Fighting Tiger Libera
° ငယ်ငယ်က Mobile ပေါ်မှာ အရူးအမူး ဆော့ခဲ့ရတဲ့ Fighting Action
ဂိမ်းတစ်ခုကိုပြောပါဆိုရင် ဒီဂိမ်းလေးက Nostalgia အဖြစ်ဆုံးလို့ ပြောရမှာပါ။
ကောင်မလေးကို ကယ်ဖို့အတွက် အားရပါးရကို သိုင်းကွက်တွေ ထုတ်ကစားခဲ့ရပြီး
ရန်သူအများကြီးနဲ့ တစ်ယောက်တည်း တွယ်ခဲ့ရတာဆိုတော့ တကယ်ကို Favourite
ဖြစ်ခဲ့တာပါ။ လက်သီးကော ၊ ခြေထောက်ကော အကုန် တိုက်ကွက်မျိုးစုံ
ထုတ်လို့ရတာဆိုတော့ အဲဒီအချိန်တုန်းက Fighting ဂိမ်းတွေထဲမှာ ထိပ်ဆုံးနီးပါးထိ
ရောက်ခဲ့တာပါ။ Size ကလည်း နည်း ၊ Graphic Requirements ဆိုတာကလည်း အနိမ့်စား Ram
1 လောက်ဘဲ ရှိတဲ့ဖုန်းတွေမှာတောင် ကောင်းကောင်း Run နိုင်တာမလို့ ငယ်ငယ်က
အသည်းစွဲဖြစ်ခဲ့တဲ့ ဂိမ်းကောင်းလေးတစ်ခုဆိုတာ မမှားပါဘူး။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Old Game ဆိုပြီး အထင်သေးလို့မရပါဘူး။ Developer က August လ 2022 ထိတောင်
ဒီဂိမ်းကို Update လုပ်ပေးသွားခဲ့ပြီး Features အသစ်တွေကော ၊ ငယ်ငယ်က မပါခဲ့တဲ့
ဇာတ်ဝင်ခန်းတွေကိုပါ အကုန်ထည့်ပေးသွားတာပါ။ Story Mode အပြင် နောက်ထပ် Nightmare
၊ Red Sword နဲ့ Gin & Jim အခန်းတွေကိုပါ တိုးပေးထားပြီး ငယ်ငယ်က ပုံစံတူ
လိုက်ပြီးသိုင်းကျင့်ခဲ့တဲ့ 3D Kung Fu Mode တွေကိုပါ အကုန်စုံနေအောင်
ကစားရမှာပါ။
ဒီဂိမ်းရဲ့ ဇာတ်အိမ် တည်ထားတာလေးကတော့ အရမ်းရိုးရှင်းပါတယ်။ Gin ဖြစ်တဲ့ သင်က
ကွန်ဖူး Fighter တစ်ယောက်ဖြစ်ပြီး Gang အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
တစ်နေ့ကျတော့ ချစ်သူကောင်မလေးဖြစ်တဲ့ Shan က လူဆိုးဂိုဏ်းမှာ အလုပ်လုပ်နေတာကို
သဘောမကျတာကြောင့် အဖွဲ့ကနေ ထွက်ခိုင်းခဲ့ပြီး သူနဲ့အတူတူ ဘဝသစ်ထူထောင်ကြဖို့ရာ
တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီတော့ Gin ကလည်း ကောင်မလေးစကားကို နားထောင်ပြီး
လူဆိုးဂိုဏ်ကနေ နှုတ်ထွက်ခဲ့တာပါ။ ကံဆိုးချင်တော့ အဖွဲ့ခေါင်းဆောင်ရဲ့ မူဝါဒက
အဖွဲ့ကနေ နှုတ်ထွက်တာဟာ သစ္စာဖောက်တာနဲ့ အတူတူဘဲမလို့ Gin ကို ပညာပေးဖို့အတွက်
သူ့ရဲ့ ကောင်မလေးကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်းလေးက ကိုယ့်ရည်းစားကို
ပြန်လိုက်ကယ်ရင်း လူဆိုးဂိုဏ်တစ်ခုလုံးကို တစ်ယောက်တည်း
လိုက်တွယ်ရတော့မှာပါ။
ဒီနေရာမှာ အများစုသတိမထားမိကျတာက Gin ရဲ့ ကောင်မလေးကလည်း Baddest Fighter
တစ်ယောက်ဆိုတာပါ။ အဲ့ဒါကြောင့် Developer က သူမ အတွက် Extra အခန်း
ပိုထည့်ပေးထားပြီး Gin လူဆိုးဂိုဏ်းကနေ နှုတ်ထွက်ပြီးပြီးခြင်း Shan
ပြန်ပေးဆွဲခံရတဲ့ အပိုင်းကို သီးသန့် Mode ထည့်ပေးထားတာပါ။ အဲဒီအခန်းမှာတော့ Shan
နေရာကနေ ကစားရမှာဖြစ်ပြီး လူဆိုးတွေကလည်း Pro တွေကြီး နှစ်ယောက် ၊ သုံးယောက်လောက်
လာဖမ်းတာကြောင့် တကယ်ကို Difficult မြင့်တဲ့ အခန်းလို့ပြောလို့ရပါတယ်။ နောက်ပြီး
ထွက်ပြေးတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခန်းပိုတွေကိုပါ ထပ်ထည့်ပေးထားသေးတာကြောင့်
ငယ်ငယ်က ကစားခဲ့တာထက်ကို ပိုပြီးတော့ ကြမ်းခွင့်ရမှာပါ။
Fighting Game မလို့ Combat တွေကတော့ စုံနေအောင် ထည့်ပေးထားပြီး လက်သီး ၊
ခြေထောက်တွေအပြင် ၊ ချုပ်ပြီး ထိုးတာတွေ ၊ ပတ် Kick တွေ ဝိုက် Kick တွေကိုပါ
Combo အလိုက် Ultimate တွေနဲ့ ပေါင်းပြီး ဆက်တိုက်ချလို့ရတာပါ။ ပစ္စည်းတွေနဲ့ပါ
ကောက်ပေါက်လို့ရပြီး လက်နက်တွေနဲ့ပါ တွယ်လို့ရတာပါ။ Level
တစ်ခုချင်းဆီတိုင်းဟာလည်း ကြာသင့်သလောက် ကြာအောင် ဖိုက်ရတာကြောင့် တကယ်ကို
ကစားလို့ကောင်းတဲ့ ဂိမ်းကောင်းတစ်ခုပါ။ သဘောအကျဆုံးကတော့ အခုခေတ် Fighting
ဂိမ်းပုံစံလိုမျိုး Side View နဲ့ One By One ခြင်းလည်း တွယ်လို့ရပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Game က အခုထိ Android version အမြင့်တွေလည်း အကုန်ဆော့လို့ရသလို Skin တွေလည်း
ထပ်တိုးပေးထား သေးတာဆိုတော့ Admin ကတော့ အရမ်းသဘောကျတယ်။ ငယ်ငယ်က Shan လေးကို
Crush ခဲ့ဖူးတဲ့သူတွေ ရှိကိုရှိမှာပါ။ အခု Costume အသစ်တွေနဲ့ ခပ်ကြမ်းကြမ်း
ကောင်မလေးဖြစ်သွားပြီမလို့ ပြန်ဆော့ချင်တဲ့သူတွေအတွက် အကြိုက်ပါဘဲ။ ဘယ်လောက်ဘဲ
ဟောင်းဟောင်း Memories လေးတွေ ထင်ကျန်ခဲ့တဲ့ ဂိမ်းတွေထဲက တစ်ခုမလို့ အခုထိ
သဘောကျမိနေတုန်းပါ။ အဲခေတ် အဲအခါတုန်းက Money Pulling လုပ်တဲ့ microtransaction
ဆိုတာ Mobile မှာ မရှိသလောက်ကို ရှားခဲ့တာပါ။ တကယ်ဂိမ်းကောင်းတွေကြီး
ထုတ်ခဲ့ကြတာမလို့ ဖုန်းအမြင့်တွေဆိုတာ ဘယ်ဆီနေမှန်းတောင် မသိခဲ့ဘူး။ ဒီတော့ Size
ကလည်း နည်းနည်းလေးမလို့ ပြန်ကစားချင်တဲ့သူတွေအတွက် အတော်လေးကို အဆင်ပြေစေမယ့်
Gold Game လေးတစ်ခုပါ။
Android version | 4 . 4 + |
Developer | Jiin Feng |
Network | Offline |
Price | Free |
App version | 2.7.5 |
Release date | Apr 14, 2011 |
Platform | Android / iOS |
Comments