Zombie Catchers

° ဂိမ်းတွေအများကြီးရှိပေမယ့် ဒီဂိမ်းလောက် အထာကျတာ အတော်ရှားပါတယ်။ Zombie လို့ပြောလိုက်တာနဲ့ လူအများစုက ကြောက်တဲ့သူတွေလည်း ရှိသလို ၊ သေနတ်နဲ့ အားရပါးရ ပြန်ပစ်မယ်ဆိုတဲ့သူတွေလည်း ရှိပါတယ်။ အခုထက်ထိ Zombie နဲ့ ပတ်သတ်ရင် ရုပ်ရှင်တွေရော ၊ ဂိမ်းတွေမှာပါ အကုန် ဖြေဆေးလိုက်ရှာတာနဲ့ Survive လုပ်တာ‌တွေဘဲ ပတ်ချာလည်နေတာပါ။ ဒါပေမယ့် အခုဂိမ်းလေးမှာတော့ အဲဒီ Zombie Apocalypse ကြီးကို Business ဆန်ဆန် စီးပွားရေးလှည့်ကွက်နဲ့ အသုံးချပြီး တားဆီးသွားတာ ဘယ်သူမှကို လိုက်မမှီတော့တာပါ။ ဘယ်သူကလဲ တွေးမိမှာလဲ ? Zombie တွေကို ဖျော်ရည် Juice လုပ်ရောင်းလို့ရမယ်ဆိုတာ ဒီဂိမ်းနဲ့ကျမှဘဲ ‌တွေးကြည့်မိတော့တယ်။ အဲတော့ အစားခံရမယ့် အတူတူ သေနတ်နဲ့ လိုက်ပစ်မနေတော့ဘဲ ဖမ်းပြီးတော့ ဖျော်ရည်၊ ပီဇာ‌ တွေဘဲလုပ်ရောင်းပစ်ရမယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game ရဲ့ ဇာတ်လမ်းအသွင်ယူထားတာကိုက တခြားဂိမ်းတွေနဲ့မတူဘဲ အရမ်းမိုက်တာပါ။ ကမ္ဘာကြီးမှာ Virus တွေပြန့်ပြီး Zombie ကပ်ဘေးစိုက်နေတယ်ဆိုတာ သိလိုက်ရတော့ ဂြိုလ်သားဖြစ်တဲ့ A.J နဲ့ Bud က လူသားတွေကို ကယ်တင်တာထက် သူတို့ရဲ့ စီးပွားရေးအကွက်ကို စရွေ့တော့ပါတယ်။ ဘာလုပ်ကျလဲဆိုရင် သူတို့ရဲ့ အထူးဓာတ်ခွဲခန်းက Formula တွေနဲ့ Zombie တွေကို ဖန်ပုလင်းထဲထည့်ပြီး ဖျော်ရည်ဖန်တီးကျတာပါ။ Alien Tech ဆိုတော့ လူသားတွေအနေနဲ့ ဘယ်နားလည်မှာ မဟုတ်ပေမယ့် သူတို့ ဖန်တီးတဲ့ ဖျော်ရည်တွေကတော့ အမျိုးစားအစုံနဲ့ Smoothie ဆိုတဲ့အတိုင်း အရည်ပြစ်ပြစ်လေးနဲ့ကို ထုတ်လုပ်ပေးထားတာပါ။ အဲဒီ ဖျော်ရည်တွေကို မြေအောက်ခန်းကနေ တစ်ဆင့် အပေါ်က ဆိုင်ဆီကို Auto ပို့ကျပြီး လူတွေကို ဖျော်ရည်ဆိုင်အသွင်နဲ့ ရောင်းချကျတာပါ။ အဲဒါကြောင့် ပိုက်ဆံလည်း ရ ၊ Zombie လည်း ရှင်းဆိုတော့ ကွက်တိဖြစ်တာပေါ့။ ဖျော်ရည်တစ်ခုတည်းမဟုတ်ဘူးနော် Level တက်လာရင်  ပီဇာတွေ ပေါက်ဆီတွေပါ လုပ်ရောင်းလို့ရတယ်။ 
ကစားရမယ့် Gameplay ပုံစံကလည်း 2D Platformer ကိုမှ A.J နေရာကနေ Zombie တွေကို လိုက်ဖမ်းပေးရမှာပါ။ အပေါ်မှာပြောခဲ့သလို ဖျော်ရည်ထုတ်ဖို့ရာ Zombie တွေကို လိုအပ်တယ်ဆိုတော့ Zombie အများစုရှိနေတဲ့ နေရာကို A.J နဲ့ Bud က လိုက် Hunting လုပ်ကျပြီး ဘာနဲ့မျှားလဲဆိုရင် Zombie တွေကြိုက်တဲ့ ဦးနှောက်တွေနဲ့ တွင်းထဲက‌နေ Zombie တွေ ထွက်လာအောင် လုပ်ကျတာပါ။ ထွက်လာတာနဲ့ ကြိုးမြှားနဲ့ ပစ်ဖမ်းရမှာဖြစ်ပြီး လွတ်မသွားအောင်လဲ ဂရုတစိုက်ဖမ်းပေးရမှာပါ။ သေနတ်တွေကို Upgrade မြှင့်တင်လို့ရသလို ပိုက်ကွန်သေနတ်ကော ၊ မေ့ဆေးသေနတ်တွေပါ အစုံ သုံးလို့ရပါတယ်။ ကျန်တာကတော့ Accessories အနေနဲ့ A.J ကို Skin ဝတ်ပေးလို့ရတာပါ။ ဖမ်းမိတဲ့ Zombie အမျိုးစားအလိုက် ဖျော်ရည်ရောင်းချရတဲ့ ဈေးနှုန်းဟာလည်း ကွာခြားတာဆိုတော့ Map တွေ အားလုံးပွင့်အောင် အားရပါးရ ကစားရမှာပါ။ Zombie များများ ဖမ်းနိုင်လေ လုပ်ငန်းပိုတွင်ကျယ်လေမလို့ ပျော်ပျော်ကြီးကို Zombie တွေလိုက်ဖမ်းရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Old Game လေးဆိုပေမယ့် အခုထိ Admin ကတော့ အရမ်းသဘောကျတယ်။ သေချာစဉ်းစားကြည့်ရင် ဒီဂိမ်းက Life Cycle ပုံစံလေး ဖန်တီးထားတာပါ။ ဘာလို့လဲဆိုရင် ဂြိုလ်သားတွေက Zombie တွေကို လိုက်ဖမ်းသလို Zombie တွေကလည်း လူသားတွေကို လိုက်စားနေကျတာပါ။ အဲဒါကိုမှ ဂြိုလ်သားတွေကလည်း အမြတ်ထုတ်ပြီး လူသားတွေကို ပြန်ရောင်းတာဆိုတော့ ဒီဂိမ်းထဲမှာ ဂြိုလ်သားတွေက အတော်လေးပွတာပါ။ တစ်ဖက်ကကြည့်ရင်လည်း Zombie Apocalypse ကြီးကို ရှင်းပေးနေသလို ၊ Business ဘက်ကကြည့်ရင်လည်း လူသားတွေဆီကနေ အားရပါးရကို ပိုက်ဆံ အမြတ်ထုတ်နေတာပါ။ 
ဘယ်လိုဘဲနေနေ ဒီဂိမ်းကို ဖန်တီးထားတာလေးက အရမ်း သဘောကျစရာကောင်းသလို အရမ်းလည်း Smart ဖြစ်ပါတယ်။ Gameplay ကစ ကစားသူတွေကို ဆွဲဆောင်တာမလို့ ဘယ်ဘက်ကနေကြည့်ကြည့် Casual Game ကောင်းလေးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ 
( Mod ထည့်ပေးထားတာမလို့ ပိုက်ပိုက်တွေ အများကြီးနဲ့ စိတ်ကြိုက် လက်နက်တွေ ဝယ်လို့ရမှာပါ )

Game Information

Android version 4 . 2 +
Developer Deca Games
Network Offline
Price Free
App version 1.30.30
Release date Jan 27, 2016
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Giant Dancing Plushies•         မကြာသေးခင်ကမှ ထွက်ထားတဲ့ ဒီ GAME လေးက Admin တွက်တော့ တကယ်ကို ထူးဆန်းမိတယ်။ ပြောရရင် Gameplay ကိုက ဆော့ရတာ ​တစ်မျိုးကြီးဖြစ်နေပေမယ့် Beat နဲ့တင် သဘောကျသွားမှာသေချာတယ်။ အထင… Read More
  • Agent Z       ဒီ Game လေးက Shooter အမျိုးစားဖြစ်ပြီး Action အခန်းတွေ အတော်လေးထည့်ပေးထားတဲ့ Game ကောင်းလေးပါ။ Action Move ပုံစံနဲ့ ဆော့ရမှာဖြစ်ပြီး Mission တိုင်းကလည်း ထပ်မနေပါဘူး။ Physics… Read More
  • Kick King       ဟိုအရင်က ပါးချတဲ့ GAME တင်ပေးပြီးသွားပြီဆိုတော့ ဒီတစ်ခါတော့ ဖင်ချရမယ့် Game ကို ထပ်တင်ပေးလိုက်ပါတယ်။ ချတာ မှ သိုင်းကွက်တွေထုတ်ပြီး Doctor Strange လို မှေ… Read More
  • Truck It Up         ဒီ ရက်ပိုင်း Admin တော့ PvP တွေကြောင့် လောင်နေရပြီး မလောင်မယ့် Game လေးတွေဘဲ ဆော့ဖြစ်နေတယ်။ အဲထဲကမှ ဒီ Game လေးက ads ကနေ မထင်မှတ်ဘဲ တွေ့ခဲ့တာဖြစ်ပြီး တကယ်ကို အပျင်းပြေစေတဲ့… Read More
  • Brawlhalla Mobile        ဒီ game က Steam , Xbox, Nitendo Switch နဲ့ PS4 တို့မှာ အသီးသီးထွက်ခဲ့ပြီး ဒီတစ်ခါတော့ Mobile ပေါ်ရောက်ရှိလာပါပြီ။ တကယ်ကို ပျော်စရာကောင်းပြီး ဆော့ရတာ ဆွဲဆောင်မှုရှိတဲ့ Game … Read More

Comments

လူကြည့်အများဆုံး GAMES