Ancient Gods

° ဒီတစ်ခါ ဂိမ်းသစ်လေးကတော့ Admin အဆော့နည်းတဲ့ Card Game အမျိုးစားတစ်ခုဖြစ်တာတောင် နေ့တိုင်းဝင်ဆော့ နေမိတဲ့ထိ အရမ်းကောင်းတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ Turn Based RPG အမျိုးစားကိုမှ Strategy ပုံစံနဲ့ ကစားရမယ့်အပြင် ဂိမ်းရဲ့ နောက်ခံ Story နဲ့ Graphical Art ဒီဇိုင်းတွေကိုက Offline ဂိမ်းတစ်ခုလို့ မထင်မှတ်ရလောက်အောင်ထိကို အတော်လေး လှပတာပါ။ အထူးသဖြင့် နတ်ဘုရားတွေအများကြီးကို တစ်နေရာတည်းမှာ အစုံတွေ့ရမှာဆိုတော့ Card Game တွေ Turn Based Strategy အမျိုးစားတွေကို သဘောမကျတဲ့သူတောင် စိတ်ဝင်စားသွားစေမယ့် ဂိမ်းကောင်းတစ်ခုပါ။ ဇာတ်လမ်းကလည်း တကယ်မိုက်တာကြောင့် ဆော့ကြည့်သင့်ပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

အရင်ဆုံး ဒီဂိမ်းလေးရဲ့ ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဟိုးအရင် ရှေးခေတ်ကတည်းက ကမ္ဘာမြေကြီးကလွဲပြီး ကျန်တဲ့ စကြဝဋာအတွင်းထဲက ဂြိုလ်တွေအများစုမှာ နေထိုင်ကြတဲ့သူတွေဟာ သူမတူတဲ့ စွမ်းရည်တွေကိုယ်စီ ရှိခဲ့ကြတာပါ။ တစ်နေ့ကြတော့ နေမင်းကြီးက အဲဒီဂြိုလ်တွေအားလုံးကို မီးလောင်တိုက် ဖျက်ဆီးခဲ့ပြီး လွတ်မြောက်လာတဲ့ မျိုးနွယ်စုတွေကတော့ နောက်ဆုံးကျန်နေတဲ့ ကမ္ဘာမြေကြီးဆီကို ဝင်ရောက်ခိုလုံခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ လူသားတွေဟာလည်း ဘာအစွမ်းစမှ မရှိ‌သေးတာကြောင့် တခြားဂြိုလ်က ရောက်လာတဲ့ မျိုးနွယ်စုတွေဟာ အချင်းချင်း စည်းလုံးပြီး နေမင်းကြီးရဲ့ မီးလောင်တိုက်သွင်းမှုကို အတူတူ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ 
ဒါပေမယ့် အဖြစ်ပျက်တွေ ပြီးသွားတဲ့နောက်ပိုင်းမှာတော့ အဲ့ဒီမျိုးနွယ်စုတွေဟာ သူ့ဒေသနဲ့သူ ကမ္ဘာမြေကြီးကို ကြီးစိုးသွားခဲ့ပြီး လူသားတွေဟာ ကျွန်သဖွယ်ဖြစ်လာခဲ့ကြပါတယ်။ အထူးသဖြင့် သူ့တို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကြောင့် လူသားတွေအတွက်တော့ ဒီမျိုးနွယ်စုတွေဟာ နတ်ဘုရားသဖွယ်ဖြစ်လာခဲ့ကြတာပါ။ ဒီလိုနဲ့ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲလာမှုကို နတ်ဘုရားတွေကလည်း ကြာကြာ မထိန်းထားနိုင်ကြတော့ဘဲ နောက်ဆုံးမှာတော့ လူသားတွေရဲ့ ပထမဦးဆုံး စွမ်းရည်‌တွေနဲ့ မွေးဖွားလာတဲ့ ညီမသုံးယောက် ပေါ်ထွက်လာခဲ့ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက သူတို့ရဲ့ စွမ်းရည်တွေဟာ တခြားနတ်ဘုရားတွေရဲ့ စွမ်းရည်အတိုင်း ပုံတူပွားနိုင်တာကြောင့် လူသားတွေရဲ့ ကမ္ဘာ‌ကြီးကို ပြန်လည် သိမ်းပိုက်မှုဟာ ဒီဂိမ်းရဲ့ Journey အဖြစ်နဲ့ စတင်ခဲ့တာပါ။ 
Gameplay ကတော့ Turn Based Strategy Cards Game ဆိုတဲ့အတိုင်း တစ်ဖက်ရန်သူနဲ့ သုံးခါတစ်လှည့်စီ တိုက်ခိုက်ပေးရမှာပါ။ အသုံးပြုနိုင်တဲ့ Cards အမျိုးစားပေါင်း 300 ကျော်ထိ ပါဝင်တဲ့အပြင် ဒီဂိမ်းမှာ ကိုင်ဆောင်လို့ရတဲ့ Character ပေါင်း အယောက် 30 ကျော်ထိတောင် ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အသုံးပြုနိုင်မယ့် Ability ခြင်းကလည်း ကွာခြားအုံးမှာပါ။ အကုန်လုံးက နတ်ဘုရားတွေဖြစ်တာနဲ့အညီ Character တွေကိုလည်း Gacha စနစ်နဲ့ဘဲ ရရှိမှာဖြစ်ပါတယ်။ ဆင်တူတဲ့ Character တွေကိုတော့ Enhance လုပ်ဆောင်နိုင်မှာဖြစ်ပြီး Story Adventure အတွက်လည်း အရမ်းအရေးပါတဲ့ အစိတ်ပိုင်းတစ်ခုပါ။ စုစုပေါင်း Training Map အပါဝင် မြေပုံ 5 ခု ပါရှိပြီး မတူညီတဲ့ ဒေသတွေဆီက နတ်ဘုရားတွေကို သွားရောက်ယှဉ်တိုက်ခိုက်ရမယ့် ဂိမ်းကောင်းတစ်ခုပါ။ 
Card Game ဖြစ်တာနဲ့အညီ နောက်ထပ် ပါဝင်တဲ့ Spell Features တွေပါ ပိုပြီး မြင်တွေ့ရအုံးမှာပါ။ အလွယ်ပြောရရင် Card တစ်ခုရဲ့ လိုအပ်တဲ့ အကြိမ်အရေတွက် လျော့ချတာတွေ ၊ ဖျက်ဆီးတာတွေ ၊ ပေါင်းစပ်တာတွေအပြင် နောက်ထပ် Card တွေရဲ့ 0 Cooldown အားသာချက်တွေကိုပါ Strategy ကျကျ သေချာအသုံးပြုပေးရမှာဘဲ ဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါးအတိုင်း နိုင်ရာနိုင်ရာကိုဘဲ Cycle အတိုင်း အားသာသွားမှာဖြစ်တာကြောင့် အသုံးပြုမယ့် နတ်ဘုရားတွေကိုစ သေချာ ကိုင်ဆောင်သင့်ပါတယ်။ Classes အလိုက် Support, Attack အပိုင်းတွေတင်မကဘဲ Electromancer , Pyromancer တွေထိပါ Skills List ပေါင်း များစွာကို Battle မစခင် သေချာ ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ 
Game က Adventure ဆန်တာကြောင့် Journey မှာ Choice List တွေ ကြုံတွေ့ရမှာဖြစ်ပြီး Option 3 ခုထဲက ရန်သူ ဒါမှမဟုတ် Mystery ဖြစ်တာတွေကို အဖြေရှာလို့ရပါတယ်။ တစ်ခါတလေ Dice ခေါက်ပြီးတော့ပါ ရွေးချယ်ရတတ်ပါတယ်။ ခရီးစတင်တာနဲ့ ပြန်လှည့်လို့မရတာကြောင့် Survival ဆန်ဆန် Final Boss အထိ မရောက်မချင်း ဂိမ်းက ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အဲ့ဒီလိုဘဲ HP ကလည်း ရန်သူတစ်ခါသတ်ပြီးတိုင်း ပြန်ပြည့်လာမှာ မဟုတ်တာကြောင့် သွေးဖြည့်နိုင်မယ့် Camping Option တွေ ဒါမှမဟုတ် Shop Option တွေကို အမိရ ရွေးချယ်နိုင်မှ တော်ရာကျမှာပါ။
ဒါက Adventure Mode သာဖြစ်ပြီး နောက်ထပ် Endless အခန်းတွေအပြင် Challenge Mode ဖြစ်တဲ့ သက်ဆိုင်ရာ နတ်ဘုရားတွေကိုပါ ထိပ်တိုက် ရင်ဆိုင်လို့ရပါသေးတယ်။ Background Graphic နဲ့ပတ်သတ်ပြီး အတော်လေး ကြည့်ကောင်းတာကြောင့် Character ဒီဇိုင်းပိုင်းတွေကစ 2D ပုံသေကြီးတွေအတိုင်းမဟုတ်ဘဲ Animation တွေနဲ့ လှုပ်လှုပ်ရှားရှားလေး ဖန်တီးပေးထားတာပါ။ Card Game တစ်ခုအနေနဲ့ ဆော့ပျော်စေတာကြောင့် ကစားကြည့်ကြဖို့ရာ အကြံပေးပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

ဒီဂိမ်းရဲ့ ဇာတ်လမ်းက လွတ်လွတ်လပ်လပ် တွေးခေါ်မယ်ဆိုရင် အတော်လေးစိတ်ဝင်စားစရာပါ။ ဒီထဲမှာ ပါတဲ့ နတ်ဘုရားတွေဖြစ်တဲ့ ဇူးတို့ ၊ အီဂျစ်နတ်ဘုရားတွေအကုန်လုံးက ဒီကမ္ဘာမြေက မဟုတ်ဘဲ တခြားကမ္ဘာက ဂြိုလ်သားတွေဖြစ်နေတာကြောင့် လူသားတွေထက် သာလွန်တဲ့ စွမ်းရည်တွေရှိနေတာမျိုးကို ဖော်ပြထားတာပါ။ ကိုယ်မလုပ်ယူနိုင်တဲ့အရာတစ်ခုကို အံ့ဩစရာကောင်းအောင် ဆောင်ရွက်နိုင်တဲ့အရာမှန်သမျှကို လူသားအများစုက ဆရာ ဒါမှမဟုတ် နတ်ဘုရား နတ်တွေအဖြစ် မှတ်ယူတတ်ကြပါတယ်။ အဲ့ဒါကြောင့် တစ်ခါလေ သဘာဝလွန်ပညာရပ်တွေ၊ ဖြစ်ရပ်တွေအကုန်လုံးက ဒီကမ္ဘာမြေကဘဲလား ဒါမှမဟုတ် တစ်ခြားကနေ လက်ဆင့်ကမ်းလာ‌တာတွေလားဆိုတာက စဉ်းစားစရာပါ။ Chemical အရ တစ်ချို့သော ဒြပ်စင်တွေတောင် ဒီကမ္ဘာမှာ မတွေ့ရနိုင်တာကြောင့် တစ်ချို့သောအရာတွေဟာလည်း ဒီကမ္ဘာမှာ ရှားရှားပါးပါးတွေ ‌ဖြစ်နေနိုင်ပါသေးတယ် ။ လူသားတွေကလည်း ထူးဆန်းရင် အကုန်စိတ်ဝင်စားတတ်တာဆိုတော့ တစ်ခါတလေ ကိုယ်တွေရဲ့ ကမ္ဘာမြေက တခြားသူတွေရဲ့ လှည့်ဖြားမှုအောက်တွေမှာ အစမ်းသပ်ခံဖြစ်နေမလားဆိုတာ တွေးမိပါသေးတယ်။ ဒါက မင်မင် သဘောအဖြစ်ပြောတာမလို့ စိတ်ထဲမထားဘဲ ဘဝင်မယူကြပါနဲ့နော်။ 
Game လေးဘက်ကို ပြန်ဆက်ရရင် မင်မင်ကတော့ သဘောကျတယ်။ Offline ဖြစ်နေလို့ကို သဘောကျတဲ့အပြင် Character ဒီဇိုင်းတွေ ၊ UI အပြင်ဆင်တွေကစ အတော်လေး လန်းတာကြောင့် ဆော့ရတာ ကျေနပ်စရာကောင်းတယ်။ အစပိုင်းတော့ Card တွေအကုန်လုံးကို နားလည်အုံးမှာ မဟုတ်ပေမယ့် တဖြည်းဖြည်းဆော့လာရင်း ကျင့်သားရသွားစေမှာပါ။ စာလည်းရှည်ပြီဆို‌တော့ ဒီလောက်နဲ့ဘဲ ဂိမ်းကောင်းလေးတစ်ခုလို့ အကြံပေးပါတယ်နော်။ 

Game Information

Android version 5 . 0 +
Developer Hexpion
Network Online
Price Free
App version 1.2.7
Release date Nov 22, 2022
Platform Android / iOS

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Shadow Hunter Lost World° ဒီတစ်ခါ Suprise အနေနဲ့ အသစ်ထွက်လာတာလေးကတော့ Shadow Hunter ရဲ့ Premium version အနေနဲ့ ထွက်လာတဲ့ Hack and Slash Game ကောင်းလေး တစ်ခုပါ။ အရမ်းမိုက်တာက R$ 14.99 နဲ့ ရောင်း… Read More
  • UNDECEMBER ( Beta )° ဒီတစ်ခါ CBT အနေနဲ့ အသစ်ထွက်လာတဲ့ Game ကြီးက‌ တောင်ကိုရီးယားအခြေစိုက် LINE Games ကုမ္ပဏီကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Hack & Slash RPG အမျိုးစားဖြစ်တာကြောင့် အရမ်းသဘောကျ… Read More
  • Animus Revenant             ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game ကတော့ တောင် Korea အခြေစိုက် Developer ဖြစ်တဲ့ TENBIRDS ကနေ ထုတ်လုပ်ပေးထားပြီး Animus Title ရဲ့ တတိယမြောက် Paid Game အဖြစ်နဲ့ Mobile မှာတ… Read More
  • KonoSuba Fantastic Days             လောလောဆယ် Global ကို Official Release မလုပ်သေးပေမယ့် Australia မှာတော့ ဒီ Game လေးကို စတင်ကစားလို့ရနေပါပြီ ။ Korea အခြေစိုက် NEXON Company ကနေ ထုတ်လုပ်ပေးထားပြ… Read More
  • Maid Master° အခုဆိုရင် Korea Game လေးဖြစ်တဲ့ Maid Master လေးကတော့ English Language ကို Official ထည့်ပေးထားတာ‌ကြောင့် ပြန်ဆော့ကြည့်လို့ရနေပါပြီ။ အရမ်း Cute ဖြစ်လွန်းလို့ Anime Fan တ… Read More

Comments

လူကြည့်အများဆုံး GAMES