LATEST NEWS

Fetching news...

Captivity Horror Multiplayer

Captivity Horror Multiplayer

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:
° ဒီတစ်ခါ Game အသစ်လေးကတော့ အားလုံး မျှော်လင့်နေကြတဲ့ ဂိမ်းတစ်ခုဖြစ်သလို မင်မင်ကိုယ်တိုင်လည်း မထင်ထားလောက်အောင်ကို အရမ်းသဘောကျမိတဲ့ ဂိမ်းကောင်းတစ်ခုလို့ ပြောရမှာပါ။ Single Offline ကော Online Multiplayer အနေနဲ့ပါ ကစားလို့ရတာကြောင့် သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး ဆော့မယ်ဆိုရင် ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် တခြားဂိမ်းတွေနဲ့မတူတာက Players အကုန်လုံးက ထောင်အကျဉ်းသားတွေအနေနဲ့သာ ကစားလို့ရပြီး လူသတ်သမားက Computer AI ရဲ့ Difficulty အလိုက် ထိန်းချုပ်သွားမှာပါ။ အဲ့ဒါကြောင့် ဒီဂိမ်းမှာ ဝင်ကစားမယ့်သူတွေအကုန်လုံးက သားကောင်တွေကြီးဘဲမလို့ အတူတူ စည်းစည်းလုံးလုံးနဲ့ လွတ်မြောက်နိင်ဖို့ရာက ပိုအရေးကြီးပါတယ်။ အရမ်းမိုက်တာကြောင့် စာအဆုံးထိ ဖတ်ကြည့်ကြဖို့ရာ အကြံပေးတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

အရင်ဆုံး ဒီဂိမ်းရဲ့ နောက်ခံဇာတ်ကြောင်းကို ပြောရရင် အစိုးရရဲ့ Secret Project တစ်ခုအနေနဲ့ တည်ရှိနေတဲ့ ဆေးရုံကြီးကနေ စတင်ထားတာပါ။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံဟာ လုံးဝ ခြောက်ခြားစရာကောင်းသွားပြီး စမ်းသပ်မှုတွေကြောင့် Patients အချို့ကလည်း သွက်သွက်ခါအောင် စိတ်ဖောက်ကုန်ကြတာပါ။ အဆိုးဆုံးကတော့ အဲ့ဒီ စိတ်ဖောက်သွားတဲ့ လူနာတွေက တခြား အသက်ရှင်နေတဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ကြတာကြောင့် ဒီဆေးရုံကြီးဟာ စိတ္တဇလူသတ်ကွင်းကြီးလို ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ကျန်တဲ့ လူနာတွေက လွတ်မြောက်အောင်ကြိုးစားရင်း ဒီ ဆေးရုံကြီးထဲမှာ အသက်လုပြီး ရှင်သန်ရမယ့် ပုံစံမျိုးကစားရမှာပါ။
Gameplay က First Person View နဲ့ ကစားရမှာဖြစ်ပြီးတော့ Horror ဂိမ်းတစ်ခုမှာ လိုအပ်တဲ့ Mechanic အကုန်လုံးကို သေချာထည့်ပေးထားတာပါ။ Character အပိုင်းမှာ Male ကော Female ပါ ရွေးချယ်လို့ရပြီး Skin တွေကိုလည်း Ads ကြည့်ရုံနဲ့ အသုံးပြုနိုင်တာပါ။ Single ကစားမယ့်သူက Offline ကစားနိုင်သလို ၊ Multiplayer ကစားမယ့်သူကလည်း Online Room ထောင်ပြီး သူငယ်ချင်း 4 ယောက်ထိ အတူတူ ကစားလို့ရပါတယ်။ တစ်ခုရှိတာက Room ထောင်မယ့်သူက create လုပ်ဖို့အတွက် Ads သုံးခုလေးခုလောက် ပိုကြည့်ပေးရမှာပါ။ ဒီဂိမ်းရဲ့ အဓိကက ဆေးရုံကနေ လွတ်အောင်ကြိုးစားရမှာဖြစ်ပြီး အသက်ရှင်သန်ဖို့အတွက် ပစ္စည်းတွေ ၊ သော့ဖွင့်တာတွေ ၊ လက်နက်တွေကိုပါ ဆေးရုံတစ်လျှောက် ရှာဖွေးရင်း လွတ်မြောက်အောင် ဆော့ကစားရမှာပါ။
တကယ် မင်မင်ကိုယ်တိုင်တောင် Size နဲ့မလိုက်အောင် အံ့ဩမိတာကြောင့် အတော်လေးကို အားရမိတယ်။ အရင်ဆုံးသဘောကျတာက Animation အပိုင်းတွေဖြစ်ပြီး Graphic တအားကြီး Strong မဖြစ်တာတောင် သဘာဝကျအောင် Visual Effect တွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ချပေးထားတာပါ။ အဲ့ဒါကိုမှ လူနာတွေရဲ့ အော်သံတွေနဲ့ လွှမ်းခြုံထားတော့ တကယ်ကို Horror Vibe အပြည့် ခံစားရပါတယ်။ နောက်ပြီး တစ်ချို့ လူနာတွေ အနားကိုရောက်သွားရင် သူတို့ရဲ့ Reaction တုံ့ပြန်ပုံတွေကစ ကြောက်ရွံ့သလိုလိုနဲ့ အတော်လေးသဘာဝကျတာပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။
နောက်ထပ် ဒီလို Dark Environment မှာ ပိုစိတ်လှုပ်ရှားစရာကောင်းအောင်လို့ Reporter တို့လို Camera ပါ Night View နဲ့ အသုံးပြုခွင့်ပေးထားတာပါ။ အကယ်၍ Battery ကုန်သွားရင်တောင် Battery လဲတဲ့ လှုပ်ရှားမှုတွေကစ အသေးစိပ်ပါဝင်ပါတယ်။ ဒီလို လှုပ်ရှားမှုတွေထဲမှာ မင်မင် အံ့ဩသွားတာ တစ်ခုက ပြေးရင်း လျှောထိုးတာတွေထိပါ ထည့်ပေးထားတာမလို့ တကယ်ကို Horror Action ဂိမ်းတစ်ခုလို့ ပြောရမှာပါ။ လူသတ်သမား လက်ကပြေးရင် ခန္ဓာကိုယ် ယိမ်းသွားတဲ့အတိုင်း Camera View ကပါ လိုက်လှုပ်ရှားပေးထားတာကြောင့် အုတ်နံရံကြားထဲဘဲ ဝင်ဝင် ၊ အပေါ်ကို တက်တာဘဲဖြစ်ဖြစ် အကုန် Short Animation တွေနဲ့ တကယ် ကြည့်ကောင်းပါတယ်။
ဒါတောင် လည်ပြန်ကြည့်တဲ့ Eyes view တွေပါ ထည့်ပေးထားသေးတာဆိုတော့ မင်မင်ကတော့ အတော်ကြီးကို ချီးကျူးမိတယ်။ ဒီလို Size နည်းနည်းနဲ့ အခုလို Features အစုံကို ထည့်ပေးထားနိုင်တယ်ဆိုကတည်းက Developer တွေဘက်က ဘယ်လောက်ထိ အားစိုက်ထားလဲဆိုတာကို မှန်းဆလို့ရတယ်။ နောက်ပြီး လူသတ်သမားကိုပါ ပြန်တွယ်လို့ရတဲ့ထိ လုပ်ပေးထားတာမလို့ လိုအပ်ချက်မရှိသလောက်ကို ကောင်းမွန်နေတဲ့ Horror ဂိမ်းတစ်ခုလို့ ပြောရမှာပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

အမှန်တိုင်းပြောရရင် ဒီဂိမ်းက ထွက်သမျှ Multiplayer Horror ထဲမှာ သဘောအကျဆုံးထဲက တစ်ခုဘဲ။ အရင် ဂိမ်းတွေတုန်းက အခုလောက်ထိတောင် သိပ် မ Hype မိဘူး။ ဘာလို့ဆို Hunter နေရာက Player ဖြစ်နေတော့ အဖွဲ့လိုက်ဆော့ရင် Feeling က Same မဖြစ်တာကို သဘောမကျတာ။ အခုကျတောင် ကစားသမားတွေအကုန်လုံးက အကျဉ်းသားပုံစံနဲ့ တန်းတူဆိုတော့ ခံစားရမယ့် Feeling က တသားတည်း ဖြစ်သွားတာကို သဘောကျတယ်။ တကယ် ကြမ်းကြမ်းတမ်းတမ်းကြိုက်ရင်တော့ လူသတ်သမားရဲ့ Level ကို Nightmare အဆင့်ထိ တင်ဆော့ကြဖို့ အကြံပေးတယ်။ အဲ့ဒါမှ တကယ် Horror ဇာတ်လမ်းထဲ ကိုယ်တိုင် ဝင်နေသလို ခံစားရမှာ။
ပြေးတာတွေက Horror Game တိုင်းပါပေမယ့် ဒီ လျှောထိုးတာကတော့ Shooter ဂိမ်းတွေကလွဲရင် Horror ဂိမ်းအတော်များများမှာ မရှိသလောက်ကို ရှားပါတယ်။ အကယ်၍ ပြေးရင်း လူသတ်သမား နဲ့ ထိပ်တိုက်တိုးရင်တောင် လျှောထိုးရင်း Action ဆန်ဆန် စိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးယူလို့ရတယ်။ လူသတ်သမားကလည်း ဓားသံကြီး ပေးပေးပြီး လာတတ်တာကြောင့် တကယ်ကို မိုက်တယ် ပြောရမယ်။ နောက်ပြီး ဂိမ်းက အတော်လေးမှောင်တာကြောင့် Camera သုံးကြည့်ဖို့ရာ အကြံပေးတယ်။ Battery limit နဲ့ဆိုတော့ သတိတော့ထားသုံးရမယ်။
လှုပ်ရှားမှုအပိုင်းမှာ Admin သဘောကျတာကို ပြောရရင် တံခါးဝနား အပြင်နဲ့ အထဲကြည့်တာကစ အပြင်မှာ ကြည့်သလိုမျိုး Camera Movement အပိုင်းက အသေကြီးမဟုတ်ဘဲ အတော်လေး သဘာဝကျပါတယ်။ ပြေးတာကော ၊ ကြားထဲဝင်တာကော အကုန် အသေးစိပ်ပါတာကို အရမ်းသဘောကျမိတယ်။ Multiplayer ရဲ့ Communication အပိုင်းမှာ Text Chat ဘဲ ပါတယ်ဆိုပေမယ့် Discord မှာ Voice Chat ဖွင့်ပြီး အတူတူကစားကြဖို့ရာ အကြံပေးချင်တယ်။‌ ဒီဂိမ်း ကောင်းမကောင်းသိချင်ရင် ကိုယ်တိုင် ဆော့ကြည့်ကြဖို့ အကြံပေးတယ်။ ဂိမ်းသစ်မလို့ Server Fail တာလေးတွေ နည်းနည်းပါးပါးရှိပေမယ့် ဆက်တိုက်ဝင်ရင် အဆင်ပြေသွားပါလိမ့်မယ်။

Game Information

Android version 5 . 0 +
Developer DarkGamesSCB
Network Online / Offline
Price Free
App version 0.1
Release date Jan 3, 2023
Platform Android

⭐ ( HELLO Rating = 8.9 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...