Eggy Party

° ဒီတစ်ခါ အားလုံးမျှော်နေကြတဲ့ Eggy Party ဂိမ်းလေးကတော့ မနေ့ကတင်ဘဲ Philippines Region မှာ ကစားခွင့်ပေးနေပြီ ဖြစ်တာကြောင့် Global ကို မစောင့်နိုင်တဲ့သူတွေအတွက် ကိုယ့်သူငယ်ချင်း ၊ ရည်းစားတွေနဲ့ အတူတူ သွား ကစားလို့ရနေပြီနော်။ ပျော်စရာကောင်းတာမှ အူကလည်းယား ၊ လောင်ကလဲလောင် ၊ အကျင့်ကပါ လိုက်ယုတ်လို့ရသေးတာဆိုတော့ FA တွေ ၊ SG တွေလည်း လက်မလွတ်သင့်ဘူးနော်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းပုံစံက နာမည်ကြီး လူကြိုက်များ ဂိမ်းတစ်ခုဖြစ်တဲ့ Fall Guys ကို အသွင်ယူထားတာကြောင့် ကစားရတာ တကယ်ပျော်စရာကောင်းတဲ့အပြင် Character Model လေးတွေကပါ Egg ကို ကိုယ်စားပြုထားတာကြောင့် ဝဝကစ်ကစ်လေးနဲ့ တကယ်ကို ချစ်စရာကောင်းတဲ့ ဂိမ်းတစ်ခုပါ။ 
Main Lobby မှာတင် စိတ်ကြိုက်လုပ်ခွင့်ပေးထားတာကြောင့် ဂိမ်းထဲမဝင်ခင်ကို ကစားကွင်းတွေ ၊ လေယာဉ်စီးတာတွေထိပါ အများကြီး လုပ်ဆောင်လို့ရပါတယ်။ Game က Fall Guys အတိုင်းဆိုတော့ Rank Match ကစားတိုင်း Player 32 ယောက် ပါဝင်မှာဖြစ်ပြီး Random ကျတဲ့ အခန်းတွေကို နောက်ဆုံး ရှင်ကျန်သူအဖြစ်နဲ့ ကြိုးစားပြီး ကစားပေးရမှာပါ။ ကစားရမယ့် ဂိမ်းအခန်းပေါ်မူတည်ပြီး ပြောင်းလဲမှုတွေရှိတာကြောင့် မိမိအနေနဲ့ ပန်းတိုင်ရောက်ဖို့တင်မကဘဲ တခြားကစားသမားတွေရဲ့ တိုက်ခိုက်မှုကိုပါ ရှောင်တိန်းဖို့လိုပါတယ်။ 
ဘာကြောင့်လဲဆိုရင် ဒီဂိမ်းက လွတ်လွတ်လပ်လပ် အကျင့်ယုတ်ခွင့်ပေးထားတာကြောင့် Random Item ပုံးတွေကို ယူပြီး တခြားသူတွေကို နှောက်ယှက်လို့ရသလို ကိုယ့်ရဲ့ Main Ability ကိုပါ အသုံးချလို့ရပါတယ်။ အဆိုးဆုံးကတော့ ကစားသမားအချင်းချင်း သယ်သွားလို့ရတာကြောင့် အခပ်မသင့်ရင် ချောက်ထဲ ပစ်ချခံရနိုင်ပါတယ်။ ဒါကတော့ ပြိုင်ပွဲအတွင်း အများဆုံး ယုတ်မာကျတဲ့ နည်းဖြစ်ပြီး ပန်းတိုင်နားရောက်မှ လာသမျှ ကန်ကန်လွှတ်တဲ့ အဖွဲ့တွေလည်း သီးသန့်ကို ရှိသေးပါတယ်။ 
Game က ဒီပုံစံတွေဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ Event နဲ့ Level ပေါ်မူတည်ပြီး ကစားနည်းအသစ်တွေမှာပါ ဝင်ပြိုင်လို့ရတဲ့အပြင် Event Room တွေကလည်း Schedule နဲ့ သေသေချာချာ ပြင်ဆင်ပေးထားတာကြောင့် ဘယ်နေ့မှ ဘယ်အခန်း ဆော့ခွင့်ရမယ်ဆိုတာတွေကိုပါ ကြိုပြီး သိရှိနိုင်မှာပါ။ နောက်ထပ် ပျော်စရာကောင်းတဲ့အပိုင်းတစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ Creation Room ဖြစ်ပြီး ဂိမ်း Level Room တွေကို ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးခွင့်ပါ ပေးထားတာပါ။ ကိုယ်ကိုတိုင် ဖန်တီးထားတဲ့ Room တွေကို Public လုပ်လို့ရသလို သူများဖန်တီးထားတဲ့ Room တွေမှာပါ Challenge သွားလုပ်လို့ရပါတယ်။ ဘယ်လိုနေနေ တကယ်ပျော်စရာကောင်းတဲ့ Gameplay တွေ အများကြီး ပါဝင်တာကြောင့် ဆော့ရတာ ပျင်းမသွားစေပါဘူး။ 
ဂိမ်းက Character Ability နဲ့ ပတ်သတ်ရင်တော့ PTW ဆန်နိုင်ပါတယ်။ Skill တွေက Level အလိုက် ပွင့်ပေမယ့် Talent အပိုင်းကတော့ Upgrade လုပ်ဆောင်ပေးရမှာပါ။ နောက်ပြီး Role အလိုက် ကွဲသေးတာကြောင့် Team နဲ့ကစားတဲ့သူတွေက Attack, Support သေချာရွေးသင့်ပါတယ်။ 
နောက်ဆုံးကျန်တာကတော့ Graphic နဲ့ Customization အပိုင်းဖြစ်ပြီး အပြင်ဆင်ပိုင်းမှာတော့ တကယ် Fashion မျိုးစုံနဲ့ Eggy လေးတွေကို Super Cute ဖြစ်အောင် ဖန်တီးပေးထားတာပါ။ Graphic ကလည်း Super Fun ဖြစ်တာကြောင့် ကြည့်ရတာ အတော်လေးအဆင်ပြေပြီး နောက်ခံ Eggy လေးတွေရဲ့ အသံကစ တကယ် ချစ်စရာကောင်းတာကို ကြားခွင့်ရမှာပါ။ Game က Casual ဆိုပေမယ့် လုံးဝကို Sandbox ဆန်ဆန်လေး ဖန်တီးထားတာကြောင့် သူငယ်ချင်းနဲ့ အတူတူ ပျော်ချင်လို့ဘဲဖြစ်ဖြစ် ၊ ရည်းစားနဲ့ လျှောက်လည်ချင်လို့ဘဲ ဖြစ်ဖြစ် တကယ် သဘောကျစေမယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး Couple things လေးတွေပါ Relationship ချိတ်လို့ရသေးတာဆိုတော့ တကယ်ကို အရမ်းမိုက်တာနော်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

ပြောစရာကတော့ အများကြီး မရှိပါဘူး။ မင်မင်တို့လို Single တွေအတွက်ကတော့ သူများတွေကို အကျင့်လိုက်ယုတ်လို့ အကောင်းဆုံးဂိမ်းပါ။ ဂိမ်း စပြီဆိုတာနဲ့ သူများသယ်တာ လုံးဝမခံပါနဲ့။ အမြဲ သတိထားနေမှ ရုတ်တရက် သူများ ခိုး‌ပြေးတာ မခံရမှာပါ။ သူများ သယ်တာ ခံချင်ရင်တော့ တစ်မျိုးပေါ့။ 
[ ဂိမ်းက အထဲကျရင် Additional Files အတွက် 1.20 GB လောက် ထပ်ဆွဲပါလိမ့်မယ်။ Philippines Server မလို့ တစ်ခါလေ လိုင်းမငြိမ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် ]

Game Information

Android version 4 . 4 +
Developer NETEASE
Network Online
Price Free
App version 1.0.8
Release date Apr 21., 2023
Platform Android 

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES