Raji An Ancient Epic

° ဒီလရဲ့ Mobile ဂိမ်းတွေထဲမှာ အလှပဆုံးဂိမ်းတစ်ခုလို့ ဆိုရမယ့်အပြင် PC နဲ့ Consoles မှာပါ ဆုတွေ အများကြီး ရရှိထားတာကြောင့် Mobile ပေါ် ယူဆောင်လာပေးတဲ့ NETFLIX ကိုတောင် ကျေးဇူးတင်ရမှာပါ။ ဂိမ်းပုံစံက Action Adventure အမျိုးစားဖြစ်ပြီး india culture အများစုကို တဝကြီး မြင်တွေ့ခွင့်ရမယ့်အပြင် ဇာတ်လမ်းကစ Hindu Mythology ကနေ ကိုးကားထားတာကြောင့် ထင်ရှားတဲ့ မဟာဘာရတ ၊ ရာမယန ကျမ်းစာပေကြီးတွေရဲ့ အကြောင်းကိုပါ ဗဟုသုတအနေနဲ့ သိရှိခွင့်ရမှာပါ။ ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့အနေနဲ့ ဒီဇိုင်းပိုင်းကစ Pahari painting ပုံစံမျိုးကို ဖော်ပြထားတာကြောင့် တကယ် ဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုလို့ အကြံပေးပါတယ်။ 

( နတ်ဘုရားတွေပါဝင်တာကြောင့် ဘာသာရေးနဲ့ပတ်သတ်ပြီး အမှားပါတာများရှိခဲ့လျှင် နားလည်ခွင့်လွတ်ပေးကြပါလို့ ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ် )
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က ယဉ်ကျေးမှုဆိုင်ရာ ဂိမ်းကြီးလားဆိုပြီး ပျင်းစရာကောင်းမယ်လို့ မထင်နဲ့နော်။ ဇာတ်လမ်းကို ကိုးကားထားတာက ကျမ်းစာထဲက အတိုင်းဖြစ်တယ်ဆိုပေမယ့် Game ရဲ့ မူရင်းဇာတ်လမ်းကလည်း Adventure ဂိမ်းတစ်ခုအနေနဲ့ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။
ဒီ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ Golu နဲ့ Raji ဟာ အရမ်းချစ်ကြတဲ့ မောင်နှမ နှစ်ယောက်ဖြစ်ကြပြီး တစ်နေ့ အသပြာအတွက် ငွေရှာကြရင်းကနေ မထင်ထားတဲ့ နတ်ဆိုး ကျူးကျော်မှုတွေကြောင့် မောင်လေးဖြစ်တဲ့ Golu ဟာ နတ်ဆိုးတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီအဖြစ်ပျက်ကို အစအဆုံးမြင်ခဲ့တဲ့ ဟိန္ဒူဘာသာရဲ့ နတ်ဘုရားမတစ်ဦးဖြစ်တဲ့ " Durga " ဟာ Golu ရဲ့ အစ်မဖြစ်သူ Raji ကို ကာကွယ်သူအဖြစ်နဲ့ ရွေးချယ်ခဲ့ပြီး သူမရဲ့ အင်အားအကြီးဆုံး လက်နက်တွေထဲက တစ်ခုဖြစ်တဲ့ Trishula ကိုတောင် နတ်ဆိုးတွေ နှိမ်နင်းဖို့အတွက် Raji ကို ယုံယုံကြည်ကြည် ပေးအပ်ခဲ့တာပါ။ 
Raji ဟာ အစ်မတစ်ယောက်ဆိုတဲ့အတိုင်း သူမရဲ့ မောင်လေးကို ကယ်တင်ဖို့သာ ခေါင်းထဲမှာရှိခဲ့ပြီး သူမရင်ဆိုင်ရမယ့် နတ်ဘီလူး ၊ နတ်ဆိုး တွေဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာကိုတောင် မျက်လုံးထဲ မမြင်ခဲ့ပါဘူး။ နတ်ဘုရားမ " Durga " ဟာ သူမအဆင်သင့်ဖြစ်စေဖို့အတွက် လေ့ကျင့်မှုတွေကို လက်တွေ့ကွင်းဆင်းစေခဲ့ပြီး နတ်ဘီလူးတွေကို နှိမ်နင်းဖို့နဲ့ သူမရဲ့ စွမ်းအားကြီးဆုံး Trishula ကို ဘယ်လို အသုံးချရမလဲဆိုတာကိုပါ တစ်ခါတည်း လမ်းပြပေးသွားတာပါ။ နတ်ဆိုးတွေ ဖမ်းဆီးသွားတဲ့ထဲမှာ Raji ရဲ့ မောင်လေးအပြင် တခြားကလေးငယ်တွေကိုပါ ပြန်ပေးဆွဲသွားတာကြောင့် ဒီနတ်ဆိုးတွေရဲ့ လုပ်ရပ်ကို ရပ်တန့်နိုင်ဖို့ဆိုတာက Raji ရဲ့ ကြိုးစားမှုပေါ်မှာဘဲ မူတည်နေပါတယ်။ နတ်ဘုရားတွေရဲ့ အရေးကိစ္စကို သာမန်ကောင်မလေးတစ်ယောက်က ကူညီနိုင်ပါ့မလားဆိုတာကတော့ ဒီဂိမ်းလေးရဲ့ စိတ်ဝင်စားစရာအပိုင်းတစ်ခုပါဘဲ။
Action Adventure ဆိုတဲ့အတိုင်း Puzzle တွေ Fighting Combat တွေကတော့ ပါဝင်မှာဖြစ်ပြီး Hindu Mythology ဂိမ်းတစ်ခုအနေနဲ့တောင် အရမ်းအရမ်းကို လှပတဲ့ indie culture ဒီဇိုင်းတွေကို တဝကြီး မြင်တွေ့ရမှာပါ။ အဲ့ဒါကြောင့် Background Graphic အပိုင်းတွေက လုံးဝကို ရင်သပ်ရှုမောချင်စရာ ကောင်းနေမှာဖြစ်ပြီး Environment ကို ဖန်တီးထားတဲ့ Atmosphere ကလည်း တကယ် Hindu Mythology ထဲကို ဝင်လေ့လာနေရသလိုထိ ခံစားရစေမှာပါ။ နတ်ဘုရားအကြောင်းတွေကို ဇာတ်ရိုးအတိုင်း အကျဉ်းချုပ် လေ့လာခွင့်ရမှာမလို့ တခြားဂိမ်းတွေနဲ့ မတူတဲ့ Vibe မျိုးကိုပါ ခံစားရရှိစေမှာပါ။ 
Graphic ပိုင်းတွေ ကောင်းပြီး Gameplay မှာ အဆင်ပြေပါ့မလားဆိုပြီး စိတ်မပူနဲ့နော်။ ဒီ Developer တွေက Gameplay ပိုင်းရဲ့ Combat အပိုင်းတွေကိုပါ တကယ် Mythology Power Effect နဲ့ ကိုက်ညီအောင် အသုံးပြုထားတဲ့အပြင် Combo တွေ Fighting Tricks တွေကစ Action ပေါ် မူတည်ပြီး မျိုးစုံ အသုံးပြုနိုင်အောင် သေချာဖန်တီးပေးထားတာပါ။ Close Combat ကနေ အဝေးပစ်တွေထိ Fighting အပိုင်းတွေမှာ Dash လုပ်ပြီး ကစားနိုင်တာကြောင့် Adventure အမျိုးစားကိုမှ Action ဆန်ဆန်နဲ့ကို ကစားခွင့်ရမှာပါ။ Graphic ပိုင်းမှာလည်း Mobile အတွက် Optimization ဖြစ်တဲ့အပြင် Control ကပါ လွယ်လွယ်ကူကူ ထိန်းချုပ်ရ လွယ်တာကြောင့် Mobile Game တွေထဲက ဆော့ကို ဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုလို့ အကြံပေးပါတယ်။ 

( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin ကတော့ Graphic အပြင်ဆင်နဲ့တင် အရမ်းသဘောကျနေတာဖြစ်ပြီး Mobile ဂိမ်းတစ်ခုအနေနဲ့ကို ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ ဒီ Raji ဂိမ်းက အရင်ဦးဆုံး Nintendo Switch မှာ ထုတ်ပေးခဲ့တာဖြစ်ပြီး နောက်ကျမှ တခြား Consoles နဲ့ PC ပေါ်တွေမှာ ခြေဆန့်လာနိုင်ခဲ့တာပါ။ အဲ့ဒီလို ကျယ်ပြန့်လာတဲ့အခါမှာလည်း Winning awards တွေ များစွာ ရရှိခဲ့ပြီး Positive Review တွေ အမြောက်အများရရှိထားသေးတာကြောင့် တကယ်ကို ဂိမ်းကောင်းလေးတစ်ခုလို့ ပြောရမှာပါ။ 
Admin သဘောကျတာက Graphic ပိုင်းတင်မကဘဲ Combat Action အပိုင်းတွေမှာပါ တကယ် အားရမိပါတယ်။ ဘာကြောင့်လဲဆိုရင် ချတဲ့နေရာမှာ ပုံသေကြီးအတိုင်းမဟုတ်ဘဲ Finishing လုပ်တာတွေအပြင် ဘေးပတ်ဝန်းကျင်ပေါ်မူတည်ပြီးလည်း Combat အပိုင်းတွေကိုပါ ထပ်ထုတ်လို့ရသေးပါတယ်။ နောက်ပြီး တကယ့်ကျမ်းစာထဲက နတ်ဘုရားကိုင်ဆောင်တဲ့ လက်နက်တစ်ခုကို အခုလို ဂိမ်းထဲမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုရတော့မှာဆိုတော့ ကစားရတာ အားလဲရသလို ထွက်လာတဲ့ Lighting Effect တွေကလည်း ပုံစံတစ်မျိုးစီနဲ့ အတော်လေးကို အားရမိပါတယ်။ 
[ ဂိမ်းက Size လည်း များတာကြောင့် Install တင်ရင် Storage များများရှိဖို့လိုတယ်နော်။ နောက်ပြီး ပထမဆုံး အကြိမ် ဂိမ်းထဲ ဝင်တဲ့အခါမှာ အမဲ screen ကြီးဘဲ ပေါ်နေရင် ပြန်မထွက်ဘဲ အချိန်တစ်ခုထိ စောင့်ပေးရမှာပါ။ မဟုတ်ရင် File ဖြည်တာ မပြည့်တဲ့အခါ တစ်ချို့ In Game Level တွေက Bug ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ကြာချိန်က ကိုယ့်ရဲ့ Device ပေါ် မူတည်ပြီး ခဏဘဲ စောင့်ပေးရမှာပါ။ ]

#HELLOYDB

Game Information

Android version 8 . 0 +
Developer NETFLIX
Network Offline
Price Paid
App version 2.0
Release date Mar 30, 2023
Platform Android / iOS

⭐ ( HELLO Rating = 8.8/ 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES