The Secret Elevator Remastered

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ထူးထူးခြား ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး အိမ်မက်နဲ့ ပတ်သက်ဆက်နွယ်နေတာမလို့ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ သက်ရှိသတ္တဝါတိုင်း မက်နေကြတဲ့ ဒီအိမ်မက်တွေက လူတိုင်းအတွက်တော့ သာမန်သဘာဝဖြစ်ရပ်တစ်ခုလို မှတ်ယူကြပေမယ့် တစ်ချို့တွေအတွက်ကြတော့ ဒီအိမ်မက်ဆိုတဲ့အရာကြီးက မှတ်ဉာဏ်တွေရဲ့အလွန်မှာရှိနေတဲ့ နောက်ထပ်ကမ္ဘာကြီးတစ်ခုလိုဖြစ်နေတာပါ။ လူတိုင်း အိမ်မက်မက်နိုင်တယ် ဒါပေမယ့် အသိစိတ်မကပ်နိုင်တာကြောင့် ဒီအိမ်မက်တွေဟာ မှတ်ဉာဏ်အဖြစ်နဲ့ မနက်ခင်းတိုင်းမှာ ပြန်သတိရနေတာဖြစ်ပြီး အသိစိတ်ကပ်နိုင်တဲ့သူတွေအတွက်တော့ ဒီ အိမ်မက်နယ်ပယ်ကြီးဟာ ခြောက်ခြားစရာ‌ကောင်းလောက်အောင်ကို ထူးဆန်းမှုတွေနဲ့ ပိတ်မိနေတတ်ကြတာပါ။ အဲဒါကြောင့် အိမ်မက်ကနေ နိုးထဖို့ ကြိုးစားရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်ပျက်တွေကို ရင်ခုန်စွာနဲ့ ကစားရမှာပါ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က Puzzle Adventure ပုံစံမျိုးကိုမှ ပုံသေကြီးအတိုင်း ကစားရတာမျိုးမဟုတ်ဘဲ First Person View နဲ့ လွတ်လွတ်လပ်လပ်ပါ လျှောက်သွားလို့ရမှာပါ။ တစ်ချက်တစ်ချက် Mystery ကနေ Horror Vibe အသွင်ကို ပြောင်းသွားတာမလို့ သရဲဂိမ်းမျိုးမဟုတ်တာ‌တောင် ကစားရတာ အတော်လေး ရင်ခုန်စရာကောင်းပါတယ်။ 
ဒီဂိမ်းကို အပြင်မှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ လူတစ်ယောက်စီကနေ အချက်လက်တွေကိုယူပြီး ဖန်တီးပေးထားတာမလို့ တကယ်စိတ်ဝင်စားစရာ ကောင်းတာပါ။ နာမကျန်းဖြစ်တဲ့အချိန်မှာ ပိတ်မိခဲ့တဲ့ ထူးထူးဆန်းဆန်း အိမ်မက်မျိုးကို Game ပုံစံနဲ့ အသက်သွင်းထားတာဖြစ်ပြီး အသိစိတ်ကပ်နေတဲ့အချိန်မှာ အိမ်မက်ကနေ နိုးထလို့မရခဲ့တဲ့ အဖြစ်မျိုးကို ပုံဖော်ပေးထားတာပါ။ အဲဒါကြောင့် ဒီဂိမ်းလေးက အိမ်မက်ထဲမှာတင် ကစားရမှာဖြစ်ပြီး အိမ်မက်ဆိုတဲ့ အတိုင်း ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့ Unique ဖြစ်တဲ့ Mystery Horror Vibe မျိုးကို ခံစားရမှာပါ။ 
သဲလွန်စတွေရှာ ၊ Puzzle တွေကို ဖြေရှင်းရင်း တစ်ခါတစ်ရံ ကြားရတဲ့ ထူးဆန်းတဲ့ မိန်းကလေးငိုသံကြီးကိုပါ လိုက်လံပြီး အဖြေရှာပေးရအုံးမှာပါ။ ဒီအိမ်မက်ရဲ့ အဓိကကတော့ Elevator ဖြစ်ပြီး သူကနေတဆင့် မှတ်ဉာဏ်အတွင်းထဲက အနက်ဆုံး အတိတ်ကပုံရိပ်တွေဆီကို ခေါ်ဆောင်သွားမှာမလို့ အခန်းတစ်ခုဆီတိုင်းက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေတာပါ။ အခုလို အိမ်မက်ထဲ လျှောက်သွားနေချိန်မှာလည်း တစ်စုံတစ်ယောက်ကနေ လိုက်ကြည့်နေသလိုထိ ခံစားရတတ်တာကြောင့် အဆုံးသတ်မှာ ဘယ်လို ထူးဆန်းတာတွေကြုံတွေ့ရအုံးမလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုပါ။ 
Graphics ပိုင်းမှာတော့ တကယ် Quality ကောင်းပြီး ဖုန်းအမြင့်သမားတွေဆိုရင် Performance Setting ကို On စရာမလိုဘဲ ကစားလို့ရမှာပါ။ Shadow တွေ Texture တွေကစ အသေးစိပ်ကျတာကြောင့် အိမ်မက်ဆန်ဆန် Screen Effect တွေနဲ့ အတော်လေး သဘောကျစရာကောင်းပါတယ်။ Black & White Color တွေပါ ချိန်းဆော့လို့ရတာကြောင့် ကစားရတာ တကယ်ကို Unique ဖြစ်တဲ့ Experience ကို ခံစားရမှာပါ။ Puzzle တွေက တအားကြီး မခက်ပေမယ့် Horror အငွေ့သက်တွေကို တစ်ဝကြီး ခံစားရမှာမလို့ ရုတ်တရက် အဖြစ်ပျက်တွေကြောင့်ပါ ရင်အရမ်းခုန်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐑𝐞𝐯𝐢𝐞𝐰 𝐁𝐲 𝐒𝐚𝐧𝐚 - )

မင်မင်ကတော့ ဒီဂိမ်းမှာ ဘယ်လောက်ထိ သဘာဝကျအောင် ဖန်တီးထားတယ်ဆိုတာနဲ့တင်ကို အရမ်းသဘောကျတာ။ နာမည်က The Secret Elevator ဆိုတော့ အိမ်မက်ဂိမ်းလို့တောင် မထင်ထားခဲ့ဘူး။ တကယ်ဆော့ကြည့်တော့မှ ဖန်တီးထားတာလေးကို အရမ်းသဘောကျသွားတာ။ အိမ်မက်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မြင်ဖူးတာတွေကော မမြင်ဖူးတာတွေကော အစုံမက်နေကြတာပါ။ အားလုံးဟာ ရုပ်ရှင်ကြည့်နေရသလိုမျိုးဘဲ မြင်သာမြင်ရ လှုပ်မရဆိုတာမျိုးပေါ့။ 
ဒါပေမယ့် အဲဒီထဲမှာ တကယ်ကို လက်ချိုးရေလို့ရတဲ့ ထူးဆန်းတဲ့သူတွေ တကယ်ရှိပါတယ်။ သူတို့ကကြတော့ အိမ်မက်ကို ရုပ်ရှင်တစ်ခုလို မြင်ရတာမျိုးမဟုတ်ဘဲ အဲဒီအိမ်မက်ထဲမှာတင် အသိစိတ်ကပ်ပြီး အိမ်မက်ကို အိမ်မက်မှန်း သိနေကြတဲ့သူတွေပါ။ အများစုက ရုတ်တရက် အဖြစ်ပျက်ကြောင့် အသိစိတ်ဝင်သွားကြတာများပြီး ဒီဂိမ်းမှာဆိုရင်လည်း အဲဒီလိုမျိုး အဖြစ်ပျက်ကို ပထမ Intro မှာတင်မြင်တွေ့ရမှာပါ။ ဘာလို့လဲဆိုရင် စစခြင်း ရထားဝင်တိုက်ခံရတဲ့ မြင်ကွင်းကနေ တစ်ဆင့် အသိစိတ်ဝင်သွားတာမလို့ ရထားပေါ်ရောက်တဲ့ အချိန်မှာတော့ အိမ်မက်ကို အိမ်မက်မှန်း သိနေနှင့်ပြီးသားဖြစ်နေတာဟာ အတော်လေးသဘာဝကျပါတယ်။ 
ဒီလိုမျိုး အိမ်မက်ထဲမှာ Conscience အသိစိတ်ရှိသွားတာက လွယ်တော့မလွယ်ကူပါဘူး။ ဘာလို့ဆိုရင် ဒီ ရုတ်တရက်ဖြစ်ပျက်တဲ့ Accident အခြေနေတွေကြောင့် အိမ်မက် မက်နေတဲ့သူဟာ လက်မခံနိုင်ရင် လန့်နိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် တခြား ပုံရိပ်ကို ကူးပြောင်းသွားတာတွေမျိုးပေါ့။ ပြောချင်တာက ဒီဂိမ်းက ဘယ်လောက်ထိ သေချာ ပြင်ဆင်ထားတယ်ဆိုတာကို အံ့ဩမိတာပါ။ နောက်တစ်ချက်က အရောင်ဖြစ်တဲ့ Color တွေဖြစ်ပြီး အိမ်မက်တိုင်းမှာ Color အရောင်တွေကို အများစုဟာ မမှတ်မိတတ်ကြပါဘူး။ အဲအချက်ကိုလည်း ဒီဂိမ်းက အံ့ဩစရာကောင်းအောင် သေချာပြင်ဆင်ပေးထားပြီး Setting Option ထဲမှာ Black and White Color Filter ကို ထည့်ပေးထားတာဟာ အကြောင်းမဲ့သက်သက် မဟုတ်ဘဲ တကယ် အိမ်မက်ကို အိမ်မက်အစစ်အတိုင်း ကစားစေချင်လို့ သေချာ ထည့်ပေးထားတာပါ။ 
ကုန်ကုန်ပြောရရင် တကယ်အိမ်မက်နဲ့ပတ်သတ်တဲ့ Vibe မျိုးကို သေချာဖန်တီးပေးထားတာမလို့ အရမ်းသဘောကျတယ်။ Game တစ်ခုအနေနဲ့မလို့ Level ဒီဇိုင်းတွေပါဝင်တာဟာ အိမ်မက်နဲ့မတူပေမယ့် ရသမြောက်အောင်လို့ Combine လုပ်ပြီး ဖန်တီးနိုင်တာကိုက ချီးကျူးစရာကောင်းတာပါ။ အဲဒါကိုမှ Puzzle ဆန်ဆန်နဲ့ စွန့်စားခန်းပုံစံ ထုတ်ပေးလိုက်တာဟာ တခြားဂိမ်းတွေနဲ့ မတူအောင်ကို Unique ဖြစ်တာပါ။ မင်မင်ကတော့ ကစားကို ကစားကြည့်စေချင်တယ်။ 

[ - Paid Game ဖြစ်တဲ့အပြင် In Game Purchased ဖြစ်တဲ့ DLC တွက်ပါ Unlock လုပ်ပြီးသားပါ - ]

Game Information

Android version 5 . 1 +
Developer KIDAPP
Network Offline
Price 0.99 $
App version 3.2.5
Release date May 10, 2022
Platform Android /iOS

⭐ ( HELLO Rating = 9 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES