Train Simulator Pro USA

° ဒီတစ်ခါ ထွက်လာတဲ့ ဂိမ်းသစ်လေးကတော့ Simulator သမားတွေ ဝမ်းသာစေမယ့် Train Simulator ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး တကယ်ကို Graphic ကောင်းကောင်းနဲ့ Open World ပုံစံ ထွက်ရှိလာတာကြောင့် လုံးဝကို အကြိုက်တွေ့စေမှာပါ။ Size နဲ့လိုက်အောင် Realistic ကျကျ မောင်းနှင်ရမှာဖြစ်တာကြောင့် ရထားမောင်းချင်တဲ့သူကော ၊ စီးချင်တဲ့သူတွေတွက်ပါ လုံးဝကို လက်မလွတ်သင့်တဲ့ ဂိမ်းသစ်လေးတစ်ခုပါ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က Simulator အမျိုးစားဆိုတော့ မောင်းရတာကစ အပြင်မှာ ထိန်းချုပ်နေရသလိုမျိုးထိ Control ပိုင်းကို ဖန်တီးပေးထားတာပါ။ အရှေ့အနောက် ၊ အရှိန်မြှင့်တာ အပြင် Break System 2 မျိုးနဲ့ပါ ထည့်ပေးထားတာကြောင့် မောင်းရတာ စစခြင်းမှာတင် မျက်စိလည်နေတတ်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း နားလည်သွားမှာဖြစ်တာကြောင့် အကွေ့တွေမှာ Break Speed ထိန်းတာတွေကစ အဆင်ပြေသွားမှာပါ။ 
ဘာလို့လဲဆိုရင် ဒီဂိမ်းမှာ ပါဝင်တဲ့ Mission အမျိုးစားတွေက တကယ်ကို Challenge ဖြစ်ပါတယ်။ ကုန်တင်နဲ့ ခရီးသည်တင် နှစ်မျိုးခွဲပေးထားပြီး ခရီးတို ၊ ခရီးဝေးတွေထိ မောင်းနှင်လို့ရမှာပါ။ နေ့ညပါဝင်တာကြောင့် ရထားနဲ့ပတ်သတ်တဲ့ အဝေးမီး ၊ အတွင်းမီးတွေအပြင် မိုးရွာတာတို့ ရာသီဥတု ဆိုးဝါးတဲ့ အခြေနေမျိုးမှာတောင် မှန် Auto သုတ်ပေးတာတွေထိ အကုန် စုံနေအောင် ထည့်ပေးထားတာပါ။ Camera ပိုင်းမှာ Main အပြင် Inside ဖြစ်တဲ့ အတွင်းထဲကနဲ့ Cinematic ဖြစ်တဲ့ ရိုက်ကွင်း View အမျိုးမျိုးတွေကိုပါ ပြောင်းလဲလို့ရပါတယ်။ 
ရထား ခေါင်းပိုင်းနဲ့ပတ်သတ်ပြီး လျှပ်စစ်ခေါင်း ၊ ဒီဇယ်ခေါင်းတွေအပြင် ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ Classic ရထားခေါင်းကြီးတွေထိပါ ပါဝင်ပါတယ်။ ဒီနေရာမှာ တစ်ခုသိထားရမှာက ရထားခေါင်းတွေရဲ့ Max Speed နဲ့ Mass တွေကိုပါ သေချာကြည့်တတ်ဖို့လိုပါတယ်။ အကြောင်းကတော့ နောက်တွဲတွေကပါ ပုံစံမျိုးစုံနဲ့ Mission ပေါ်မူတည်ပြီး ဆွဲသွားရမှာမလို့ပါ။ နောက်တွဲတွေနဲ့ပတ်သတ်ပြီး ခရီးသည်တင်တဲ့ အတွဲတွေအပြင် ၊ စက်ပစ္စည်းတွဲ ၊ ဆီတွဲ၊ ဆောက်လုပ်ရေးတွဲ၊ စပါးသယ်တဲ့အတွဲတွေထိ မျိုးစုံရှိပါတယ်။ အဲဒီအတွဲတွေကို များများဆွဲ‌နိုင်ဖို့ဆိုရင် စက်ခေါင်းက Strong ဖြစ်နေမှ အဆင်ပြေမှာဖြစ်တာကြောင့် ရထားမောင်းချင်တဲ့သူတွေအတွက်တော့ တကယ်ကို Detail ဖြစ်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ Graphic ပိုင်းလည်း လှည့်ကြည့်စရာမလိုအောင် အသံထွက်ပိုင်းတွေကစ ပြည့်စုံတာကြောင့် ကစားကြည့်ကြဖို့ရာ Recommend ပေးပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin ကတော့ ရထားနဲ့ပတ်သတ်တဲ့ ဂိမ်းတွေဆိုရင် အပြင်မှာကော ဂိမ်းထဲမှာပါ အရမ်းသဘောကျတာ။ အရင်က Train Sim Game သေးလေးတွေကစ မောင်းရင်းနဲ့ ပတ်ဝန်းကျင်ကို Feel တတ်တဲ့ အကျင့်ရှိတာကြောင့် အခုဂိမ်းကတော့ Admin အတွက် Special တစ်ခုလိုဘဲ။ ဘာလို့လဲဆိုရင် Graphic လှတာထက် Map Density သိပ်သည်းစ များတာကြောင့် သစ်ပင်တွေ ချုံတွေ တကယ်ကို ထူထူထပ်ထပ်နဲ့ ပတ်ဝန်းကျင်အလှကို ခံစားရင်း မောင်းလို့ရတာပါ။ ရထားသံတွေ ၊ တွဲချိန်းအသံတွေကစ ကောင်းကောင်းလေး လုပ်ပေးထားတော့ နားကြပ်နဲ့ဆို လုံးဝကို ငြိမ့်နေတာဘဲ။
နောက်ထပ် Admin သဘောကျတာက ဒီဂိမ်းက တစ်ခါလေ Realistic ကျလွန်းတဲ့ထိ Mission လုပ်ခိုင်းတာမျိုးတွေရှိပါတယ်။ ပုံမှန်ဆိုရင် အများစုရဲ့ စိတ်ထဲမှာ ရထားက ရှေ့ဘဲ မောင်းနေကြတယ်လို့ ခံစားရတာပါ။ တကယ်တန်းကြ ရထားစက်ခေါင်းတွေက Two Way သွားလို့ရတာကြောင့် Forward ဖြစ်ဖြစ် Backward ဖြစ်ဖြစ် မောင်းနိုင်စွမ်းရှိပါတယ်။ Classic ရထားနဲ့ အထူးရထားတွေကလွဲရင် ကျန်တဲ့ ရထားအများစုက ခေါင်းနှစ်ဖက် ပါဝင်ကြတာပါ။ 
အဲဒီတော့ Mission က တစ်ခါလေ ကိုယ်သွားမယ့် နေရာကို အရင်မကြည့်မိဘဲ တွဲမှားထိုးမိရင်တော့ V ပြောင်းပြန် သံလမ်းမျိုးတွေနဲ့ကြုံခဲ့မယ်ဆိုရင် တကယ်ကို ခက်ခဲပါတယ်။ အဲကြ V အချိုးမှာ ကွေ့လို့အဆင်မပြေတာကြောင့် နောက်ပြန်ကြီးဘဲ မောင်းရမလား တွဲဖြတ်ပြီးဘဲ မောင်းရမလား ၊ အစကဘဲ ပြန်စရမလား အတော်ကိုအကြပ်ရိုက်ပါတယ်။ အခုမှ စဆော့မယ့်သူတွေဆိုရင် သံလမ်းချိန်းတာလေးတွေကို သတိထားစေချင်တယ် ။ မဟုတ်ရင် အရှိန်လွန်ပြီး ဟိုမရောက်ဒီမရောက်တွေ ဖြစ်ကုန်မှာ။ ဒီတော့ Admin ကတော့ Relaxing လုပ်ချင်တဲ့သူဖြစ်ဖြစ် ရထားမောင်းချင်တဲ့သူ‌ဖြစ်ဖြစ် တကယ်ကို ဂိမ်းကောင်းလေးတစ်ခုလို့ အကြံပေးချင်တယ်။ Game အသစ်မလို့ Bug error လေးတွေတော့ သည်းခံပေးပေါ့။ 
[ $ - Mod ပေးထားတာမလို့ Shop ထဲမှာ ရှိသမျှပစ္စည်းအကုန်လုံးကို Free Purchased လုပ်လို့ရပါတယ်။ Unlimited Money မဟုတ်တော့ ကိုယ်လိုချင်သလောက်ဘဲ Shop ထဲမှာ အလကားသွားသွားယူလို့ရတာ တကယ်အဆင်ပြေတယ်။ - $ ]

Game Information

Android version 5 . 1 +
Developer Mageeks Apps & Games
Network Offline
Price Free
App version 1.0.3
Release date Dec 1, 2022
Platform Android

⭐ ( HELLO Rating = 8.3 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES