Super Beasts Gang Up
° ဒီနေ့ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ အားလုံးသဘောကျစေမယ့် ပျော်စရာ
ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး အနီးစပ်ဆုံး Party Animals ကို Inspired
ယူထားတာကြောင့် Multiplayer အနေနဲ့ သူငယ်ချင်း ၊ ချစ်သူရည်းစားတွေနဲ့ပါ အတူတူ
ကစားလို့ရမှာပါ။ Single လေးတွေပါ Random Partner နဲ့ ကစားလို့ရတာကြောင့်
အားမငယ်ပါနဲ့အုံးနော်။ အဓိက ဒီဂိမ်းကို သဘောကျစေမှာက ရယ်စရာကောင်းတဲ့
တိရိစ္ဆာန်လေးတွေအပြင် Gameplay ပုံစံကပါ တစ်ဖက်နဲ့တစ်ဖက် ရှယ်နပန်းလုံးရမှာမလို့
အဖွဲ့လိုက် ရန်ဖြစ်ချင်တဲ့ သမီးရည်းစားတွေကတော့ လုံးဝ စိတ်ထွက်ပေါက်ဖြစ်စေမှာပါ။
ကစားရမယ့် ပုံစံ မျိုးစုံ ပါဝင်ပေမယ့် အကောင်းဆုံးကတော့
အကျင့်ယုတ်လို့ရတာဖြစ်ပြီး ကိုင်ပေါက်တာတွေ ၊ တွန်းချတာတွေထိပါ မျိုးစုံ
ယုတ်မာလို့ရပါတယ်။ .
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဂိမ်းရဲ့ Character တွေက Party Animals လောက် Polish မဖြစ်ပေမယ့် Gameplay ကတော့
ကစားရတာ တကယ်ပျော်စရာကောင်းပါတယ်။ ပါဝင်တဲ့ Mode တွေက Brawl ဖြစ်တဲ့ တစ်ဖက်
သုံးယောက်စီ နပန်းလုံးကြတာတွေအပြင် နောက်ထပ် ရရှိလာတဲ့ Stars
အရေတွက်ပေါ်မူတည်ပြီး Soccer ဖြစ်တဲ့ ဘောလုံးကန်တာတွေ ၊ Kick The King ဖြစ်တဲ့
Top One တွေကို လိုက်တွယ်တာတွေ ၊ Run Race ဖြစ်တဲ့ Puzzle Road တွေမှာ
အပြေးပြိုင်တာတွေအပြင် အမိုက်ဆုံးနဲ့ အရယ်ရဆုံးကတော့ Steal The Chicken ဖြစ်တဲ့
ကြက်လိုက် ခိုးတာတွေပါ အုပ်စုဖွဲ့ပြီး ကစားလို့ရမှာပါ။ အခု ပြောပြသွားတဲ့
Gameplay Mode တွေအကုန်လုံးမှာ နပန်းလုံးတာက ကန့်သတ်မထားတာကြောင့် ဘာကြီးဘဲနေနေ
အတူတူပေါင်းပြီး ယုတ်မာလို့ရပါတယ်။
Gameplay က Fun ဖြစ်သလို Character တွေကလည်း Random Gacha ပုံစံနဲ့ Accessories
တွေပါ အလှဆင်ပေးလို့ရပါသေးတယ်။ အကယ်၍ Same Cards ထပ်ပေါက်ခဲ့ရင်တောင် Level Up
လို့ရတာကြောင့် ဂိမ်းက Pay To Win တော့ ဆန်ပါတယ်။ ဒါပေမယ့်လည်း အများစုက Level
နဲ့ Stars ပေါ်မူတည်ပြီး Rewards တွေ တစ်ပုံကြီး ပေးထားတာကြောင့်
အပျော်ဆော့မယ့်သူတွေအတွက် ဆော့ပျော်စေမှာပါ။ နောက်တစ်ခုက Gameplay အတွက် Fighting
Tricks တွေကို Unlock လုပ်ပေးသေးတာကြောင့် ကစားရတာ ပိုပိုပြီး
စိတ်ဝင်စားစရာကောင်းပါတယ်။ Knockout ဖြစ်သွားရင် ကိုယ့်ဘာကို ပြန်ထူလို့ရသလို
Partner ကောင်းရင်လည်း လွယ်လွယ်နဲ့ အနိုင်ယူလို့ရပါတယ်။ ဒါပေမယ့် ပစ္စည်းတွေနဲ့
ပေါက်ရင် အကုန်ခံရတာကိုတော့ ဆေးထိုးမယ့်သူတွေ သတိထားစေချင်တယ်။ Overall ပြောရရင်
Funny Game ကောင်းလေးတစ်ခုမလို့ အပျင်းပြေကစားမယ့်သူတွေအတွက် Recommend
ပေးပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Game က အသစ်ဆိုတော့ Server Issues တစ်ခါလေ ဖြစ်တတ်တာကို သတိထားစေချင်တယ်။ Account
ကတော့ Facebook နဲ့ဘဲ ချိတ်လို့ရတာဖြစ်ပြီး Guest Account နဲ့လည်း
ကစားလို့ရပါတယ်။ Team ကစားမယ့်သူတွေက အနည်းဆုံး အရင် သုံးပွဲလောက်
ကစားပေးရမှာဖြစ်ပြီး ပြီးမှ ID Share လုပ်ပြီး invite friends နဲ့ Rewards
တွေကိုပါ ရယူလို့ရပါတယ်။
ဂိမ်းနဲ့ ပတ်သတ်ပြီး ပြောစရာမရှိတော့ပေမယ့် ရည်းစားနဲ့ အတူတူ ကစားမယ့်သူတွေအတွက်
အခုဂိမ်းသစ်လေးကို Recommend ပေးတယ်နော်။ ဘာကြောင့်လဲဆို မတော်တဆ ကိုယ့်လူကို
ပြန်တွယ်မိရင်တောင် စိတ်ဆိုးစိတ်ကောက်ဖို့က ရာခိုင်နှုန်းများတာကြောင့်
သမီးရည်းစားများ ကံကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Android version | 5 . 1 + |
Developer | Kimura Games |
Network | Online |
Price | Free |
App version | 0.4.45 |
Release date | Apr 10, 2023 |
Platform | Android |
Comments