The Room

The room ကို အင်္ဂလန်က indieဂိမ်းကုမ္မဏီ Fireproof studio ကနေဖန်တီးထားတာ ပါ ဂိမ်းအစမှာ အမည်ဖော်မပြထားတဲ့ အဓိကဇာတ်ကောင်ဟာ A.S ဆိုတဲ့ နာမည်ပိုင်ရှင်ဆီကစာတစ်စောင်ကြောင့် အခန်းတစ်ခန်းထဲကိုရောက်လာပါတယ်
အခန်းထဲမှာ သေတ္တာတစ်ခုကိုတွေ့ရပြီး သေတ္တာကpuzzle တွေကိုဖြေရှင်းလိုက်တဲ့အခါမှာ မှန်ဘီလူးတစ်ခုရလာပါတယ် puzzleတွေကို ဖြေရှင်းရင်းနဲ့ A.S ဆိုတဲ့ သူရဲ့စာတွေကိုထပ်ပြီးတွေ့လာရမှာပါ စာတွေထဲမှာ သူဟာ ငါးခုမြောက်element ဖြစ်တဲ့ null ဆိုတဲ့ element ကိုလေ့လာနေတာဖြစ်ပြီး အဲ့ element ဟာ သေတ္တာထဲမှာတွေ့တဲ့ မှန်ဘီလူးနဲ့ကြည့်မှမြင်နိုင်တာကို ပြောပြထားပါတယ် null ကိုအသုံးချပြီး သေခြင်းရှင်ခြင်းနဲ့ reality ကို ထိန်းချုပ်နိုင်ပြီး မှားယွင်းအသုံးပြုမိရင် အသုံးပြုသူရဲ့ ဝိဥာည်ဟာ ပျောက်ကွယ်သွားနိုင်ပါတယ် နောက်ပိုင်းရလာတဲ့စာတွေမှာတော့ null ကိုရှာနေတဲ့ Circle ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာရယ် A.S ဟာ null ကိုသုံးပြီး Astaroth ဆိုတဲ့ နတ်ဆိုးကို ဆင့်ခေါ်ဖို့ကြိုးစားနေတာရယ်ကိုသိလာရပါတယ် A.S ကတစ်ကယ်တော့ လူကောင်းတစ်ယောက်ဖြစ်ပေမယ့် null ရဲ့ဆွဲဆောင်ခြင်းကိုခံရတဲ့အခါမှာ ဘာကိုမှမမြင်တော့ပဲ null ရဲ့အကြောင်းတွေကိုပိုသိရဖို့ပဲ မြင်ပါတော့တယ်
ကစားသူဟာ လျှို့ဝှက်ချက်တွေဖော်ထုတ်ရင်း
နောက်ပိုင်းမှာတော့ ဘာဖြစ်သွားမလဲဆိုတာ သိချင်ရင်
downပြီးဆော့ကြည့်ကြပါတော့
ဂိမ်းအစအဆုံးဟာ အခန်းတစ်ခန်းထဲမှာပဲနေရာယူထားတာပါ 3D view နဲ့ သေတ္တာရှိရာအခန်းအလည်ခေါင်ကို ပတ်ပတ်လည်လှည့်ကြည့်ရင်းဆော့ရမှာပါ ဂိမ်းရဲ့ graphicတွေကတော့ console ဂိမ်းတွေအတိုင်း သေသပ်လှပနေပါတယ် နောက်ခံတီးလုံးတွေကလည်း ဂိမ်းရဲ့ လျှို့ဝှက် ဆန်းကျယ်တဲ့ပတ်ဝန်းကျင်ကို ပိုပြီးပေါ်လွင်စေပါတယ်
Apple Inc(iPad Game of the Year)
,BAFTABest (British Game),
Game Developers Choice Awards(Best Handheld/Mobile Game),
The International Mobile Game Awards(Excellence in Visuals),
TIGA(Best Game Design),
New York Video Game Critics Circle Awards(Best Mobile/iOS Game),
JayisGames(dot)com(Best Mobile Puzzle Game),
Gamezebo(Best iPad Game),
Cnet Aus(Best Mobile Game) ဆုတွေကို ရထားတာပဲဖြစ်ပါတယ်
The room ကို
2012 မှာ ios အတွက်စထုတ်ခဲ့ပြီး 2013မှာ android အတွက်ထွက်လာပါတယ် 2014 မှာ microsoft window တွေအတွက်ထွက်လာပြီး ပြီးခဲ့တဲ့ October 2018 မှာ Nintendo switch ဂိမ်းconsole ပေါ်မှာ ထွက်လာခဲ့ပါတယ် The room game ဟာ လက်ရှိမှာ copy ပေါင်း 6.5 million ကျော် ရောင်းရပြီးဖြစ်ပါတယ်

Game Information

Android version 4 . 1 +
Developer Fireproof Games
Network Offline
Price 0.99 $
App version 1.08
Release date Apr 5, 2013
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES