My Little Guardian
° ဒီတစ်ခါ ဂိမ်းသစ်လေးကတော့ Graphic အရမ်းကို လှလွန်းလို့ Realistic နီးပါးထိ
ခံစားစေရမယ့်အပြင် ဇာတ်လမ်းကော Gameplay ကပါ ရိုးရိုးလေးနဲ့ စွန့်စားရမယ့်
Adventure ဂိမ်းကောင်းလေးတစ်ခုပါ။ ဒီထဲမှာဆိုရင် ဘဝအကြောင်းကို သိချင်နေတဲ့ Rag
Doll လေးနေရာကနေ ကစားရမှာဖြစ်ပြီး သစ်တောကြီးထဲမှာ စူးစမ်းရှာဖွေရင်းကနေ ဘဝမှာ
အသက်ရှင်နေရတဲ့ အကြောင်းပြချက်ကို လိုက်လံရှာဖွေပေးရမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
3D Platform ဂိမ်းလေးမလို့ ကစားရတာ အခက်ခဲမျိုးစုံကို ကြုံတွေ့ရမှာဖြစ်ပြီး
Jumping လုပ်တာတွေ ၊ Object Moving လုပ်တာတွေကို အဓိက တွေ့မြင်ရမှာပါ။ Chapter 11
ခု နဲ့ ပတ်ဝန်းကျင်ပေါင်းစုံကို Graphic ကောင်းကောင်းနဲ့ ကစားရမှာဖြစ်တဲ့အပြင်
lighting technique နဲ့ realistic textures တွေကြောင့်ပါ ဒီဂိမ်းလေးက Console
ဂိမ်းတစ်ခုနီးပါးထိ ခံစားရမှာပါ။ Character Animation တွေကစ အသေးစိတ်ကျပြီး
ပြေးရင်းနဲ့ ရုတ်တရက် ရပ်လိုက်တိုင်း ခြေထောက်ချော်သွားတာတွေအပြင် ပြုတ်ကျတိုင်း
နံရံကို ကပ်မှီပြီးဆင်းတာတွေထိ အသေးစိတ်တွေ့မြင်ရမှာပါ။ အမြန်ပြေးတာတွေ ၊
ဝပ်သွားတာတွေကစ ပါဝင်တာကြောင့် အခက်ခဲတိုင်းကို လိုသလို ထိန်းချုပ်ပြီး
ပေါ့ပေါ့ပါးပါးနဲ့ကစားရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
ဂိမ်းလေးက Graphic အရမ်းလှပေမယ့် Bug လေးတွေနဲ့ Fix မဖြစ်တာလေးတွေတော့ ရှိသေးတယ်။
တကယ် Lighting ပိုင်းတွေ အရမ်းကောင်းပြီး Texture တွေကစ Realistic တွေကိုဘဲ
သုံးပေးထားတာပါ။ Developer ဘက်ကလည်း Graphic Quality ကို အပြည့်ဝ
ခံစားစေချင်တာကြောင့် Graphic Option နဲ့ပတ်သတ်ပြီး လုံးဝ ထည့်ပေးမထားပါဘူး။
အဲတော့ ဖုန်းတိုင်းနဲ့ အဆင်ပြေမပြေဆိုတာ ပြောဖို့ခက်ပါတယ်။
Admin သဘောကျတာကတော့ လှုပ်ရှားပုံလေးတွေဖြစ်ပြီး Character လေးကိုက
အရမ်းချစ်စရာကောင်းတာပါ။ တက်တာဖြစ်ဖြစ် ဝပ်တာဖြစ်ဖြစ် ပုပုသေးသေးလေးနဲ့မလို့
အူယားစရာလည်း ကောင်းတယ်။ Game က မထင်ထားတဲ့ အခိုက်တန့်တွေပါဝင်ပြီး တကယ်ကို Life
နဲ့ Environment ကို ပေါင်းစပ်ပေးထားတာပါ။ သဘောမကျတာကတော့ Narrator က English Dub
မဟုတ်တာပါ။ ကျန်တာကတော့ Mobile Game တစ်ခုအနေနဲ့ မဆိုးဘူးပြောလို့ရပါတယ်။
[ - Premium Game လေးတစ်ခုပါ - ]
Android version | 5 . 1 + |
Developer | Bit Game Studios |
Network | Offline |
Price | 600 MMK |
App version | 1.8 |
Release date | Sep 1, 2022 |
Platform | Android |
Comments