MIYA

°            အသစ်ထွက်လာတဲ့ ဒီဂိမ်းလေးက Admin ကိုယ်တိုင်တောင် Suprise ဖြစ်လွန်းလို့ အချိန်ပေးကစားဖြစ်နေတဲ့ Hack and Slash ပုံစံ Action Game ကောင်းလေးတစ်ခုဖြစ်ပြီး Online Game တွေ ခေတ်စားနေတဲ့အချိန်မှာ ဒီဂိမ်းလေးက Offline အနေနဲ့ ထုတ်ပေးထားတာမလို့ အတော်လေး အထင်ကြီးမိတယ်လို့ ပြောရမှာပါ။ Graphic ကစ Next-Generation ကို မှီတဲ့အပြင် Gameplay ကပါ မထင်ထားဘဲ Admin ကိုယ်တိုင်တောင် အူတွေအသည်းတွေ တမိမိဖြစ်တဲ့ထိ မနိုင်မချင်း ပြန်တွယ်နေရတဲ့ထိကို ဆွဲဆောင်မှုရှိပါတယ်။ Pay To Win , Gacha ဘာညာ ပါတဲ့ Trash Game တစ်ခု မဟုတ်တာကြောင့် အထူးသဖြင့် Mobile Male Player တွေက ပိုလို့တောင် ဆော့ဖူးသင့်တယ်လို့ အကြံပေးပါတယ်။  
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က တကယ် ရိုးရှင်းတာကြောင့် များများစားစား ပြောစရာမရှိပေမယ့် Challenge တစ်အားဖြစ်လွန်းတာကြောင့် ဒီဂိမ်းကို ကစားတိုင်း မ‌ရှုံးဘူးတဲ့သူ မရှိဘူးဆိုတာ လုံးဝကို အာမခံပါတယ်။ Storyline ထက် Main Boss ကို Chapter 5 ခုထိ ခွဲပေးထားပြီး တစ်ခုချင်းစီတိုင်းမှာ Survival Mode လိုမျိုး Round and Round ပုံစံနဲ့ Enemies တွေကို ယှဉ်သတ်ပြီး Boss Level ထိသွားရမှာပါ။ Round တစ်ခုပြီးတိုင်း Archer Game တွေရဲ့ Power Up ပုံစံမျိုး Option 3 ခု ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပြီး  Extra Ability နဲ့ Attack, HP တွေကို Random အလိုက် Upgrade လုပ်ခွင့်ရမှာပါ။ အကယ်၍ ဆင်တူ Option ကျခဲ့ရင်တောင် Level တိုးပေးတာမလို့ သေချာရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ 
Enemies ဆီက Drop လာတဲ့ Currency နဲ့ Base ထဲမှာ Outfit, Costume တွေကို ရွေးချယ်ဝယ်ယူလို့ရတဲ့အပြင် တစ်ချို့ Outfit တွေဆိုရင်လည်း သတ်မှတ်ထားတဲ့ Boss level ကို နိုင်အောင် တိုက်နိုင်တာနဲ့ Free ရရှိအုံးမှာပါ။ နောက်ထပ် အရေးကြီးဆုံးအချက်က Character Upgrade အပိုင်းဖြစ်ပြီး ပျားအုံကွန်ယက်ပုံစံနဲ့ Attack, Health, Power အကုန်လုံးကို သေချာလေး Balance ဖြစ်အောင် သင်ယူရမှာဘဲဖြစ်ပါတယ်။ Upgrade တိုင်းရဲ့ ကုန်ကျစရိတ်ဟာ တဖြည်းဖြည်း တိုးသွားမှာမလို့ အကုန် Unlock ဖြစ်ဖို့ဆိုရင် အတော်လေးကို အချိန်ပေးပြီး စုကစားရမှာပါ။ 
ဘာကြောင့် စုဖို့ရာ ပြောရလဲဆိုရင် ဒီ Game က  Mobile တွေရဲ့ Traditional စနစ်ကြီး တစ်ခုဖြစ်တဲ့ Money Pulling ဆန်တဲ့ Gacha တွေ ၊ Microtransaction တွေကို ထည့်ပေးမထားတာကြောင့် Outfit Rewards အတွက် Ads Task တစ်ခုကလွဲရင် ကျန်တာ Real Money တစ်ပြားမှကို သုံးစရာမလိုတာပါ။ ကိုယ်ထူကိုယ်ထ မလို့ Outfit လှလှလေးတွေ သုံးချင်ရင်ဘဲဖြစ်ဖြစ် ၊ Boss တွေကို မနိုင်လို့ Character Upgrade ဘဲ လုပ်ချင်ရင်ဖြစ်ဖြစ် ကိုယ့်ဘာကိုယ် စိတ်ရှည်ရှည်နဲ့ ကစားရမှာဘဲဖြစ်ပါတယ်။ တကယ် Fair ဖြစ်တာကြောင့် အချိန်ပေးရတာ Worthy ဖြစ်တဲ့ Game တစ်ခုပါ။ 
Game ရဲ့ ဒီဇိုင်းကတော့ Sci-fi အသွင် ယူထားပြီး အဓိက Main Character ကို Miya ဆိုတဲ့ Warrior Girl တစ်ယောက်အနေနဲ့ ထည့်သွင်းပေးထားတာပါ။ Anime Style ကို ယူထားပေမယ့် လုံးဝကို Character Model က Sexy ကျလွန်းတဲ့အပြင် Outfit တွေနဲ့ပါ ဆွဲဆောင်ထားတာကြောင့် ဆော့ရတာ တကယ်တန်တဲ့ ဂိမ်းတစ်ခုပါ။ အထူးသဖြင့် Model အပိုင်းတောင် ဒီလောက်ကြည့်ကောင်းနေတာမလို့ Graphic Detail နဲ့ပတ်သတ်ပြီး Lighting, Shadow တွေဟာ Body Part တစ်ခုချင်းဆီကို အချိုးစားကျကျနဲ့ ထင်ဟပ်နေစေတော့  Sexy Body အမိုက်‌စားတွေကို ကစားရင်းနဲ့ တဝကြီး ရှုစားရမှာပါ။ ဒါတောင် Outfit ပေါ် မူတည်ပြီး Clothes Movement တွေပါ ထည့်သွင်းပေးထားတာမလို့ Game Physics နဲ့ ပတ်သတ်ပြီးတော့ပါ ဆွဲဆောင်မှုရှိစေပါတယ်။ 

( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

အမှန်တိုင်း ပြောရရင် အစက Admin ကိုယ်တိုင် ဒီဂိမ်းကို အပေါစားဆန်တယ်လို့ ထင်မိခဲ့တာ။ ဒီလို Graphic မျိုးတွေက Online Game ဖြစ်ဖို့ များတဲ့အပြင် လှလှပပလေးတွေမလို့ Money သုံးရမှာ သေချာပေါက်ဘဲလို့ ထင်ထားခဲ့မိတာပါ။ ဒါပေမယ့် တကယ်ဆော့ကြည့်လိုက်တော့ Game ထဲကို Network မပါဘဲနဲ့တောင် တန်းဝင်သွားတဲ့အပြင် Graphic ကစ Game Optimizing အပိုင်းတွေပါ နိုင်နိုင်နင်းနင်း ဖန်တီးပေးထားတော့ အတော်လေး Suprise ဖြစ်မိတယ်။ အဲဒီမှာ နောက်ထပ် Admin ထပ်ပြီး ပျင်းစရာကောင်းတယ်လို့ ထင်မိတဲ့ အချက်က Enemies တွေက ရိုးရှင်းပြီး လွယ်တယ်လို့ ထင်မိတာပါ။ Combo ကလည်း One Way ဘဲထုတ်လို့ရတယ်ဆိုပြီး ထင်ထားခဲ့ပေမယ့် ဆော့ပါများလာတော့ Game မှာပါတဲ့ Ability တွေ ပုံစံတွေက တစ်နေရာနဲ့ တစ်နေရာ အရမ်းကွာတယ်ဆိုတာပါ။ 
Admin ဘာလို့ ဆော့ပါများလာလဲဆိုရင် Outfit ကြောင့် ဖြစ်ပြီး Level 1 မှာတင်ကို Coins အတော်စုလိုက်ရပါတယ်။ ဒါပေမယ့် Next Level လဲ တက်ရော ခွေးလုံးလုံးကို ဖြစ်တော့တာဘဲ။ ဘာကြောင့်လဲဆို Enemies တွေက တဖြည်းဖြည်း အဆင့်မြှင့်လာတဲ့အပြင် Combat နဲ့ Ability ရွေးချယ်မှုတွေကပါ အတော်လေးကို အရေးပါလာတာမလို့ပါ။ အစတုန်းကတော့ ဝုန်းဒိုင်းကျဲ ချတတ်ပေမယ့် နောက်ပိုင်းကျတော့ Defense ကော ၊ Ability ပါ Strategy ကျကျနဲ့ တစ်ချက်မမှားအောင် ဂရုစိုက်ပြီး ချနေရတဲ့ထိပါ။ Counter Attack လဲပါသလို Ability မှာ Skill နဲ့ Upgrade တွေအပြင် Drone အကူညီတွေပါ ခေါ်ယူလို့ရပါတယ်။ တစ်ခုခက်တာက Dash လုပ်တာက Enemies များနေရင် အတော်တိုင်ပတ်တာပါ။ နောက်ပိုင်း Enemies ဘက်က ဟန်ချက်ပျက်အောင် ပတ်ပတ်လည် လိုက်ချနေရတဲ့အဖြစ်ထိ ရောက်နိုင်တဲ့အပြင် Single Target ထက် Range သမားတွေကို ပတ်ဗြင်းနေရတာပါ။ 
နောက်ပိုင်း မိတဲ့ Stun တွေက Combo တွေမလို အတော်လေး အထိနာနိုင်ပါတယ်။ ကိုယ့်မှာ ဘာ Upgrade မှာ မရှိရင် နောက်ပိုင်း လုံးဝကို မနိုင်ပါဘူး။ Defense ကလည်း ကြာကြာလုပ်ရင် ဓားပါ ကျိုးသွားနိုင်ပြီး ဓားမရှိရင်တော့ လက်နဲ့ ခြေထောက်သုံးပြီးဘဲ ချရမှာပါ။ Energy Sword မပြည့်မချင်းပေါ့။ Admin တကယ်သဘောကျတာက Level လုပ်ထားတဲ့ Difficulty အဆင့်တွေဖြစ်ပြီး Boss Level ကို မရောက်ခင်ထိ ရှေ့မှာ ကိုယ့် Character ကို အထိနာအောင် Round တစ်ခုချင်းဆီမှာ Enemies မျိုးစုံနဲ့ အတော်လေးဗြင်းခိုင်းထားတာပါ။ တကယ် Final Boss လဲရောက်ရော ကိုယ့် ကောင်မလေးက သွေးကော ၊ Mana ပါ အထိနာနေတဲ့အပြင် Sword ပါ Broke သွားရင်တော့ တစ်ကွင်းလုံးကို မနားတမ်း ပတ်ပြေးခိုင်းနေရတဲ့ထိပါ။ 
အခုလို ပြောလို့ Fair မဖြစ်တော့ဘူးလို့ မထင်နဲ့နော်။ ဒီဂိမ်းရဲ့ Boss တွေက အနီးစပ်ဆုံးပြောရရင် Dark Souls တို့လိုဘဲ စိတ်ရှည်ရှည်နဲ့ ချနိုင်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ မင်မင်တောင် သွေးဖင်ကပ်နဲ့ စိတ်ရှည်ရှည် ဗြင်းခဲ့ရတာမလို့ ကစားရတာ အတော်ကို အူယားစရာကောင်းတာ။ ပြောရရင် Boss ထက် အရှေ့က Enemies တပ်တွေကတောင် ပိုခက်ခဲတယ်လို့ ‌ဆိုရမယ်။ ဘာလို့ဆို Knockout မလုပ်နိုင်မချင်း ဝိုင်းဗြင်းခံရတာဆိုတော့ တစ်ယောက်တည်းနဲ့ ချတာထက်စာရင် ပတ်ပြေးဖို့ရာ မလွယ်ဘူးလေ။ ဒီလောက်ဆို မင်မင်ပြောချင်တာတွေလည်း အရမ်းများနေတော့ Game အပေါ် ခံစားရတဲ့ မင်မင်ရဲ့ အမြင်တွေကို ရပ်လိုက်တော့မယ်နော်။ တကယ် True Feeling ရချင်ရင်တော့ Mod တွေ Cheating တွေ မလုပ်ဘဲ Game ကို Game နဲ့တူအောင် တစ်ခါလောက် Challenge ခေါ်ဆော့ကြည့်ဖို့ အကြံပေးတယ်။ Developer တောင် Free ထုတ်ပေးထားတာ အဲလောက်တော့ ကစားကြည့်သင့်တာပေါ့။ မဟုတ်ဘူးလား ..?

Game Information

Android version 5 . 1 +
Developer More Well Studio
Network Offline
Price Free
App version 0.95
Release date Sep 4., 2023
Platform Android / iOS

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES