Samurai Shodown

° Netflix ကျေးဇူးကြောင့် Mobile ပေါ်မှာ ကစားရမယ့် Classic Reboot Fighting Game လေးဖြစ်ပြီး မူရင်း ဂိမ်းဟာဆိုရင်ဖြင့် 1993 ခုနှစ်မှာ ထွက်ရှိထားတာကြောင့် နှစ်ပေါင်း 30 နီးပါးလောက်တောင်ရှိနေပြီး Admin ထက်တောင် အသက်အများကြီး ပိုကြီးပါတယ်။ ဒါက မူရင်းဂိမ်းကို ဆိုလိုတာဖြစ်ပြီး Modern ခေတ်တစ်ခုကို ရောက်ရှိလာချိန်မှာတော့ Reboot Version အနေနဲ့ Game ပုံစံတစ်ခုလုံးကို 3D Visual နဲ့ အသက်ပြန်သွင်းပေးထားတာဟာ ရှေးမူလဲမပျက်သလို အခုခေတ် Visual Mechanic ပုံစံတွေနဲ့ ကစားရမှာဖြစ်တာကြောင့် အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က Fighting အမျိုးစားလေးဆိုပေမယ့် Story Mode ပါ ထည့်ပေးထားတာဖြစ်ပြီး အရင် မူရင်း Version ကထက် Offline Mode တွေတင်မကဘဲ Online Mode ကိုမှ Rank , Casual အသစ်တွေနဲ့ပါ ထပ်မံဖြည့်‌သွင်းပေးထားတာပါ။ ဇာတ်လမ်းသွားရဲ့ မူရင်း ပန်းတိုင်ကတော့ တစ်သတ်မှတ်တည်းဆိုပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ Character ပေါ်မူတည်ပြီး Plot လေးတွေ ကွဲသွားတာကြောင့် တစ်ယောက်ချင်းစီအတွက် အချိန်အတော်လေးပေးပြီး ကစားရမှာပါ။
Fighting Game ဆိုတဲ့အတိုင်း Story Mode တင်မကဘဲ Time Trial တို့ ၊ Survival တို့ နောက်ထပ် Versus နဲ့ Gauntlet Mode တွေကိုပါ ထပ်မံကစားနိုင်မှာဖြစ်ပြီး ရွေးချယ်နိုင်တဲ့ Character တွေကလည်း စုစုပေါင်း 27 ယောက်ထိကို ထည့်သွင်းပေးထားတာပါ။ ဒါပေမယ့် အခုဂိမ်းမှာ ထူးခြားတာက တစ်ချို့သော Character တွေဟာ အချိန်သတ်မှတ်ချက်နဲ့ Unlock ပွင့်မှာဖြစ်ပြီး Paid လုပ်ပြီးတော့တောင် ဖွင့်လို့မရတာကြောင့် အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ 
Game ရဲ့ Graphic Visual ဒီဇိုင်းတွေက အတော်လေးကို ကြည့်လို့ကောင်းပြီး အရင်ကထက် frame rate များများနဲ့ ပြန်လည်ဖန်တီးပေးထားတာကြောင့် ကစားရတာ အတော်လေး အဆင်ပြေတာပါ။ Character တွေရဲ့ Movement တွေ ၊ Animation တွေကစ အသေးစိပ်ကျတဲ့အပြင် လက်နက်လွတ်ကျသွားလို့ လက်ဗလာနဲ့ ချရတဲ့ထိ သဘာဝဆန်ဆန်ပုံစံလေးတွေကို မြင်တွေ့ရအုံးမှာပါ။ နောက်ပြီး Voice-over တွေကစ Character တွေနဲ့ တစ်သားတည်းကျတာကြောင့် အမိုက်စား Skills တွေကို ပြသည်ဖြစ်စေ ၊ dialogue အပိုင်းတွေမှာ နားထောင်ရတဲ့အခါ အတော်လေး ဆွဲဆောင်မှုရှိပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်ရဲ့ အမြင်မှာတော့ ဘာကြီးနေနေကို သဘောကျပြီးသားပါ။ ဘာလို့ဆို Mobile ရဲ့ Fighting ‌Game တွေဟာ ထင်ထားတာထက် ဂိမ်းကောင်းကောင်းဆိုတာ အတော်လေးရှားပါတယ်။ Fighting Title သာ တပ်ပြီး RPG ဆန်သွားတာကော ၊ Shadow Fight ရဲ့ Online Series တွေလို PTW ဆန်သွားတာတွေအပြင် Injustice တို့ Mortal Kombat တို့လိုမျိုး Tap Fight ပုံစံမျိုးတွေလည်း တအားကြီး သဘောမတွေ့ပါဘူး။ တကယ် နောက်ထွက်တဲ့ Street Fighter တို့လို 3D Visual မျိုးတွေအပြင် Dead Or Alive တို့၊ Tekken တို့လို့မျိုး တခြား Fighting Game စစ်စစ် ပုံစံမျိုးတွေကို Mobile မှာ ဆော့ချင်ခဲ့‌တာ အတော်ကိုကြာပါပြီ။ Online ထက် Offline ကို ပိုဦးစားပေးတာကြောင့် အခု ဂိမ်းလေးကို Admin အမြင်မှာတော့ အတော်လေးကို သဘောကျပါတယ်။ Mobile မှာ တစ်ခြား Fighting Game စစ်စစ်တွေ ရှိနေသေးပေမယ့် လက်ရှိနောက်ထွက်တဲ့ထဲမှာတော့ အခုဂိမ်းလေးက ဆော့ကို ဆော့ကြည့်သင့်တဲ့ထဲမှာ ပါပါတယ်။ 
တကယ် Funny ဆန်ဆန်နဲ့ အမောဖြေချင်ရင်တော့ Wu-Ruixiang ဆိုတဲ့ ဒိုင်းကောင်မလေးကို ကိုင်စေချင်တယ်။ ဒီဂိမ်းမှာ သဘောကျစရာကောင်းတာက အပေါ်မှာ ပြောခဲ့သလို လက်နက်မပါဘဲ လက်ဗလာနဲ့ ချတာတွေလိုမျိုးဘဲ ဒီ တစ်ယောက်ချင်းစီရဲ့ React Type တွေကလည်း တကယ် Unique ဖြစ်ကျပါတယ်။ Wu ဆိုရင် ပွဲပြီးလို့ သူ့မျက်မှန်ပျောက်သွားရင် လိုက်ရှာနေတာလေးကိုက ချစ်စရာလေး။ နောက်ပြီး အမူယာအကုန်လုံးကစ တကယ် အူယားစရာကောင်းတာ။ Funny Dialogue လေးတွေလဲ ပါသလို တစ်ချို့ Handsome Guy တွေဆိုရင် ပွဲပြီးတာနဲ့ ကောင်မလေးတွေ ဝိုင်းလိုက်လာတဲ့ Scene တွေထိ အသေးစိပ်ကျအောင် ထည့်ပေးထားတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ 

( အခု တင်ပေးထားတဲ့ ဖိုင်က Netflix Account မရှိလဲ ဆော့လို့ရပါတယ်။ ဒါပေမယ့် ဂိမ်းထဲ ဝင်တဲ့အခါမှာ Internet ဖွင့်ပေးရမှာဖြစ်ပြီး နောက်ထပ် Additional Download အနေနဲ့ 2.2 GB လောက် ထပ်မံ ဆွဲပေးရမှာပါ။ ပြီးရင်တော့ Offline ကစားလို့ ရပါပြီ။ )

Game Information

Android version 8 . 0 +
Developer NETFLIX
Network Offline
Price Paiid Account
App version 1.0.0
Release date Aug 24., 2023
Platform Android / iOS

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


#HELLOYDB

Gameplay Video

Related Posts

  • D Day ( VA )•        ဒုတိယ ကမ္ဘာစစ်ကို အခြေခံထားတဲ့ ဒီ Game လေးက ဖုန်း Game ဆော့ဖူးသူတိုင်း သိကြမယ်ဆိုတာ သေချာပါတယ်။ Glu က ထုတ်ထားတဲ့ Game ဖြစ်ပြီး အဲခေတ်အဲအခါတုန်းကတော့ အရ… Read More
  • Lovely Music•         ဒီ Game လေးက အခုမှ Early Access ဆိုပေမယ့် အရမ်းကို Emotional ဆန်ပြီး Music Life ကို ပုံဖော်ပေးမယ့် Game တစ်ခုပါ။ Music Life ဆိုတာထက် ဘဝမှာ စိတ်ညစ်စရာတွေ ကြုံလာတိုင်း သံစဥ… Read More
  • Suspects Mystery Mansion•         ဒီ Game က Among Us သမားတွေတွက် အရမ်းသဘောကျစေမှာဖြစ်သလို အလှည့်ပြောင်းလေးဖြစ်စေမယ်ဆိုတာလည်း သေချာပါတယ်။ IQ လည်း လိုအပ်သလို အမိုက်ဆုံး Feature ကတော့ Voice Chat ပါ ထည့်ပေးထာ… Read More
  • Angry Birds Journey•         ကလေး၊ လူကြီးအကုန် သဘောကျကြတဲ့  Angry Bird Game လေးဟာ အခုဆိုရင် ပုံစံအသစ်နဲ့ အားလုံးစီကို တစ်ဖန်ပြန်ရောက်လာပါပြီ။ ဒီနေ့မှ ထွက်လာတာဖြစ်ပြီး အရင်က လူတိုင်းသိခဲ့တဲ့ Angry Bir… Read More
  • Saiko No Sutoka•         သင့်မှာသာ Psycho ဆန်တဲ့ ကောင်မလေးတစ်ယောက်ရှိရင် ဘယ်လိုလုပ်မလဲ ? ဒါမှမဟုတ် သင့်မှာ Psycho ဆန်တဲ့ စိတ်ရှိတယ်ဆိုတာကို သူငယ်ချင်းဖြစ်ဖြစ် ချစ်သူကောင်လေးကို ဖြစ်ဖြစ် သိစေခြင်ရ… Read More

Comments

လူကြည့်အများဆုံး GAMES