Punch Kick Duck


° မင်မင်ကိုယ်တိုင် ကစားဖြစ်နေတဲ့ Casual Game ကောင်းလေး တစ်ခုဖြစ်ပြီး ကစားရတာ ပျော်စရာလည်းကောင်းသလို ၊ စိတ်အတော်ရှည်ပြီး သွက်သွက်လက်လက် ကစားနိုင်မှ ဆော့ကြည့်သင့်တဲ့ ဂိမ်းအမျိုးစား တစ်ခုပါ။ Challenge ဖြစ်ချက်ကတော့ Level တက်တိုင်း သိုင်းကွက်တွေကို မယောင်အောင်ဂရုစိုက်ရတဲ့အပြင် Animation ကပါ တခြားဂိမ်းတွေထက် အတော်လေး အူတက်စရာကောင်းတာကြောင့် Gameplay ထက် Animation အပိုင်းကို ပိုပြီး‌တော့တောင် သဘောကျမိပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းလေးကို Australia အခြေစိုက် Shaun Coleman ကနေ ဖန်တီးပေးထားတာ‌ဖြစ်ပြီး Playstore ကော iOS မှာပါ Rating ကောင်းတွေ တစ်ပုံကြီး ပိုင်ဆိုင်ထားတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။
ကစားရတဲ့ ပုံစံက Casual အမျိုးစားဆိုပေမယ့် ဇာတ်လမ်းအရ အချုပ်ခံထားရတဲ့ မြေအောက်ခန်းထဲကနေ တစ်ဆင့် ‌တစ်ထပ်ပြီးတစ်ထပ် လာသမျှ ရန်သူတွေကို လက်ချင်းယှဉ်ထိုးပြီး ထွက်ပြေးရမှာပါ။ Level ပေါ်မူတည်ပြီး တစ်ထပ်ပြီး တစ်ထပ် ပိုခက်ခဲလာမှာဖြစ်တဲ့အပြင် Time Limit နဲ့ အထပ်တစ်ခုချင်းစီက ရန်သူမှန်သမျှကို အကုန်အနိုင်ယူရမှာဖြစ်တာကြောင့် ကြာလို့လည်း မရသလို မှားလို့လည်း မရတဲ့ Challenge ပုံစံမျိုးနဲ့ ကစားပေးရမှာပါ။ 
ကြာလို့မရဘူးဆိုတာက သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားတာနဲ့ အင်အားအကြီးဆုံး ဝက်ဝံကြီးကို ရင်ဆိုင်ရမှာဖြစ်ပြီး ယှဉ် Fight လို့ မရနိုင်တာကြောင့် တန်းရှုံးသွားနိုင်ပါတယ်။ မှားလို့မရတဲ့ အကြောင်းရင်းကတော့ သိုင်းကွက်တွေဖြစ်ပြီး ဒီဂိမ်းရဲ့ အဓိက Challenge အဖြစ်ဆုံးနဲ့ အယောင်ဆုံး အပိုင်းလို့ ဆိုရမယ့် Control ခလုပ်တွေက ရှင်းရှင်းလေးနဲ့ကို တကယ် ကွက်တိဖြစ်ဖို့ ခက်ခဲစေတာပါ။ HP Bar မပါဘဲ တစ်ချက်အထိုးခံရတာနဲ့တင် တန်းမှောက်မှာဖြစ်တာကြောင့် လုံးဝကို မှားလို့မရပါဘူး။ 
ရန်သူဟာ Size အစုံနဲ့ ဘယ်၊ညာကနေ ဝင်လာမှာဖြစ်တာကြောင့် ကိုယ်အသုံးပြုရမယ့် သိုင်းကွက်ဟာလည်း ရန်သူရဲ့ အရွယ်ကိုကြည့်ပြီး တိတိကျကျ တုန့်ပြန်နိုင်မှ အနိုင်ရမယ့် ပုံစံမျိုးလေး ဖန်တီးပေးထားတာပါ။ အရပ်ရှည်တဲ့ကောင်ကို ခြေထိုးတာ ၊ အလယ်လတ်ကောင်ကို လက်သီးကြွေးတာအပြင် ၊ ပုတဲ့ကောင်တွေဆို ခြေထောက်သုံးရတာတွေက ဘယ်ညာနှစ်ဖက်လုံး အချိန်ကိုက်အသုံးပြုနိုင်မှ တော်ရာကျမယ့် Gameplay မျိုးပါ။ အကယ်၍ ရန်သူနဲ့ သိုင်းကွက်တူခဲ့ရင်တောင် ပြန်ကန်ထွက်လာမှာဖြစ်တာကြောင့် သိုင်းကွက်ထုတ်ဖို့အတွက်လည်း အချိန်ပိုရစေပါတယ်။ အခန်းတက်လာတာနဲ့အမျှ ရန်သူ့ဘက်ကနေ လက်နက်တွေပါ အသုံးပြုလာမှာဖြစ်တာကြောင့် ကစားရတာ တစ်ဆင့်ပြီးတစ်ဆင့် Challenge ဖြစ်လာစေမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်အနေနဲ့ကတော့ ဒီဂိမ်းလေးကို Casual ဆိုပြီး လုံးဝ အထင်မသေးစေချင်ဘူး။ ဘာကြောင့်လဲဆိုရင် သုံးထားတဲ့ Graphic နဲ့ Animation အပိုင်းတွေက တကယ်ကို သေသပ်တာကြောင့် Background Sound တွေနဲ့တင် ကစားရတာ အတော်လေး ဆွဲဆောင်မှုရှိတာပါ။ နောက်ထပ် ပိုစိတ်ဝင်စားစေမယ့် အရာတစ်ခုက ဒီဂိမ်းရဲ့ Animation အပိုင်းတွေက ကောင်းသလောက် Reaction အပိုင်းတွေမှာပါ မျက်နှာပြောင်တဲ့ထိ အူတက်စရာကောင်းတဲ့ Scene အချို့ကိုပါ မြင်တွေ့ရအုံးမှာပါ။ ဥပမာ သင် မှောက်သွားမယ်ဆိုရင် ရန်သူတွေအကုန်လုံး ထ ကကြတဲ့ထိ မျက်နှာပြောင်ကြတာကြောင့် သင့်ကို ဆက်မဆော့ ဆော့အောင်ကို ဆွဲဆောင်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ Eyes Movement ကလည်း Realtime ကြည့်တာကြောင့် ရန်သူလေပေါ်မြှောက်တာကနေ နောက်ပြန်ကြည့်တာတွေထိ အသေးစိတ်မြင်တွေ့ရမှာပါ။ Character တွေအနေနဲ့လည်း ဘဲက iconic character ဆိုပေမယ့် ကျန်တဲ့ ခွေးတို့ ကြောင်တို့ကိုလည်း ရွေးချယ်ဝယ်ယူလို့ရသေးတာကြောင့် Graphic Animation ကောင်းကောင်းနဲ့ ကစားချင်တဲ့သူတွေအတွက် တကယ် လက်မလွတ်သင့်ပါဘူး။

Game Information

Android version 4 . 4 +
Developer Shaun Coleman
Network Online
Price Free
App version 1.06
Release date Feb 11, 2023
Platform Android / iOS

⭐ ( HELLO Rating = 8.2 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES