Terra Nil

0% COMMUNITY SCORE
LOADING...
RATE:
° ဒီတစ်ခါ ဂိမ်းသစ်လေးကတော့ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတွေအတွက် လုံးဝကို လက်မလွတ်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ Admin အတွက်တော့ ဒီလို ဂိမ်းမျိုးတွေက Relaxing ဖြစ်ရုံတင်မကဘဲ သဘာဝကို ကိုယ်တိုင် စိတ်ကြိုက် ပုံဖော်ပေးနေရတော့ အရမ်းကိုမှ Satisfied ဖြစ်မိပါတယ်။ Simulation ကိုမှ Strategy ပုံစံလေးနဲ့ သေချာ Management လုပ်ပြီး ကစားပေးရမှာဖြစ်တာကြောင့် အေးအေးဆေးဆေးနဲ့ Chill လို့ကောင်းစေမယ်ဆိုတာ လုံးဝကို အာမခံတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Strategy ကြီး မြင်ပြီး ကစားရတာ ပျင်းစရာကောင်းမယ်လို့ မထင်နဲ့နော်။ ဒီဂိမ်းရဲ့ အဓိက အချက်က သဘာဝကို ဖန်တီးယူရတာမလို့ တဖြည်းဖြည်းနဲ့ ဘယ်လို Evolution ဖြစ်သွားမယ်ဆိုတာကို ကိုယ်ကိုတိုင်က ကြိုးစားဖန်တီး‌ပေးရမှာပါ။ အဆင့်တွေ အများကြီးရှိပေမယ့် အလွယ်ပြောရရင်တော့ ပြုပြင်မယ် ၊ ဖန်တီးမယ် ၊ ပြန်လည်အသုံးချမယ်ဆိုတဲ့ အကြောင်းရာ သုံးချက်ပေါ်ကို အမှီပြုထားတာပါ။ 
ပထမဆုံး အဆင့်မှာဆိုရင် အရင်ဆုံး ပျက်ဆီးလုနီးပါးဖြစ်နေတဲ့ မြေဆီလွှာကို ပြုပြင်ပေးရမှာဖြစ်ပြီး အဲ့ဒီအတွက် လိုအပ်တဲ့ စက်ရုံတွေကို တဆင့်ခြင်းတည်ဆောက်ပေးသွားရမှာပါ။ စက်ရုံ စတင်ဖို့အတွက် လျှပ်စစ်လိုအပ်မှာဖြစ်ပြီး အဲ့ဒီအတွက် လေအားလျှပ်စစ်ကို ထုတ်ယူပြီးတော့မှ စက်ရုံတွေကို အကွာဝေး ၊ ဓာတ်အား အကန့်သတ်နဲ့ ဖြန့်ဖြူးပေးရမှာပါ။ လျှပ်စစ်ရပြီဆိုတာနဲ့ စက်ရုံတွေ စတင်လို့ရပြီး သဘောအကျဆုံးအပိုင်းက အခုကနေဘဲ စတင်တော့မှာပါ။ 
မြေဆီလွှာကို ပြုပြင်ဖို့အတွက် စက်ရုံသီးသန့် ပါဝင်ပြီး ပေါင်းပင်တွေ ပေါ်ထွက်လာဖို့ဆိုတာက နောက်ထပ် မြေဩဇာစက်ရုံ သက်သက် တည်ဆောက်ပေးရမှာပါ။ မြေဆီလွှာကို ပြုပြင်တဲ့အခါ ခြောက်သွေ့နေတဲ့ မြေကွက်ကနေ မြေအစိုပြောင်းသွားမှာဖြစ်ပြီး ပေါင်းပင်အတွက် သီးသန့်စက်ရုံ တည်ဆောက်ပေးမှ အဲ့ဒီမြေကွက်တွေဟာ အစိမ်းရောင် မြက်ခင်းပြင်တွေအဖြစ် ပြောင်းလဲသွားမှာပါ။ ဘာကြောင့်မှန်း မသိပေမယ့် အဲ့ဒီလို ဆင့်ကဲပြောင်းသွားတာကိုက ကြည့်ရင်းနဲ့ကို အရမ်းကျေနပ်စရာကောင်းပြီး မြေဆီလွှာစက်ရုံကနေ ရေအတန်းလိုက်ကြီး ဖြန်းလိုက်တဲ့ အခိုက်တန့်တွေဆိုရင် တကယ်ကို စိတ်ထဲမှာ အရမ်း satisfied ဖြစ်မိတယ်။ 
အဲ့ဒီလိုကနေ ပထမအဆင့်ဖြစ်တဲ့ မြေဆီလွှာပြုပြင်မှုဟာ မြေသားတွေကို ထိန်းသိမ်းပေးရုံတင်မကဘဲ နောက်ထပ် မြေအောက်ရေတွေကို ထုတ်ယူပြီး မြစ် ၊ ချောင်း ၊ အင်း ၊ ကန် တွေကိုပါ ဖန်တီးယူလို့ ရသေးတာကြောင့် အရမ်းကို အားရစရာကောင်းပါတယ်။ ကန်ဖောက်ဖို့အတွက် စက်တွေ ထပ်ပြီး အသုံးပြုလို့ရသလို အဲ့အတွက်လည်း လျှပ်စစ်က အတော်ကို လိုအပ်မှာဖြစ်တာကြောင့် ကျောက်ဆောင်တွေပေါ်မှာ လေအားလျှပ်စစ်တိုင်တွေကို လိုအပ်ရင်လိုအပ်သလောက် ခပ်များများဆောက်ပေးသင့်ပါတယ်။ 
ဆိုတော့ နောက်ထပ် ဒုတိယအဆင့်မှာတော့ အရမ်းကို မှော်ဆန်သွားပြီး အဆင်သင့်ဖြစ်နေတဲ့ မြေဆီလွှာတွေ ၊ ရေကန်တွေကို သဘာဝအလှတွေနဲ့ ရောင်စုံဖုံးပေးရတော့မှာပါ။ ဒီအပိုင်းက အရေးလည်းကြီးသလို အခပ်မသင့်ရင် မြေဆီလွှာမညီတာမျိုးတွေကိုပါ ကြုံရနိုင်ပါတယ်။ ချောင်းတွေ ၊ အင်းတွေ ၊ ကန်တွေအတွက် ‌ရေနဲ့ပတ်သတ်တဲ့ အပင်မျိုးစိပ်တွေကို ထုတ်ပေးနိုင်တဲ့ စက်ရုံကို အသုံးပြုလို့ရပြီး တစ်ခါတည်း တည်ဆောက်လိုက်တာနဲ့ ချက်ချင်းဆိုသလို အဲ့ဒီစက်ရုံရဲ့ ပတ်ပတ်လည်ဟာ ရေမှော်တွေ ၊ ဗေဒါပင်တွေနဲ့ တကယ့်တောအိုင်ကြီးလို မှော်ဆန်ဆန်ပြောင်းလဲသွားမှာပါ။ 
နောက်ထပ်တစ်ခုက ကုန်းမြေပေါ်က သစ်ပင်တစ်ပင်တည်းကို မျိုးစေ့ချပေးလိုက်ရင် ဆက်တိုက်ဆိုသလို သီးပင်တွေ စပေါက်လာမှာဖြစ်ပြီး အလယ်လတ်အပင်အမျိုးစားတွေကို အပင်ရိုင်းအနေနဲ့ အများကြီး မြင်တွေ့ရမှာပါ။ ဒါပေမယ့် ထူးခြားတဲ့ အပိုင်းလေးက အဲ့ဒီ အပင်ရိုင်းတွေကို မီးလောင်တိုက်သွင်းပြီး မြေဩဇာပြာအဖြစ်နဲ့ နောက်ထပ် တောအုပ်ကြီးတစ်ခုကို ဆက်ဖန်တီးလို့ရသေးတာကြောင့် တကယ်ကို အံ့ဩစရာကောင်းလောက်အောင်ကို ဆင့်ကဲ့ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့ရမှာပါ။ 
ပျက်‌ဆီးနေတဲ့ မြေဆီလွှာကနေ အခုလို သဘာဝအတိုင်း တောအုပ်ကြီးတွေ ဖန်တီးလိုက်ရတယ်ဆိုတာက နတ်ဘုရားတွေဖန်တီးတာထက် နည်းပညာရဲ့ အကူညီကို အသုံးပြုပြီး သဘာဝကို ပြုပြင်ပေးလိုက်ရတဲ့ အရသာဟာ တကယ်ကို Powerful ဖြစ်သလို ခံစားမိတယ်။ ဒါဆို စက်ရုံတွေက ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ဘူးလားဆိုရင် ကြာလာရင်တော့ အန္တရာယ်ရှိနိုင်တာကြောင့် အဲ့ဒီအတွက် Recycle နည်းပညာတွေကို ဆက်ပြီးအသုံးချသွားရမှာပါ။ ဒီအပိုင်းကတော့ တကယ်ကို လေးစားထိုက်ပြီး အဓိက ဒီဂိမ်းရဲ့ ဆိုလိုတဲ့ Point ကို ထိထိမိမိနဲ့ ပုံဖော်ပြသွားနိုင်ပါတယ်။ 
အဓိက ဒီဂိမ်းရဲ့ ပန်းတိုင်က ပျက်‌ဆီးနေတဲ့ မြေဆီလွှာတွေကို ပြုပြင်ပေးရမှာဖြစ်ပြီး သဘာဝအတိုင်း အဆင်ပြေသွားပြီ‌ဆိုရင်တော့ စက်ရုံတွေဟာ အရေးမပါတော့ပါဘူး။ အဲ့အတွက် Recycle နည်းပညာတွေကို အသုံးပြုပြီး စက်ရုံတွေကို ပြန်ဖျက်ဆီးလို့ရသလို အဲ့က ထွက်လာမယ့် Toxic တွေ၊ ဘေးထွက်ဆိုးကျိုးတွေကြောင့် လေထုညစ်ညမ်းမှု မဖြစ်စေလာဖို့အတွက်ပါ သီးသန့် လေထုသန့်စင်တဲ့ အဆောက်အဦးကြီးတွေ တည်ဆောက်ပေးထားလို့ရပါတယ်။ Recycle 100% ပြည့်ဖို့အတွက် မလိုအပ်တဲ့ စက်ရုံတွေထက် စက်ရုံအကုန်လုံးနီးပါးကို ပြန်ဖျက်ဆီးပေးရမှာပါ။
ဘာကြောင့်ဆို သဘာဝဟာ စတင်ဟန်ချက်ညီနေပြီမလို့ နေရာ ၊ ဒေသ ၊ စားကျက်မြေတွေပေါ်မူတည်ပြီး တိရိစ္ဆာန်လေးတွေပါ လာရောက်နေထိုင်ကြတော့မှာမလို့ နောက်ထပ် Animal Research အပိုင်းတွေကိုပါ ဆက်ပြီး လေ့လာ သင်ယူလို့ရပါတယ်။ ဥပမာ ဘယ်သတ္တဝါက ဘယ်လိုမြေမျိုးမှာနေတယ်၊ ဘယ်သတ္တဝါကတော့ ဘယ်လို ပတ်ဝန်ကျင်မျိုးမှ နေထိုင်ကြတယ်ဆိုတာကို မှတ်တမ်းအလိုက် လိုအပ်ရင် လိုအပ်သလို စက်ရုံတွေအသုံးပြုပြီး သဘာဝကို ဆက်လက်ဖန်တီးပေးသွားရမှာပါ။ ခုနကပြောသလို လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ရပြီဆိုတာနဲ့ Recycle လုပ်ဖို့က အမြဲလိုအပ်နေမှာပါ။ 
ဒါက ဂိမ်းရဲ့ သဘောတရားတွေဖြစ်ပြီး နောက်ထပ်လည်း အများကြီး ပါဝင်သေးတာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ အခု Admin ‌ပြောပြတာတွေက အခြေခံသဘောတရားလောက်ဘဲ ရှိသေးတာပါ။ Gameplay ကတော့ Turn Based ရဲ့ ကျားကွက်ကို အခြေခံထားတာကြောင့် မြေကွက်အများကြီး အရေတွက်လိုက် Management လုပ်ပေးရမှာဖြစ်ပြီး စက်ရုံတစ်ခုတည်ဆောက်တိုင်းလည်း မြေကွက်ဘယ်လောက်ထိ ရောက်မယ်ဆိုတဲ့ Limit ကန့်သတ်ချက်တွေကို သေချာစိစစ်ပြီး အသုံးပြုပေးရမှာပါ။ မဟုတ်ရင် မလိုအပ်ဘဲ မြေကွက်ထပ်နေတာမျိုးတွေ ၊ လျှပ်စစ်ပိုကုန်တာ‌မျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒါကြောင့် တည်ဆောက်တဲ့အပိုင်းမှာ စနစ်တကျရှိဖို့ လိုအပ်ပြီး မြေဆီလွှာအားလုံး ပြန်ကောင်းဖို့ဆိုတာက သင်တည်ဆောက်တဲ့ idea ပေါ် မူတည်နေမယ့် Strategy ဂိမ်းပုံစံမျိုးလေးပါ။ နောက်ပြီး Background Sound လေးတွေနဲ့ ငြိမ့်လို့အရမ်းကောင်းတာကြောင့် သဘာဝကို အေးအေးဆေးဆေး ဖန်တီးယူရုံဘဲ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin အတွက်ကတော့ ဒီဂိမ်းက လုံးဝ Favorite ဖြစ်နိုင်ပြီး အခုလို သဘာဝကြီးကို နည်းပညာနဲ့ ပြုပြင်နိုင်တယ်ဆိုတာက လူသားတိုင်းရဲ့ အကြီးမားဆုံး အိမ်မက်တစ်ခုလို့ ဆိုရမှာပါ။ အခုလို ပျက်ဆီးနေတဲ့ သဘာဝကို နည်းပညာနဲ့ ပြုပြင်ပေးရုံတင်မကဘဲ နည်းပညာကြောင့် သဘာဝကို မပျက်‌ဆီးသွားစေဖို့အတွက်ပါ Recycle နည်းပညာတွေကို ဆက်လက်အသုံးချသွားတာကြောင့် တကယ်ကို အံ့ဩစရာကောင်းလောက်အောင် အားကျမိပါတယ်။
တကယ့်လက်တွေ့အပြင်မှာဆိုရင် ဒီလို လုပ်ဆောင်ဖို့က လူ့သက်တမ်းအတွက် ကန့်သတ်ချက်ကို ကျော်လွန်နေမှာဖြစ်တာကြောင့် အနည်းဆုံးမဖြစ်နိုင်တောင် AI တွေ နည်းပညာမြင့် သက်ရှိတွေကဘဲ အခုလိုမျိုးတွေကို ထိန်းသိမ်းသွားနိုင်မှာပါ။ ကိုယ်တွေလည်း အဲ့လောက်သက်တမ်းထိ သဘာဝကြီး ပြုပြင်ပြောင်းလဲလာတာကို ကိုယ်တိုင်ကြည့်ဖို့ မသေချာပေမယ့် အခုလို Game ထဲကနေ စိတ်ကူးနဲ့လက်တွေ့ အကောင်ထည်ဖော်ခွင့်ရတာကြောင့် ဒီဂိမ်းလေးကို အရမ်းအရမ်းသဘောကျမိတာ ပြောမပြတတ်အောင်ပါဘဲ။ Admin က over လုပ်နေတယ်လို့ ထင်ရပေမယ့် Nature နဲ့ ပတ်သတ်ရင် ကိုယ်တိုင်လည်း စိတ်ပါလက်ပါ လုပ်ဆောင်သူတစ်ယောက်ပါနော်။

Game Information

Android version 8 . 0 +
Developer NETFLIX
Network Offline
Price Paid
App version 0.2.819
Release date Mar 23., 2023
Platform Android / iOS

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...