Aquarium Designer

° ဒီဂိမ်းသစ်လေးက ထူးထူးခြားခြားနဲ့ အတော်လေးဆွဲဆောင်မှုရှိပြီး PC ကနေ ဆင်းသက်လာတဲ့ ငါးမွေးမြူရေး Simulation ဂိမ်းကောင်းတစ်ခုပါ။ ငါးမွေးမြူရေးဆိုတာထက် ငါးအလှပြကန်တွေကို ဒီဇိုင်းစီမံပေးရတာလို့ ပြောရင် ပိုပြီး‌တော့ မှန်ပါလိမ့်မယ်။ သင်ကိုယ်တိုင်က ငါးအလှမွေးတာတွေကို သဘောကျရင်ဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် ငါးအလှမွေးတာကို လေ့လာချင်တဲ့သူတွေဘဲ ဖြစ်ဖြစ် တကယ်ကို Simulation တစ်ခုအနေနဲ့ ဗဟုသုတ‌လည်း ရစေပါတယ်။ ငါးမျိုးစိတ်တွေ ၊ အပင်မျိုးစိတ်တွေကိုပါ တစ်ခါတည်း လေ့လာခွင့်ရမှာဆိုတော့ Admin ကတော့ Try ကြည့်ဖို့ရာ အကြံပေးချင်တယ်။ ပြီးတော့ သာသာယာယာနဲ့ဘဲ ကစားရမှာဆိုတော့ Chill လို့လည်း ကောင်းတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Simulation ဂိမ်းတစ်ခုဆိုပေမယ့် Career ပုံစံလေးနဲ့ ကစားပေးရမှာပါ။ ဦးလေးရဲ့ ကမ်းလှမ်းမှုကြောင့် ငါးအလှကန် လုပ်ငန်းလေးကို စတင်ခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ အမိုက်စား ငါးကန်ကြီးတွေထိပါ ဒီဇိုင်းစီမံပေးရမှာပါ။ Customer တွေကလည်း ကိုယ့်ရဲ့ ဝန်ဆောင်မှုကောင်းရင်ကောင်းသလို အမြင့်ပိုင်းတွေဖြစ်တဲ့ စားသောက်ဆိုင်ကြီးတွေ ၊ Hotel တွေ ၊ ကုမ္ပဏီကြီးတွေနဲ့ ချမ်းသာတဲ့အသိုင်းဝိုင်းကြီးတွေထိတောင် လုပ်ငန်းလာအပ်ကြမှာမလို့ တကယ် စိတ်ဝင်စားစရာကောင်းပါတယ်။ 
လာအပ်တဲ့သူ များလေ ပိုက်ဆံပိုရလေဆိုပေမယ့် ပစ္စည်းဖိုးနဲ့ ကုန်ကျစရိတ်ကိုပါ ကာမိအောင် စီမံပေးရအုံးမှာပါ။ Customer ဘက်က လိုအပ်တာတွေကို List ပုံစံနဲ့ ချပြပေးမှာဖြစ်ပြီး ကိုယ့်ဘက်က အတတ်နိုင်ဆုံး ငါးကန်တစ်ခု ပြီးတဲ့အထိ ဒီဇိုင်းဆွဲပေးရမယ့်အပြင် နောက်ထပ် Customer ပိုစိတ်ကျေနပ်အောင်လို့ Extra List ရဲ့ သူတို့ သဘောကျတာတွေကိုပါ ရရင်ရသလို အကုန်ကျခံပြီး ဆင်ပေးရမှာပါ။ တစ်ခါတစ်လေ ကလေးတွေဆွဲထားတဲ့ ပန်းချီပုံထဲကအတိုင်း ပြင်ဆင်ပေးရတာမျိုးတွေပါ ပါဝင်တာကြောင့် အတော်လေးလဲ Challenge ဖြစ်တဲ့ ဂိမ်းတစ်ခုပါ။ 
Career Mode အနေနဲ့တော့ ဒါက လုပ်ငန်းတွေကို ဆက်တိုက်လက်ခံရင်း က‌စားပေးသွားရမှာဖြစ်ပြီး ကျန်တဲ့ ကိုယ်ပိုင် ငါးကန်ဖန်တီးမှုအပိုင်းမှာတော့ အတော်လေးကို Free ဖြစ်စေမယ့် Creation အပိုင်းတွေကို ပြုလုပ်နိုင်မှာပါ။ ငါးကန်နဲ့ ပတ်သတ်ပြီး Shape ပုံစံတွေကိုပါ ရွေးချယ်နိုင်တဲ့အပြင် အကြီး ၊ အသေးကစ လိုသလို ထိန်းညှိလို့ရပါတယ်။ ပြီးရင်တော့ ဒီဂိမ်းမှာ သဘောကျစရာကောင်းတဲ့အပိုင်းဖြစ်တဲ့ Realistic Mode နဲ့ Casual Mode အပိုင်းကို ရွေးချယ်ခွင့်ပေးထားတာပါ။
Realistic Mode မှာဆိုရင် သာမန် အပျော်တန်းငါးမွေးမြူတာမျိုးမဟုတ်တော့ဘဲ သေချာ အသေးစိတ် ဂရုစိုက်ပေးရတော့မှာပါ။ ဘာတွေလဲဆိုရင် ရေပမာဏတွေ ၊ အပူချိန် အနိမ့်အမြင့်တွေအပြင် ရေညစ်ညမ်းတာတွေကစ သေချာ ကြည့်ပေးရမှာပါ။ အခပ်မသင့်ရင် အပင်နဲ့ ငါးတွေပါ သေသွားနိုင်တာကြောင့် အစာပုံမှန်ကျွေးတာတွေထိ တကယ်ကို Challenge ဖြစ်စေပါတယ်။ ဆန့်ကျင်ဘက်ဖြစ်တဲ့ Casual Mode မှာတော့ လုံးဝကို ပေါ့ပေါ့ပါးပါး ကစားခွင့်ရမှာဖြစ်ပြီး ရေခမ်းသွားမှာလည်း ပူစရာမလိုသလို အပင်နဲ့ ငါးမျိုးစိတ်တွေ သေသွားမှာကိုပါ စိတ်ပူစရာမလိုပါဘူး။ 
Simulation ဆိုတော့ ပါဝင်တဲ့ အစိတ်ပိုင်းတွေက အတော်လေးကို စုံလင်ပါတယ်။ အလွယ်တကူ ပြောရရင်တော့ Hardscape အပိုင်းဖြစ်တဲ့ သန္တာကျောက် Decorations အပိုင်းတွေ ၊ Plants ဖြစ်တဲ့ ရေအောက် နွယ်ပင်နဲ့ ပန်းမျိုးစိတ်အစုံတွေ နောက်ပြီး Fish ဖြစ်တဲ့ ငါးမျိုးစိတ်အသီးသီးအပိုင်းတွေတင်မကဘဲ Utilities ဆိုတဲ့ Fliters , Heater တွေထိပါ ပစ္စည်းအစုံအလင်ကို ထည့်သွင်းပေးထားတာပါ။ အများစုက Level တက်ရင်း Unlock ဖြစ်လာမှာဆိုတော့ ပိုက်ဆံစုရင်း ကစားပျော်စေမယ့် ဂိမ်းတစ်ခုပါ။ Graphic နဲ့ Camera View တွေပါ ကောင်းမွန်တာကြောင့် တကယ်စိတ်ဝင်စားစရာကောင်းတဲ့ Simulation ဂိမ်းကောင်းလေးတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

အမှန်တိုင်းပြောရရင် မင်မင်ကလည်း ငါးမွေးတာနဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိမထားတော့ အများကြီး ရေးပေးချင်ပေမယ့် တတ်နိုင်သလောက် ကြိုးစားပေးထားပါတယ်။ ငါးမွေးဖူးတဲ့သူတွေအတွက်တော့ ဒီ ဂိမ်းက တကယ် Realistic ဖြစ်ရဲ့လားဆိုတာ ပိုခွဲခြားနိုင်ပေမယ့် မင်မင်တို့လို သာမန်လူတွေရဲ့ အမြင်မှာတော့ ဒီဂိမ်းက တကယ် ဆွဲဆောင်မှုရှိနေတာတော့ အသေချာဘဲ။ Simulation ဂိမ်းဆိုတာနဲ့ လယ်စိုက်တာတွေ ၊ ကားမောင်းတာတွေနဲ့ဘဲ ပိုရင်းနှီးခဲ့ကြတော့ အခုလို ငါးမွေးလို့ရမယ်မှန်း တကယ် မထင်ထားခဲ့မိဘူး။ အဲ့ဒါကြောင့် မင်မင်အတွက်တော့ ဒီဂိမ်းလေးက ထူးထူးခြားခြား ဖြစ်နေသလို အရမ်းလည်း သဘောကျမိတယ်။ ငါးမွေးရတာ ပျော်စရာကောင်းမှန်း တကယ်မသိခဲ့ဘူး။ 

Game Information

Android version 5 . 1 +
Developer Doublethink Games
Network Offline
Price Free
App version 1.0.0
Release date Nov 15, 2022
Platform Android

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Combat Master° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက USA အခြေစိုက် Developer ဖြစ်တဲ့ Alfa Bravo Inc ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး First Person Shooter Game ကောင်းလေးတစ်ခုမလို့ အရမ်းသဘောကျမှာပ… Read More
  • Sclerosis Mobileဒီတစ်ခါ အသစ်ထွက်လာတဲ့ Game က လုံးဝကို မထင်ထားသလို မင်မင်ကိုယ်တိုင်လည်း အရမ်းလည်း Suprise ဖြစ်မိတယ်။ PC ရဲ့ နာမည်ကြီး Horror Game တစ်ခုကို Mobile ပေါ်မှာ Full Experiment နီးနီးဆော့ရ… Read More
  • Grim Face Clown                ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Horror အမျိုးစားလေးဖြစ်ပြီး သူငယ်ချင်း သုံးယောက်ရဲ့ စွန့်စားခန်းကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ထိ ကစားရမှာပါ။ Gary , Ma… Read More
  • The Sun Key Of Heaven           ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးက The Sun Series ရဲ့ Title အသစ်တစ်ခုဖြစ်ပြီး Open World Survival အမျိုးစားမလို့ သဘောကျကြမှာပါ။ ယူကရိန်းနိုင်ငံ အခြေ‌စိုက် AGamin+ ကနေ … Read More
  • Hundred Days° အသစ်ထွက်လာတဲ့ ဒီ Game လေးက အရမ်းအရမ်းကို စိတ်ဝင်စားစရာကောင်းပြီး Wine ( ဝိုင် ) အကြောင်းကို အပြင်ကအတိုင်း သေသေချာချာလေး Simulation အနေနဲ့ ရာသီအလိုက် စိုက်ပျိုးချိန်တွေ… Read More

Comments

လူကြည့်အများဆုံး GAMES