CASE 2 Animatronics

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Mobile Horror Game ကြီးကတော့ နာမည်ကြီး လူကြိုက်များတဲ့ CASE ရဲ့ Sequel ဂိမ်းတစ်ခုဖြစ်ပြီး PC ကော Consoles တွေမှာပါ အရမ်းလူကြိုက်များခဲ့တာပါ။ အရင်ဂိမ်းရဲ့ အဆက်အနေနဲ့ ထုတ်ပေးထားပေမယ့် အခုမှ စဆော့ဖူးတဲ့ သူတွေတွက်လည်း Storyline မှာ အခက်မတွေ့ပါဘူး။ ဘာလို့ဆိုရင် အခုဂိမ်းက ပထမအဖြစ်ပျက်မတိုင်ခင် လွန်ခဲ့တဲ့ 2 နှစ်ကျော်လောက်က ဇာတ်အိမ်မျိုးကို ဖန်တီးပေးထားတာပါ။ Jack အနေနဲ့ဘဲ ကစားရမှာဖြစ်ပြီး အရာအားလုံးဆုံးရှုံးထားတဲ့ သူတစ်ယောက်အနေနဲ့တော့ မျှော်လင့်စရာမရှိပေမယ့်လည်း အတိတ်က လုပ်ရပ်တွေကြောင့် ပြစ်ဒဏ်တွေကို ပြန်ပေးဆပ်ရအုံးမှာပါ။။ အဲဒါကြောင့် Jack ကြုံတွေ့ရမယ့် ထိတ်လန့်စရာအဖြစ်ပျက်တွေကို သင်ကိုယ်တိုင် ကူညီပေးနိုင်ပါ့မလားဆိုတာကိုတော့ Horror Fan စစ်စစ်တွေဘဲ ဒီဂိမ်းကိုဆော့ရင်း အဖြေရှာတွေ့နိုင်မှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းဟာ Horror အမျိုးစားကိုမှ ဇာတ်လမ်းကောင်းကောင်းနဲ့ Puzzle တွေကို ဖြေရှင်းပေးရမှာဖြစ်ပြီး First Person View နဲ့တင် ရင်ခုန်စရာကောင်းလောက်အောင်ကို ဆော့ကစားရမှာပါ။ ဒါ့အပြင် Tablet ကနေ တစ်ဆင့် security cameras တွေနဲ့ monitor တွေကိုပါ Manage လုပ်နိုင်အုံးမှာမလို့ အသတ်မခံရဖို့အတွက် ဉာဏ်ရှိရှိနဲ့ ပုန်းလိုက်ရှာလိုက် ကစားပေးရမှာပါ။ အနီးနားရောက်လာတိုင်း ကျောချမ်းစရာကောင်းတဲ့ စက်သံကြီးတွေဟာ နားထဲ တိုးဝင်လာမှာ ဖြစ်တာကြောင့် နားကြပ်လေးနဲ့ တပ်ဆော့ကြည့်ကြဖို့ အကြံပေးပါတယ်။ PC နဲ့ Consoles ကနေ ဆင်းလာတာမလို့ Graphic ပိုင်းမှာလည်း ကြည့်ကောင်းပြီး ဓာတ်မီးတစ်လက်တည်းနဲ့ သည်းထိတ်ရင်ဖိုဖွယ် ကစားရမှာပါ။ 
ဒီဂိမ်းရဲ ဇာတ်လမ်းအပိုင်းမှာတော့ အပေါ်ဆုံးမှာပြောခဲ့သလိုဘဲ ပထမဂိမ်းမှာဖြစ်ပျက်ခဲ့တဲ့ police station မတိုင်ခင် လွန်ခဲ့တဲ့ 2 နှစ်ကျော်တုန်းက ထူးဆန်းမှုတွေကို ကိုယ်တိုင်ကြုံတွေ့ရမှာပါ။ အဖြစ်ဆိုးကြီးတစ်ခုကြောင့် မြို့ထဲမှာရှိတဲ့ Amusement Park ဟာ ပိတ်သိမ်းခံလိုက်ရပြီး ဒေသခံလူတွေဟာလည်း ဒီဖြစ်ရပ်ပေါ်မှာ သံသရ ရှိခဲ့ကြပါတယ်။ တစ်ချို့ကလည်း မတော်တဆမှုကြောင့်လို့ ထင်ခဲ့ကြပေမယ့် တစ်ချို့တွေကတော့ ဒီဖြစ်ရပ်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာလို့ မှတ်ယူခဲ့တာပါ။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာထက် မြို့ထဲမှာ ပြန့်ကျဲနေတဲ့ လူပျောက်ကြေငြာစာရွက်တွေဟာ လမ်းမပေါ်မှာ ရှိနေတဲ့ သစ်ရွက်ကြွေတွေထက်တောင် များပြားလာခဲ့တာမလို့ ဒီကိစ္စဟာ ထင်ထားတာထက်ကို ပိုစိတ်ဝင်စားစရာကောင်းလာတာပါ။ အဲဒါကြောင့် Jack အနေနဲ့ ဒီကိစ္စတွေကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာကိုတော့ ဂိမ်းထဲမှာဘဲ ဆက်ဆော့ကြည့်တော့နော်။ 

( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game က Horror ဆိုပေမယ့် ဇာတ်လမ်း ဆင်ပေးထားတာက အရမ်းသဘောကျစရာကောင်းတယ်။ ဘာလို့ဆိုရင် ဒီလို ဇာတ်လမ်းမျိုးက ကိုယ်တိုင် ကြုံခဲ့ရင်တောင် အတော်လေး Creepy ဖြစ်စေမှာ အသေချာဘဲ။ သဘာဝလွန်ဖြစ်ရပ်တွေ မပါတဲ့ Pure Horror ဂိမ်းတစ်ခုမလို့ သေမှာမကြောက်တဲ့သူတွေအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းမှာပါ။ ကျန်တဲ့သူကတော့ ပြောမနေနဲ့တော့ သတိပါလစ်သွားမှာ။ 
နားလည်အောင်ပြောရရင် ဒီ ဇာတ်လမ်းပုံစံမျိုးက ဂိမ်းတစ်ခုတည်းကို ဝင်ကစားနေရသလိုဘဲ။ သတိလွတ်တာဖြစ်ဖြစ် ၊ ဉာဏ်မသုံးနိုင်တာဘဲဖြစ်ဖြစ် နှောင့်နှေးခဲ့ရင်တော့ အသေဘဲ ဖြစ်မှာပါ။ Jack ဖြစ်တဲ့ သင်က ကိုယ်ကိုတိုင် မသိလိုက်တဲ့ ပြစ်မှုတစ်ခုကြောင့် Unknown ဆိုတဲ့ လူသတ်သမားတစ်ယောက်ရဲ့ အပြစ်ပေးခြင်းကို ခံရမှာပါ။ အစကတည်းက မီးတွေကို အကုန်ဖျက်ချထားတာမလို့ လုံခြုံရေး တံခါးတွေ အလုပ်မလုပ်တော့တဲ့အချိန်မှာ လူသတ်သမားဟာ အကွက်ကျကျနဲ့ သူကိုယ်တိုင် မသတ်ဘဲ စက်ယန္တရားစက်ရုပ်ကြီးတွေကို အစားထိုး သတ်ခိုင်းတာပါ။ အဲဒါကြောင့် လူသတ်သမား ဘယ်သူဆိုတာထက် သူ လွတ်လိုက်တဲ့ လူသတ်စက်ကြီးတွေကြောင့် ဒီဂိမ်းဟာ Thrilling ဆန်ဆန်နဲ့ကို ဆော့ကစားရမှာပါ။ သရဲခြောက်လို့ ကြောက်တာမျိုးမဟုတ်ဘဲ အသတ်ခံရမယ့် အဖြစ်ကို ကြောက်ရတဲ့ ပုံစံမျိုးနဲ့ ကစားရမှာမလို့ Horror Fan တွေအတွက်တော့ စိတ်ကြိုက်ဖြစ်စေမယ့် Game ကောင်းလေးတစ်ခုပါ။ 

Game Information

Android version 7 . 0 +
Developer OOO VALNAT
Network Offline
Price Free
App version 1.0
Release date Nov 23, 2022
Platform Android / PC / Console

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • The Walking Dead Season 1          ဒီ Game က ဆော့ဖူးတဲ့လူတိုင်း ဘယ့်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အထူးသဖြင့် ဒီ Season One ကိုပေါ့။ ဒါပေမယ့် မဆော့ရသေးတဲ့လူတွေတွက်တော့ ဒီ Game က စိတ်လှုပ်ရှားစရာအကေ… Read More
  • A New Life          နောက်ထွက်ထားတဲ့ Storyline ဦးစားပေး Game လေးဖြစ်ပြီး အထူးသဖြင့် မိန်းကလေးတွေ ပိုသဘောကျစေမယ့် Game မျိုးပါ။ Emotional အရမ်းဆန်လို့ Boy တွေတွက်တော့ အဆင်ပြေမယ့် Game မျိုးတေ… Read More
  • Stargate SG 1         ဒီ Game က Movie Series ကနေ ထုတ်ထားတဲ့ Game လေးဖြစ်ပြီး Voice Actor တွေကစ Series ထဲက သရုပ်ဆောင်တွေဘဲ ပါဝင်ထားတာပါ။ Game က Sci-Fi ဆန်သလို Ancient ဘက်ကိုလည်း ပေါင်းစပ်ထားတဲ့ … Read More
  • The Escapists 2         ဒီ Game က Pixel အမျိုးစားဆိုပေမယ့် လုံးဝ ဂေါ်ထွက်နေတဲ့ Game ပါ။ အနီးစပ်ဆုံးပြောရရင် Prison Simulation လို့တောင် ပြောလို့ရတယ်။ Game ကလည်း ထောင်ဖောက်ရမယ့် အမျိုးစားဖြစ်ပြီး … Read More
  • Eopue Battle          ဒီနေ့ဘဲ Beta version ထွက်လာတာဖြစ်ပြီး Mafia သဘောကျတဲ့လူတွေတွက်တော့ အကြိုက်တွေ့စေမယ့် Game တစ်ခုပါ။ Game က အခုမှ Test အဆင့်ဘဲရှိသေးတာဆိုတော့ အားရတဲ့ အပိုင်းတွေလည်းရှိသလို … Read More

Comments

လူကြည့်အများဆုံး GAMES