Panmorphia
° ဒီဂိမ်းလေးက The Lost City တို့လို Old Game ပုံစံမျိုးတွေ သဘောကျတဲ့သူတွေအတွက်
ပိုပြီးတော့တောင် ထူးထူးခြားနဲ့ ကစားရမယ့် Puzzle Adventure
ဂိမ်းကောင်းလေးတစ်ခုပါ။ ထူးခြားဆို ဒီဂိမ်းက လူသားတစ်ယောက်နေရာကနေတောင်
စွန့်စားရတာမျိုးမဟုတ်ပါဘူး။ မှော်ဆန်ဆန်နဲ့ ဓာတ်ကြီးလေးပါးကိုပါ အမှီပြုပြီး
ကြောင်ဘဝ ၊ ငါးဘဝနဲ့ ငှက်ဘဝတွေထိတောင် ပုံစံအမျိုးမျိုးပြောင်းပြီး
စွန့်စားပေးရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ အဲဒါကြောင့် တွေ့ရမယ့် သဘာဝအလှ
မြင်ကွင်းတွေကစ ဘက်ပေါင်းစုံကနေ ရှုထောင့်အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာဆိုတော့
အေးအေးဆေးဆေး Chill ချင်တဲ့သူတွေအတွက် လက်မလွတ်သင့်ပါဘူး။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဒီဂိမ်းကို ဒဏ္ဍာရီလေးတစ်ခုကနေ စတင်ခဲ့ပြီး ရှေးတုန်းကတည်းက ယူဆခဲ့ကြတဲ့
Generation တစ်ခုစီတိုင်းရဲ့ ကလေးတစ်ယောက်ဟာ sentinel အဖြစ်နဲ့ Panmorphia
နယ်မြေထဲကို ဖြတ်ကူးနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ Sentinel တစ်ယောက်ဟာ သူ့ရဲ့
အဆောင်ပစ္စည်းနဲ့အတူ ဓာတ်ကြီးလေးပါးကို ထိန်းချုပ်နိုင်ပြီး အဲဒီက ရတဲ့
စွမ်းအင်တွေကို ကိုယ်စားပြုအနေနဲ့ သက်ဆိုင်ရာ တိရိစ္ဆာန်တစ်ကောင်ခြင်းစီရဲ့
အသွင်ကိုပါ ကူပြောင်းနိုင်တဲ့ထိ အစွမ်းရှိကြတာပါ။
တစ်နေ့ကျတော့ သင်ဟာ အဲဒီအဆောင်ကို ကမ်းနားတစ်ခုမှာ ရှာတွေ့ခဲ့ပြီး Panmorphia
နယ်မြေထဲကို မထင်မှတ်ဘဲ ဝင်သွားမိခဲ့ပါတယ်။ ဖြစ်ချင်တော့ ဂိတ်ဟာ ရုတ်တရက်ဆိုသလို
ပိတ်မိသွားခဲ့ပြီး ပြန်မထွက်နိုင်တော့တာကြောင့် ဒီ Panmorphia နယ်မြေကြီးရဲ့
ဆန်းကြယ်မှုတွေကို အရမ်းလှတဲ့ သဘာဝရှုခင်းတွေနဲ့ စူးစမ်းရှာဖွေရတော့မှာပါ။
Puzzle Adventure ဂိမ်းလေးမလို့ Hidden Objects တွေကို လိုက်ရှာရင်း
တစ်နေရာပြီးတစ်နေရာဖြတ်သန်းဖို့အတွက် ကြိုးစားအားထုတ်ရမှာပါ။ The Lost City
ကစားဖူးသူတိုင်း ရင်းနှီးပြီးသားဖြစ်တာကြောင့် ဒီဂိမ်းလေးကိုလည်း သဘောကျကြမှာ
သေချာပါတယ်။ Premium Game လေးဖြစ်ပြီး Size နည်းနည်းလေးနဲ့ တကယ်ဆော့ရတာ
တန်တာကြောင့် ကစားကြည့်ကြဖို့ရာ အကြံပေးပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
ဂိမ်းက The Lost City နဲ့ နည်းနည်းဆင်ပေမယ့် ဒီကောင်က ပိုထူးခြားပါတယ်။ The Lost
City လိုမျိုး Heart Stone တွေအစား ဓာတ်ကြီးလေးပါးဖြစ်တဲ့ ရေ ၊ လေ ၊ မြေ ၊ မီး
စတဲ့ သက်ဆိုင်ရာ စွမ်းအင်တွေကို ကိုယ်စားပြုကျောက်တုံးတွေနေရာမှာ ထည့်ပေးရမှာပါ။
အဲဒီလိုမျိုး တစ်ခုထည့်ပြီးတိုင်း သက်ဆိုင်ရာ တိရိစ္ဆာန်အသွင်းကို
ပြောင်းလဲလို့ရတာဆိုတော့ ဂိမ်းက ကစားရတာ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။
အထူးသဖြင့် အစပိုင်းမှာ စူးစမ်းခဲ့တဲ့နေရာတွေကို တခြား ရှုထောင့်ကနေ
အသစ်ပြန်တွေ့ရတာဆိုတော့ အတော်လေးလဲ မိုက်တယ် ပြောရမယ်။ Easy Mode နဲ့
အလွယ်ကစားလို့ရပေမယ့် ဇာတ်လမ်းလေးကလည်း တိုတာကြောင့် ကြိုးစားပြီး
ဆော့ကြည့်ကျဖို့ရာ အကြံပေးပါတယ်။ ဘာလို့ဆို ဇာတ်သိမ်းက ထင်ထားသလို
မဟုတ်ခဲ့ပါဘူး။
[ - Premium Game လေးတစ်ခုပါ - ]
Android version | 4 . 4 + |
Developer | LKMAD |
Network | Offline |
Price | $ 1.99 |
App version | 3.0.6 |
Release date | Feb 16, 2015 |
Platform | Android / iOS |
Comments