LIVE FACTORY

° အသစ်ထွက်ထားတဲ့ ဒီဂိမ်းလေးက Indie Developer တွေ ဖန်တီးပေးထားတဲ့ 3D Platformer ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး Mario လိုမျိုး Level Design တွေကို Arcade Feeling မျိုးနဲ့ ခက်ခက်ခဲခဲ ဆော့ချင်ရင်တော့ Challenge လုပ်ကြည့်သင့်တဲ့ Adventure ဂိမ်းကောင်းလေးတစ်ခုပါ။ Graphic ကလည်း ကောင်း ၊ Size ကလည်း နည်းတဲ့အပြင် Storyline လေးပါ ပါဝင်တဲ့ Premium Game ကောင်းလေးတစ်ခုမလို့ Puzzle Adventure သမားတွေ လက်မလွတ်သင့်ပါဘူး။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းရဲ့ ဇာတ်လမ်းထဲမှာဆိုရင် ရာစုနှစ်တွေတိုင်အောင် လူသားတွေ ဖန်တီးခဲ့ကြတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာမြေကြီးဟာ အရင်လို မသန့်ရှင်းတော့ဘဲ အဆိပ်တောက်တွေ များလာခဲ့ပါတယ်။ အဲဒါကြောင့် မြေအောက်စက်ရုံတွေကို တည်ထောင်ခဲ့ကြပြီး လူသားအရင်းမြစ် ချွေတာရေးအတွက် 24 နာရီအလုပ်လုပ်နိုင်တဲ့ စက်ရုပ်တွေကို Artificial intelligence ဖြစ်တဲ့ AI တွေနဲ့ အစားထိုး ထိန်းချုပ်ခဲ့ကြတာပါ။
ဒီလိုနဲ့ တဖြည်းဖြည်း စက်ရုံကနေ လူသားတွေ ထွက်ခွာသွားတဲ့ အချိန်မှာတောင် ဒီစက်ရုံအတွင်းမှာ ရှိတဲ့ စက်ရုပ်တွေဟာ AI ရဲ့ ညွှန့်ကြားမှုနဲ့ မနားတမ်း အလုပ်လုပ်နေကြရတုန်းပါ။ ဒါပေမယ့် တစ်နေ့မှာတော့ AI ဟာ Error တစ်ခုဖြစ်ခဲ့ပြီး စက်ရုံရဲ့ Communication အပိုင်းမှာ ရုတ်တရက် ပြတ်တောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ စက်ရုပ်အချို့ဟာ Malfunction တွေဖြစ်ကုန်ပြီး အ‌န္တရာယ်တွေ စပြုလာတာကြောင့် တခြား Robots တွေမှာပါ ထပ် မဖြစ်ပွားခင် ဒီ စက်ရုပ်ကြီးထဲကနေ လွတ်မြှောက်အောင် ကြိုးစားပေးရမယ့် ပုံစံမျိုးလေး ကစားရမှာပါ။ 
Main Character ဖြစ်တဲ့ စက်ရုပ်လေးကလည်း သူ့ကိုယ်သူတောင် ဒီကို ဘယ်လိုရောက်လာလဲဆိုတာ မမှတ်တော့တာကြောင့် တဖြည်းဖြည်း အစဖော်ရင်း စွန့်စွန့်စားစားနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Storyline ကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် Gameplay ကစ တကယ် သဘောကျစရာကောင်းပြီး Puzzle Platform ပုံစံမလို့ တံခါးဖွင့်ဖို့တွက် Key တွေရှာ ရင်း စက်ပစ္စည်းအပိုင်းစတွေကိုပါ စုဆောင်းရမှာပါ။ Teleport တွေကိုပါ အသုံးချရမှာဖြစ်ပြီး တစ်ခါတလေ Difficult မြင့်တဲ့ Room တွေပါ ပါဝင်သေးတာကြောင့် သေချာ စဉ်းစားပြီးတော့ကိုမှ လက်မြန်မြန်နဲ့ ကစားပေးရမှာပါ။ Graphic ပိုင်းမှာလည်း အတော်လေး ကျေနပ်စရာကောင်းပြီး လှုပ်ရှားတဲ့ Animation တွေကစ သဘောကျစရာကောင်းပါတယ်။
Setting နဲ့ပတ်သတ်ပြီး အမိုက်ဆုံးကတော့ Gamepad ကော Keyboard တွေနဲ့ပါ Support ပေးထားတဲ့အပြင် Graphic Performance အတွက် Resolution Scale နဲ့ fps တွေကိုပါ Option အစုံထည့်ပေးထားပါတယ်။ ဦးနှောက်တင်မကဘဲ လက်ပါ သွက်နေမှ ဖြစ်တာကြောင့် Platform Adventure ကောင်းကောင်းလေး ကစားချင်တဲ့သူတွေအတွက် ဆော့ကြည့်ကြဖို့ရာ အကြံပေးပါတယ်။ 

Game Information

Android version 6 . 0 +
Developer World in box
Network Offline
Price 4.99 $
App version 21.0
Release date Apr 4, 2022
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Off Road Chronicles              သဘာဝကျကျ ကားမောင်းခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ တွေ့ဖို့ရာခက်တဲ့ အအေးပိုင်းဒေသရဲ့ နှင်းထူထူထဲမှာ စွန့်စားရမှာပါ။ Off R… Read More
  • Behind The Frame             ဒီတစ်ခါ အသစ်ထွက်လာတဲ့ Indie Game လေးက ဒီလ ရဲ့ အကောင်းဆုံးနဲ့ ဆော့ကြည့် အသင့်ဆုံး Game ကောင်းလေးတစ်ခုဖြစ်ပြီး PC ကော Mobile မှာပါ တန်းတူထွက်လာတဲ့ Paid Game ကောင… Read More
  • MARVEL Future Revolution Global           ဒီနေ့ အားလုံးစိတ်ဝင်စားနေကြတဲ့ Netmarble ရဲ့ Marvel Future Revolution Game ဟာ Global Release အနေနဲ့ China နဲ့ Vietnam ကလွဲပြီ… Read More
  • MIR 4 Global             မနေ့ကမှ Global Launch လုပ်ခဲ့တာဖြစ်ပြီး B&S 2 နဲ့ တိုက်နေတာကြောင့် တင်ဖို့ရာ နောက်ကျသွားတာပါ။ အရင် Korea version တ… Read More
  • Blade & Soul 2 ( Korea )           ဒီ‌နေ့ထွက်လာတဲ့ Game အသစ်လေးက တောင်ကိုရီးယားအခြေစိုက် NCSOFT ရဲ့ MMORPG Game တစ်ခုဖြစ်ပြီး အရင်ကထွက်ထားတဲ့ Blade & Soul ရဲ့ Sequel အနေနဲ့ဘဲ 2 အနေနဲ့ ဆက်ထွက်လာတာပ… Read More

Comments

လူကြည့်အများဆုံး GAMES