ။ ဒါပေမယ့် ဒီဂိမ်းရဲ့ Size နဲ့ Quality ကို ပြန်သုံးသပ်ရရင်တော့ တကယ်ကို Underrated ဂိမ်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။ 

Game Information

Android version 5 . 1 +
Developer Zic Zac
Network Online / Offline
Price Free
App version 2.9
Release date Nov 1, 2022
Platform Android

⭐ ( HELLO Rating = 8.6 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Burning Dead ° ဒီလထဲမှာ ထွက်ထားတဲ့ Game သစ်လေးဖြစ်ပြီး Action Game ကောင်းလေးမလို့ သဘောကျကြမှာပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် သင်က Park Ranger တစ်ဦးဖြစ်တဲ့ Mike Parker နေရာကနေ ကစားရမ… Read More
  • Cursed House•           အခုမှ Beta အဆင့်ဘဲရှိသေးပြီး Horror သမားတွေတွက်တော့ လက်မလွတ်သင့်တဲ့ Game ကောင်းလေးလို့ ပြောလို့ရပါတယ်။ Horror Game တွေ Escape Game တွေအများကြီးထဲကမှ ဒီ Game လေးက Solo E… Read More
  • Polyfied ( Early Access )° ဒီတစ်ခါ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက FPS သမားတွေတွက် အကြိုက်တွေ့စေမှာဖြစ်ပြီး Battlefield ပုံစံကို အသွင်ယူထားတာကြောင့် သဘောကျကြမှာပါ။ Early Access မလို့… Read More
  • Project Breach CQB FPS ° ဒီ Game လေးက FPS သမားတွေ ပိုသဘောကျစေမှာဖြစ်ပြီး အထူးသဖြင့် Rainbow Six Siege ဆော့ဖူးသူတိုင်း ပိုသိကြမှာပါ။ Mobile မှာဆိုရင်လည်း Area F2 ဆော့ဖူးခဲ့ရင်တော့ ဒီ Gam… Read More
  • Combat Master Mobile FPS ° ဒီနေ့ မနက်အစောကြီး ပြန်ရောက်လာတဲ့ Game လေးကတော့ အားလုံး Suprise ဖြစ်သွားစေမယ့် Combat Master ရဲ့ Come Back ကြီးပါ။ အရင် Version တုန်းက ရက်အနည်းငယ်အတွင်း Downloa… Read More

Comments

လူကြည့်အများဆုံး GAMES