Endling Extinction Is Forever
° ဒီနှစ်ထဲမှာ ထွက်ရှိလာတဲ့ Mobile Game သစ်တွေကတော့ တကယ် မထင်ထားလောက်အောင်ကို
အားရစရာကောင်းနေတာပါ။ အသစ်စက်စက် ဒီလထဲမှာမှ ထွက်ရှိလာတဲ့ အခုဂိမ်းဟာလည်း တကယ်ကို
သေချာပေါက် အကောင်းဆုံးဂိမ်းတွေထဲမှာ စာရင်းဝင်နိုင်ပြီး ဆုတွေတောင်
ဒီထက်ပိုရနိုင်မယ့် ဂိမ်းကောင်းတစ်ခုလို့ သတ်မှတ်ရမှာပါ။ ဇာတ်လမ်းတည်ဆောက်ပုံကစ
သဘာဝကျလွန်းလို့ ရင်ထဲထိ ရောက်တဲ့အပြင် Gameplay ကပါ Story ဂိမ်းတစ်ခုထက် Basic
Simulation လို့တောင် ပြောလို့ရမယ့် ထဲမှာ ပါဝင်ပါတယ်။ Adventure ထက် Survival
ဆန်ဆန် သဘာဝကျအောင် ပေါင်းစပ်ပေးထားတာကြောင့် အခုလို Gameplay, Graphic, Story
အကုန် Perfect ဖြစ်နေတဲ့ ဂိမ်းမျိုးကိုမှ မဆော့မိရင် Mobile Players တွေအတွက်
တကယ် ရင်နာစရာကောင်းပါတယ်။ ပေးလိုက်ရတဲ့ အချိန်ထက်တန်တဲ့ အတွေကြုံကို ရရှိမှာမလို
မင်မင်ကတော့ လက်မလွတ်စေချင်ဘူး။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဒီ 2023 ရဲ့ February လထဲမှာတင် Mobile Version ထွက်ရှိလာတာဖြစ်ပြီး 2022
အတွင်းမှာ PC ကော Consoles တွေအတွက်ပါ ထုတ်ပေးထားတဲ့ ဂိမ်းတစ်ခုပါ။ Indie
Survival Adventure ဂိမ်းအမျိုးစား တစ်ခုဖြစ်ပြီး Spanish studio တစ်ခုဖြစ်တဲ့
Herobeat ကနေ ဖန်တီးထားပြီးတော့ German အခြေစိုက် HandyGames ကနေ published
လုပ်ပေးထားတာပါ။ Steam မှာ ဒေါ်လာ 23.99 $ နဲ့ ရောင်းချထားပေမယ့် Mobile Platform
ပေါ်ကို ရောက်ရှိလာချိန်မှာတော့ ဒေါ်လာ 9.99 $ တည်းနဲ့တင် ရောင်းချပေးနေတာမလို့
တကယ်လည်း တန်တဲ့ ဂိမ်းကောင်းတစ်ခုပါ။
ဒီဂိမ်းက ဘယ်လောက်ထိ ကောင်းမွန်လဲဆိုရင် Emotional အပိုင်းတင်မကဘဲ အသိတရားတွေပါ
အများကြီး ရရှိစေမယ့် ဂိမ်းကောင်းတစ်ခုပါ။ ဇာတ်လမ်းကပေးတဲ့ ရသတွေကြောင့်
ကစားတဲ့သူပါ ထပ်တူ ခံစားနိုင်မယ့်အပြင် ကိုယ့်ရဲ့ လုပ်ရပ်တွေကြောင့်ပါ
ဇာတ်လမ်းရဲ့ Deep Meaning တွေအထိ ပြောင်းလဲသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် အခု
Review ထဲမှာ ရေးပေးမယ့် ဇာတ်လမ်းဟာ လွယ်လွယ်ကူကူ နားလည်အောင် ရေးပေးထားတာမလို့
Spoiler ပါဝင်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။
Basic Story
=========
ဇာတ်လမ်းက အမှန်တိုင်းပြောရရင် Dialogue တွေ တစ်ခုမှ မပါဝင်တာကြောင့်
သရုပ်ပြနဲ့တင် လူတိုင်း နားလည်စေမှာပါ။ လူတွေရဲ့ လုပ်ရပ်ကြောင့် တောမီးလောင်မှုဟာ
အဆိုးဝါးဆုံးတွေဖြစ်လာခဲ့ပြီး ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေပါ
အကုန်သေကြေပျက်ဆီးခဲ့ရပါတယ်။ အဲ့ဒီထဲမှာ လွတ်မြှောက်လာခဲ့တဲ့ ဒီဂိမ်းရဲ့
အဓိကဇာတ်ကောင် မြေခွေးမလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်ရုံတင်မကဘဲ
နောက်ဆုံးကျန်ခဲ့တဲ့ မျိုးစိတ်အနေနဲ့ပါ မြင်တွေ့ရမှာပါ။ ဖြစ်ချင်တော့ သူမဆီမှာ
ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး ဒီလိုအခြေနေဆိုးကြီးထဲမှာတင် သူမရဲ့ သားသမီးတွေကို
လောကထဲ ခေါ်ဆောင်လာခဲ့ရပါတယ်။
ပတ်ဝန်းကျင်ကလည်း ပျက်ဆီးနေတာကြောင့် မြေခွေးမအနေနဲ့ သူမရဲ့ သားသမီးတွေကို
အကောင်းဆုံး ကာကွယ်ပေးရမယ့်အပြင် ရင်ဆိုင်လာရမယ့် အစာကွင်းစက်ရဲ့
အသက်အန္တရာယ်တွေကိုပါ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ အတော်လေးကို
စိတ်ဝင်စားစရာကောင်းပါတယ်။ မြေခွေးတွေဟာ သားရဲတိရိစ္ဆာန်ဖြစ်လို့
အန္တရာယ်မရှိဘူးဆိုပြီး မထင်နဲ့နော်။ တကယ် ဒီလို ကပ်ဘေးဆိုက်နေတဲ့အချိန်မှာ
ဘယ်သက်ရှိသတ္တဝါမဆို အကုန် ရုန်းကန်နေကြရတာ အမှန်တရားဘဲ။ ဘယ်ဘက်က ကြည့်ကြည့်
သူ့ဘက်ကိုယ့်ဘက်ကတော့ အခြေနေအရ အကုန်မှန်နေတာတွေကြီးဘဲ။
ပြောရရင်တော့ ဒီဇာတ်လမ်းလေးက မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို
တိရိစ္ဆာန်တစ်ကောင်အနေနဲ့တောင် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ပုံဖော်ပေးထားတာပါ။
လောကကြီးမှာ ရှင်သန်နေသမျှ သက်ရှိတွေ အားလုံးထဲမှာ မိခင်တွေဟာ
အသိဉာဏ်မမြင့်ရင်တောင် သားသမီးပေါ်ထားတဲ့ မေတ္တာတရားဟာ ဘယ်သတ္တဝါနေနေ အကုန်
တန်းတူဘဲဆိုတာကို မြင်တွေ့ရမယ့် ဇာတ်လမ်းမျိုးလေးပါ။ အဲ့ဒါကြောင့် တကယ်
ရသမြောက်တဲ့ ခံစားချက်တွေကို အပြည့်ဝ ရရှိစေမှာပါ။
Gameplay & Graphic
================
Gameplay အပိုင်းကတော့ 3D Side Scrolling ပုံစံကို အသုံးပြုပေးထားပြီး Map
အနှံ့ကို Platform ပုံစံနဲ့ အသုံးပြုသွားလာလို့ရပါတယ်။ Jump အပြင် Dig လုပ်တာတွေ
၊ အနံ့ခံတာတွေပါ ပါဝင်တာကြောင့် ဒီဂိမ်းက မြေခွေးတစ်ကောင်လိုမျိုးကို
အတော်လေးပြုမူနိုင်မှာပါ။ အစာအတွက် အနံ့ခံလို့ရသလို ၊ အန္တရာယ်နဲ့
အထူးအာရုံခံတွေပါ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ပစ္စည်းတစ်ခုကို အနံ့ခံတဲ့အခါ
ဘယ်သူတွေ ဘယ်လိုအခြေနေမှာ ရှိခဲ့တယ်ဆိုတာကစ အာရုံခံလို့ရပါတယ်။ နောက်တစ်ခုက
ခြေသံမကြားအောင်ပါ သွားလို့ရပြီး အထူးသဖြင့် အမဲလိုက်တဲ့အခါမှာ ပိုအသုံးဝင်ပါတယ်။
လူတွေရဲ့ အန္တရာယ်ကြားကပါ ထွက်ပြေးနိုင်တာကြောင့် Gameplay က အတော်လေးကို
စုံစုံလင်လင်ထည့်ပေးထားတာပါ။
သားသမီးတွေအတွက် ညနေစောင်းပြီဆိုတာနဲ့ အစာရှာထွက်ပေးရပြီး မနက်မိုးမလင်းခင် အမှီ
ကလေးတွေရှိတဲ့ ဂူဆီကို ပြန်လာပေးရမှာပါ။ ကလေးတွေကို အစာအငတ်ခံလို့မရတာကြောင့်
ယုန်တွေ ၊ ငါးတွေအပြင် အသီးတွေကိုပါ ရှာဖွေ ကျွေးပေးလို့ရပါတယ်။
မိခင်ဖြစ်တာကြောင့် မြေခွေးမကတော့ ဘယ်တော့မှ မစားပါဘူး အကုန်ရသမျှ
သားသမီးတွေကိုဘဲ ချကျွေးတာပါ။ ဇာတ်လမ်းအရ တဖြည်းဖြည်း ကျော်လာရင်တော့
သားသမီးတွေကိုပါ သွားလေရာ ခေါ်သွားရမှာဖြစ်ပြီး အန္တရာတစ်စုံတစ်ရာ
ကျရောက်ခဲ့ရင်ဘဲဖြစ်ဖြစ် ၊ ချောင်ကမ်းပါးကို ကျော်လွှားရင်ဘဲဖြစ်ဖြစ်
သားသမီးတစ်ကောင်ချင်းစီကို ကိုက်ချီပြီး သယ်သွားလို့ရပါတယ်။ အဓိက အနေနဲ့ကတော့
သားသမီးတွေအကုန်လုံးကို ဘေးကင်းကင်းနဲ့ ထားပေးရမှာပါ။
Graphic အပိုင်းမှာ Polygon ကို အသုံးပြုပေးထားပေမယ့် အရမ်းကြည့်ကောင်းပြီး
Console နဲ့ PC Quality အတိုင်းကို Mobile အတွက် ယူဆောင်လာပေးနိုင်တာပါ။ Graphic
Setting အတွက် Option အတော်များများလည်း ပါဝင်တာကြောင့် Mobile အတွက် အကောင်းဆုံး
Optimization ပုံစံနဲ့ ထွက်ရှိလာတယ်လို့ မြင်မိပါတယ်။ ဒါ့အပြင် Controller ပါ
Support ပေးသေးတာကြောင့် Console Portable လိုမျိုးပါ ဆော့ကစားနိုင်ပါတယ်။
ဒီဂိမ်းမှာ ပါဝင်တဲ့ Animation တွေဟာ တကယ်ကို သဘာဝကျကျ ပတ်ဝန်းကျင်အလိုက်
တုံ့ပြန်တတ်တာကြောင့် Movement တွေ Animation တွေကိုပါ Quality ကောင်းကောင်းနဲ့
မြင်တွေ့ရမယ့် ဂိမ်းတစ်ခုပါ။ Overall ပြောရရင်တော့ Gameplay ကော Graphic ပါ တကယ်
အဆင်ပြေတဲ့ ဂိမ်းတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
မင်မင်ရဲ့ ဒီဂိမ်းအပေါ် Impression အပိုင်းကတော့ ကောင်းလဲကောင်းသလို နည်းနည်း
စိတ်လည်း တိုမိပါတယ်။ အထူးသဖြင့် ဒီ ဇာတ်လမ်းက German Fairytale တွေလိုမျိုး
လုပ်ပေးထားသလားတောင် တွေးမိတာပါ။ ဘာလို့ဆို ဇာတ်ရှိန်ကို ရိုက်ချလိုက်
ပြန်တင်လိုက် ရိုက်ချလိုက်ဆိုတော့ ဒီဂိမ်းနဲ့တင် Emotional Damage ပါ အတော်လေး
ထိသွားပါတယ်။ ဆိုတော့ ဒီကနေ စပြီး နည်းနည်း Spoiler ပါနိုင်တာကြောင့်
ဖတ်ခြင်ရင်လည်း ဖတ်လို့ရပါတယ်။
ဂိမ်းကို ဖန်တီးထားတဲ့ Theme က အတော်လေးသဘောကျစရာကောင်းပြီး ယူထားတဲ့ Story ကော
Background Setting တွေကစ တော်တော်လေး အားရစရာကောင်းပါတယ်။ Creation
အပိုင်းမှာလည်း တောမီးလောင်တာကို သေချာဖန်တီးနိုင်ပြီး အပြင်လောကမှာပါ ဒီလို
တောမီးမျိုးဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ပုံဖော်ပြနိုင်တာပါ။ Horror
ထက် Hopeless ဖြစ်စေမယ့် Effect တွေကို မြင်တွေ့ရပြီး လူတွေရဲ့
အဆိုးအကောင်းတွေကိုပါ ဒွန့်တွဲမြင်နိုင်မယ့် ဂိမ်းတစ်ခုပါ။
Plot အပိုင်းနဲ့ပတ်သတ်ပြီး Complex ၊ Climax ကိုပါ သေချာရောစပ်ပေးထားတာကြောင့်
Ending မှာ အဖျားမရှူးသွားတဲ့အပြင် လှည့်ကွက်တွေနဲ့ပါ ကိုယ့်ရဲ့ လုပ်ရပ်ကြောင့်
ဇာတ်သိမ်းရဲ့ Deep Meaning ကိုပါ ပို အဓိပ္ပာယ်ပေါ်လွင်စေတာပါ။ အဲ့ဒါကြောင့် Best
Ending ကို ရရှိနိုင် အရေးကြီးပါတယ်။ ကျန်တာကတော့ တကယ်ဆော့ကောင်းတဲ့
ဂိမ်းတစ်ခုမလို့ အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။
( Can Be Spoil )
ဒီဂိမ်းမှာ ချိတ်ဆက်ထားတဲ့ ပုံစံက အတော်လေး သဘာဝကျပါတယ်။ အထူးသဖြင့်
သားရဲတိရိစ္ဆာန်တွေက ကလေးပေါက်လေးတွေကို အလစ်ဝင်တိုက်ကျပေမယ့် အကောင်ကြီးတဲ့
မိခင်ကိုတော့ ရန်မူတာရှားပါတယ်။ ဇာတ်လမ်းရဲ့ NPC သဘောတရားအရ
တစ်ချို့အကောင်တွေကတော့ ရန်မူနိုင်တာပေါ့။ ဒါပေမယ့် လူတွေနဲ့ ယှဉ်ကြည့်ရင်တော့
လူတွေက မြေခွေးပေါက်လေးတွေထက် မြေခွေးမကြီးကိုဘဲ ပိုလိုချင်ကြတာပါ။
ဘာကြောင့်လဲဆိုရင် အစာပြတ်လတ်မှုကြောင့် မြေခွေးမကိုဘဲ အရင် သတ်ပစ်ကြတာပါ။ Brutal
ဆန်တာကြောင့် Dead မဖြစ်အောင် အတော်လေး ဂရုစိုက် ကစားသင့်ပါတယ်။
ဒါဆိုရင် မြေခွေးပေါက်လေးကို ဖမ်းသွားတဲ့သူကို သံသရဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အဲ့ဒါက ဒီဂိမ်းရဲ့ NPC တွေ ကို ချိတ်ဆက်ပေးနိုင်ပြီး အစပိုင်းမှာ အဲ့ဒီလူကို
စိတ်ဆိုးမိနိုင်ပေမယ့် နောက်ပိုင်းကျရင် ဘာကြောင့် အခုလိုလုပ်ရတယ်ဆိုတာကို
နားလည်သွားပါလိမ့်မယ်။ ကံတရားကြောင့်လို့တော့ မပြောချင်ပေမယ့်
တစ်ဦးပေါ်တစ်ဦးထားတဲ့ မသိစိတ်က နားလည်မှုတွေကြောင့် လူနေနေ တိရိစ္ဆာန်နေနေ
တစ်ချိန်တည်းမှာ ခံစားနားလည်ပေးနိုင်တာပါ။ တကယ်အဲ့အပိုင်းလေးလဲ သဘောကျသလို
ရင်ထဲတောင် တကယ်ခံစားမိပါတယ်။
အဆိုးဆုံးကတော့ Ending မှာ နှစ်ခါ ငိုအောင်ရအောင် လုပ်သွားတာကြောင့်
စိတ်တိုမိတာပါ။ ကြာလာတာနဲ့အမျှ ဂိမ်းထဲကို ပိုပိုပြီး စိတ်နစ်သွားတာကြောင့်
အဖြစ်ပျက်တိုင်းက အကုန် ရင်ထိတ်စရာတွေကြီး ကြုံနေရတာပါ။ Ending ကို
အကောင်းဆုံးမမျှော်လင့်ထားပေမယ့် အဆိုးဆုံးကိုတော့ တကယ် မခန့်မှန်းမိခဲ့ပါဘူး။
ဒီဂိမ်း ဇာတ်လမ်းကို ရေးတဲ့သူက သူ့ရဲ့ လိုချင်တဲ့ Point ကို ရောက်အောင်
ပြသနိုင်ပေမယ့် ခံစားရတဲ့သူကြတော့ အတော်လေးမလွယ်ကူပါဘူး။ အထူးသဖြင့် ဒီ Animation
ပိုင်းကို တာဝန်ယူတဲ့သူကပါ ဇာတ်နာမယ့်အပိုင်းကို ထိထိမိမိနဲ့ အပြင်မှာ
တကယ်ဖြစ်သွားသလိုမျိုး လှုပ်ရှားပုံတွေက သဘာဝကျနေတော့ တော်တော်လေးကို
မျက်ရည်မထိန်းနိုင်တဲ့ထိ ဖြစ်ကုန်တာပါ။ ပြီးတော့ ပေါက်စလေးတွေကလည်း
ချစ်စရာကောင်းနေတော့ ဘယ်လိုမှ အောင့်ထားလို့ကို မရဘူး။ ဒီနေရာမှာ
ပိုပြီးခံစားရမှာ ဘာလဲဆိုရင် ကလေးတွေကို အကုန်မကယ်နိုင်ခဲ့ရင် ကျန်ခဲ့တဲ့
တစ်ယောက်တည်းသော မြေခွေးပေါက်လေးက အတော်လေးကို အထီးကျန်သွားမှာပါ။
နောက်ပြီး ဒါကလည်း ဒီဂိမ်းရဲ့ အဓိက လိုချင်တဲ့ ဇာတ်သိမ်းပိုင်းလို့ မြင်မိတယ်။
ဘာလို့ဆို icon မှာတောင် တစ်ကောင်တည်းဘဲ ပြထားတော့ ဇာတ်လမ်းစီစဉ်သူက
တစ်ကောင်တည်းကိုဘဲ ကျန်စေချင်တယ်လို့ တွေးထင်မိတယ်။ ချုံပြောရရင်တော့ တကယ်ကို
ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ရသစုံအောင် ခံစားရပါတယ်။ နားကြပ်တပ်ပြီး
စိတ်နစ်ကစားတဲ့သူတွေအတွက်တော့ တကယ် ဂိမ်းကောင်းလေးတစ်ခုဖြစ်စေခဲ့မှာပါ။ Happy
Ending မဟုတ်ပေမယ့် အပြင်မှာလည်း ဒီလိုအဖြစ်ပျက်တွေဟာ
ကမ္ဘာနဲ့အဝန်းဖြစ်နေတာကြောင့် တိရိစ္ဆာန်တွေ မျိုးမတုန်းသွားအောင် လူသားတွေအနေနဲ့
တကယ်ကို ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက်သင့်ပါတယ်။
ဒီ Fox နဲ့ ပတ်သတ်ပြီး Emotional ဂိမ်းတွေ ထုတ်ပေးထားတာ
တော်တော်များများရှိနေပါပြီ။ ဒီတစ်ခုကတော့ Reality ကျပြီး အရင်ဟာကတော့ Author ရဲ့
ဇာတ်လမ်းလေးကို Storytelling အနေနဲ့ ထုတ်ပြပေးထားတာပါ။ Developer မတူပေမယ့် indie
game အနေနဲ့ Fox ကို ကိုယ်စားပြုတာ အတော်လေးတူပါတယ်။
Android version | 9 . 0 + |
Developer | HandyGames |
Network | Offline |
Price | $ 9.99 |
App version | 1.0 |
Release date | Feb 7, 2023 |
Platform | Android / iOS |
Comments