Endless Nightmare 5 Curse
° ဒီအပတ်ထဲ Global Version ထွက်လာတဲ့ ဂိမ်းအသစ်လေးကတော့ Admin အပါဝင် အားလုံး
သဘောကျကြမယ့် Action ဂိမ်းကောင်းလေးတစ်ခုလို့ ပြောရမှာပါ။ Mobile မှာ
ရှားရှားပါးပါး Demon Hunter ဂိမ်းကောင်းတစ်ခုမလို့ First Person View နဲ့တင် PC
နဲ့ Consoles မှာ ထွက်ရှိထားတဲ့ Ghostwire ဂိမ်းလို Vibe မျိူးကိုတောင်
ခံစားရစေမှာပါ။ ဇာတ်လမ်းသွားအတိုင်း ကစားရမှာမလို့ အဖမ်းခံထားရတဲ့ Junior မလေး
Lin ကို သွားကယ်ရင်း ခရီးတစ်လျှောက်က တစ္ဆေ ၊ သရဲ ၊ မိစ္ဆာတွေအကုန်လုံးကို
အင်းကွက်တွေနဲ့ အစွဲချွတ်ရင်း ရင်တထိတ်ထိတ်နဲ့ Stealth Action ဆန်ဆန် ကစားရမယ့်
ဂိမ်းကောင်းလေးတစ်ခုပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Endless Nightmare ရဲ့ Title အောက်မှာ ထွက်ရှိထားတဲ့ ဂိမ်းတိုင်းဟာ Mobile
Players တွေအကြိုက် Horror ဂိမ်းကောင်းတွေကြီး ထွက်ရှိထားတာဖြစ်ပြီး သရဲ
ခြောက်ခံရတာတွေ ၊ စိတ္တဇဆန်တာတွေ ၊ ရှေးခေတ် မံမီတွေရဲ့ ကျိန်စာတွေထိပါ
အမျိုးစားစုံလင်အောင် ထုတ်ပေးထားတာပါ။ ဒါပေမယ့် ဒီတစ်ခါ ထွက်ရှိလာတဲ့ 5
ခုမြောက်ဂိမ်းကတော့ ရှေးခေတ်တရုတ်ပြည်မကြီးကို ဇာတ်အိမ်တည်ထားပြီး
မကောင်းဆိုးဝါးတွေ ၊ နာနာဘာဝတွေ တည်ရှိနေသေးတဲ့ ခေတ်တစ်ခုကို မြင်တွေ့ရမှာပါ။
ဒါ့အပြင် သိုင်းကျမ်းတွေ ၊ အင်းပညာရပ်တွေပါ ပါရှိသေးတာကြောင့်
မှော်စွမ်းအားအများစုကို အသုံးပြုခွင့်ရမယ့်အပြင် Zombie မဟုတ်တဲ့
ဖုတ်ဝင်နာနာဘာဝတွေကို ရှင်းထုတ်ရမှာမလို့ အရင်ဂိမ်းတွေထက် အတော်လေးကို
ထူးထူးခြားခြား ဖြစ်နေမှာပါ။
အဓိကဇာတ်ကောင်ဟာ ဆရာတော် Yuan ဆီမှာ ပညာ သင်ကြားနေတဲ့ တပည့်တစ်ယောက်ဖြစ်ပြီး
လွန်ခဲ့တဲ့ ရက်အနည်းက ရွာတစ်ရွာမှာ အဖမ်းခံခဲ့ရတဲ့ တပည့်မလေး Lin Xing ကို
ပြန်ကယ်ဖို့အတွက် စေခိုင်းခဲ့ပါတယ်။ Lin Xing ဟာ တဇွတ်ထိုးလုပ်တတ်တဲ့
အရွယ်ဖြစ်တာကြောင့် ရွာသားတွေကို တခြားသူ အကူညီမပါဘဲ တစ်ယောက်တည်း ဝင်ကယ်ရင်းကနေ
မိစ္ဆာတစ်ကောင်ရဲ့ လက်အောက်ထဲမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။ တိုင်းပြည်ဟာ
မင်းဆိုးမင်းညစ်တွေကြောင့် အလုံးစုံပျက်စီးနေတဲ့အပြင် ကြောင်သူတော်တွေဖြစ်တဲ့
အထက်ကလူတွေရဲ့ စီမံမှုကြောင့် မကောင်းတဲ့ ကျိန်စာတွေဟာ ပြည်သူတွေအပေါ်
သက်ရောက်ခဲ့ပြီး စားဝတ်နေရေးပျက်ပြားရုံတင်မကဘဲ ကျိန်စာတွေ ၊ သရဲဝိညာဉ်တွေကိုပါ
အကုန်လွတ်လွတ်လပ်လပ် စားသုံးခွင့်ပေးထားတာပါ။
အဲ့ဒါကြောင့် ဝင်ပူးခံထားရတဲ့ ရွာသားတိုင်းဟာ သင့်ကို ခရီးတစ်လျှောက်
လိုက်နှောက်ယှက်ကြရုံတင်မကဘဲ တစ်ခါမှ မကြုံဖူးတဲ့ မိစ္ဆာနာနာဘာဝတွေကိုပါ
အမှတ်မထင် ရင်ဆိုင်ရအုံးမှာမလို့ Hunter တစ်ယောက်အနေနဲ့တောင် Horror ဆန်တဲ့
အဖြစ်ပျက်တွေ ၊ Jump Scare တွေကိုပါ ကြုံတွေ့ရအုံးမှာပါ။ လက်နက်တွေအနေနဲ့
ဓားအပြင် အင်းကွက်တွေကို အသုံးပြုနိုင်ပြီး မကောင်းဆိုးဝါးတွေကို Stealth အနေနဲ့
ခိုးကြောင်ခိုးဝှက်ပါ သုတ်သင်ရှင်းလင်းလို့ရပါတယ်။ အင်းကွက်တွေဟာ အဝေးပစ်အနေနဲ့
အသုံးပြုလို့ရရုံတင်မကဘဲ ရရှိလာတဲ့ ဓာတ်လုံးတွေကြောင့် အင်းကွက်အသစ်တွေကိုပါ
လေ့လာ သင်ယူလို့ရပါတယ်။ ဥပမာဆိုရင် ရေခဲအင်းကွက်တွေဟာ ပစ်လို့ရရုံတင်မကဘဲ
ကြာကြာဖိပြီး စွမ်းအင်စုပေးလိုက်မယ်ဆိုရင် ကြီးမားတဲ့ ရေခဲချွန်ကြီးတွေကိုပါ
ထုတ်ပေးနိုင်တဲ့ထိ အစွမ်းကြီးပါတယ်။ နောက်ထပ် လျှပ်စစ်မိုးကြိုးတွေ ၊
မီးအင်းကွက်တွေပါ အစုံပါဝင်သေးတာကြောင့် မှော်နဲ့ပတ်သတ်ပြီးကတော့
တကယ်အားရစရာကောင်းတဲ့ ဂိမ်းတစ်ခုပါ။
ဒီဂိမ်းဟာ Story ကို ဦးစားပေးထားတာကြောင့် Map တစ်လျှောက်လုံး စိတ်ကြိုက် Explore
လုပ်ယူနိုင်ရုံတင်မကဘဲ ဆေးမြစ် ဝါးမြစ်တွေ ၊ Spirit နဲ့ တခြား ဓားသင်္ချိုင်းရဲ့
အင်းလက်မှတ်တွေကိုပါ ရှာဖွေစုဆောင်းသင့်ပါတယ်။ ဆေးမြစ်ဝါးမြစ်တွေဟာ Pill
Production အနေနဲ့ Craft တဲ့နေရာမှာ အသုံးဝင်ပြီး ဓားအင်းလက်မှတ်တွေကတော့ Check
Point Tree ရှိတဲ့ နေရာတွေမှာ Gacha အနေနဲ့ ဓားသင်္ချိုင်းထဲက Random
ဓားကောင်းတွေကို မဲဖောက်လို့ရပါတယ်။ အမိုက်ဆုံးကတော့ ဓားတွေကို
ကန့်သတ်မထားတာကြောင့် ဘယ်ဓားဖြစ်နေနေ ဆန့်ရင်ဆန့်သလောက် အကုန်သုံးလို့ရပါတယ်။
အင်းကွက်တွေမှာလည်း အလားတူဘဲ Tadist Spell တွေ သင်ယူလို့ရပြီး
လက်နက်နှစ်ခုလုံးဖြစ်တဲ့ ဓားနဲ့ အင်းကွက်တွေကိုလည်း Forge အနေနဲ့
အဆင့်မြင့်တင်တာမျိုးတွေ ထပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
ဒါတွေကတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ အခြေခံအပိုင်းတွေဖြစ်ပြီး ကျန်တဲ့
ရန်သူတွေအပိုင်းကတော့ ကိုယ်တိုင် ကစားရင်းနဲ့ လေ့လာသွားရမှာပါ။ ဘာကြောင့်လဲဆိုရင်
မိစ္ဆာတွေရဲ့ အဆင့်တန်းဟာ မျက်လုံးပေါ်မူတည်ပြီး ကွာခြားတာကြောင့် အင်အားကြီးလေ
သတ်ရခက်လေ ဖြစ်နေမှာပါ။ မိမိအနေနဲ့လည်း Dash လုပ်တာတွေ ၊ Physical ကော Range ကော
ပါဝင်တယ်ဆိုပေမယ့် Mana Limit, Stamina Limit နဲ့မလို့ ကစားရတာ ပေါ်တင်ကြီး
ချမယ့်အစား Stealth လုပ်ပြီး သတ်တာတွေ ၊ အချိန်ဆွဲပြီး သတ်တာတွေက ပိုပြီး
ထိရောက်စေပါတယ်။
Gameplay ပိုင်းကတော့ Mobile အတွက် တကယ်ပြီးပြည့်စုံတဲ့ Mechanic တွေကို Puzzle
အပိုင်းတွေကစ ကြိုးစားထည့်ပေးထားတာဖြစ်ပြီး ခက်လဲခက်သလို ကစားရတာလည်း
တကယ်ကျေနပ်အားရစရာကောင်းပါတယ်။ Graphic ပိုင်းမှာလည်း အကောင်းစားထဲမှာ
ပါဝင်တာကြောင့် Magic Spell တွေ အသုံးပြုတဲ့ နေရာမှာ တကယ် Effect ကောင်းကောင်းနဲ့
Spark ဖြစ်တာတွေကိုပါ အသေးစိတ်မြင်တွေ့ရမှာပါ။ ဒါကြောင့် Admin ကတော့ Story ကော
Action ဆန်ဆန် ကစားချင်တဲ့သူတွေအတွက်ပါ လက်မလွတ်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Game က သဘောကျတယ်ဆိုပေမယ့် Horror Title အောက်ကနေ ထပ်ထုတ်ပေးထားတာမလို့
အသံကြားရင်ကို သတိကပ်နေရတာပါ။ ဒီထဲမှာပါတဲ့ ဖုတ်ကောင်တွေက Zombie တွေလို
ပြုမူတာမျိုးမဟုတ်ဘဲ တစ်ချက်တည်း အပြီးဆွဲသတ်တာဖြစ်တာကြောင့် Low Level
အကောင်တွေတောင် တစ်ချက်ခံရတာနဲ့ သွေးက အတော်လည်း ထိပါတယ်။ ဒါကြောင့်
ဘယ်လောက်သေးတဲ့ ရန်သူဖြစ်နေပစေ ပေါ့ပေါ့တန်တန် သွားမချသင့်ပါဘူး။ နောက်ပြီး
အသားအိုးတွေကို ခွဲရင် item ရတယ်ဆိုပေမယ့် တစ်ခါလေ အသားအိုးတစ္ဆေကြောင့်
မာလကီးယားသွားနိုင်ပါတယ်။ အသားအိုးတစ္ဆေတွေက သွေးတန်းလည်း မာသလို တိုက်တာကလည်း
တကယ်သွက်တဲ့ အကောင်တွေပါ။ ကျန်တာကတော့ ခုန်စွခုန်စွနဲ့ တရုတ်တစ္ဆေတွေ
ကြုံရရင်တော့ အရင်ဆုံး ပြေးထားဖို့ဘဲ အကြံပေးချင်ပါတယ်။ ဘာကြောင့်ဆို အဲ့ဒီ Level
တန်းမှာ ရှိတဲ့ တစ္ဆေတွေဟာ တော်ရုံ ဓား၊ အင်းကွက်တွေနဲ့ သတ်ဖို့ မလွယ်ပါဘူး။
စိတ်ရှည်ပြီး အချိန်ယူ သတ်မှ အဆင်ပြေမှာပါ။
Admin ကတော့ ဒါက Online ဂိမ်းဆိုပေမယ့် ကစားပျော်တယ်လို့ ပြောရမှာဘဲ။ Endless
Nightmare Series က ဂိမ်းတွေက Ads ထည့်ထားတာကလွဲရင် ကျန်တဲ့ Gameplay, Graphic
အပိုင်းတွေကို Free To Play Game တစ်ခုအနေနဲ့ မတန်အောင်ကို
ကြိုးစားဖန်တီးပေးထားတာပါ။ သူတို့အနေနဲ့ ဒီလို Story Based ဂိမ်းတွေကို Paid Game
ထုတ်လိုက်လို့ရပေမယ့် Ads ကိုသာ ယူခဲ့ပြီး ဒါတောင် သေတဲ့အခါကျမှဘဲ
ကြေငြာထိုးပေးတာမလို့ ခဏခဏ Ads တက်နေတဲ့ ဂိမ်းတွေလိုမျိုး မျက်စိနှောက်အောင်လည်း
လုပ်ပေးမထားပါဘူး။ ပြောရရင် ဒီ Developer တွေက Player တွေအပေါ် နားလည်တယ်လို့
ဆိုရမှာပါ။ မင်မင်ကတော့ အခုဂိမ်းလေးကို ကစားကို ကစားကြည့်သင့်တဲ့ Demon Hunter
ဂိမ်းတစ်ခုလို့ အကြံပေးပါတယ်။
Android version | 5 . 0 + |
Developer | 707 INTERACTIVE: Fun Epic Casual Games |
Network | Online |
Price | Free |
App version | 1.1.1 |
Release date | Apr 4, 2023 |
Platform | Android / iOS |
Comments