Strange Hill

° ထွက်ထားတာ တစ်ရက်ကျော်ဘဲ ရှိသေးတဲ့ ဒီဂိမ်းလေးက Adventure ဆန်ဆန်လေးနဲ့ Open World နီးပါး ကစားရမှာဖြစ်ပြီး Thrilling ဆန်တဲ့ ဂိမ်းတစ်ခုလို့ ဆိုထားပေမယ့် တကယ်က အတော်လေး Funny ဖြစ်ပြီး အရမ်းချစ်စရာကောင်းတာပါ။ ဘာကြောင့်လဲဆို ဒီဂိမ်းထဲမှာ ပါဝင်တဲ့ ရန်သူလေးတွေက Bunny လေးတွေဖြစ်ပြီး စိတ်ရူးပေါက်နေတဲ့ အကြည်လေးတွေကိုက အရမ်းအူယားစရာကောင်းနေတာမလို့ပါ။ နောက်ပြီး indie developer တွေရဲ့ Mobile Game တွေ အပေါ် အားစိုက်မှုတွေကလည်း အရင်ကထက် သိသိသာသာနဲ့ အပြိုင်အဆိုင်ပိုကောင်းလာကြတာကိုလည်း အခုဂိမ်းမှာတင် မြင်တွေ့ရမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game ပုံစံက The Nun တို့ Granny ဂိမ်းတို့လို့ Chasing ပုံစံမျိုးဖြစ်ပြီး အနီးစပ်ဆုံး Hello Neighbor နဲ့ Type ချင်းတူကြပါတယ်။ ဒါပေမယ့် ပို သာသွားတာက Storyline ကို အရင်ကထက် ပိုချဲ့ပေးထားတဲ့အပြင် Side Quests တွေကြောင့်ပါ Open World နီးပါး လျှောက်သွားရတာမလို့ Role Playing ဂိမ်းလို့တောင် ပြောရမှာပါ။ ဒါပေမယ့် Main Story ကိုဘဲ Support လုပ်ပေးထားတာမလို့ သာမန် Problems လေးတွေကို လိုက်ကူညီပေးရရုံပါဘဲ။ အဓိကကတော့ Psycho ဝင်နေတဲ့ Bunny လေးတွေကြောင့် အခုလို Side Tasks တွေ ပေါ်လာရတာမျိုးပါ။ 
Game ရဲ့ ဇာတ်လမ်းလေးက အရိုးရှင်းဆုံးပြောရရင်တော့ Sci-fi ဆန်တဲ့ သိပ္ပံဦးစား‌ပေး Adventure ပုံ‌စံမျိုးလေးပါ။ သားဖြစ်သူက ပျောက်ဆုံးသွားတဲ့ အဖေကို လိုက်ရှာရင်း တခြား Dimensions နယ် ကမ္ဘာတွေထိပါ ရောက်ရှိသွားတာကြောင့် အဖေဖြစ်သူ ရှာတွေ့ခဲ့တဲ့ Portal ဂိတ်တွေကို အသုံးချပြီး ဒီနယ်ပယ်တွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို လိုက်လံစုံစမ်းပေးရမှာပါ။ နောက်ပြီး ဒီ သုတေသနထဲမှာ အဖေဖြစ်သူ တစ်ယောက်တည်း အလုပ်လုပ်ခဲ့တာ မဟုတ်တာကြောင့် ဘယ်သူက သစ္စာဖောက်ပြီး ဘာကြောင့် ယုန်လေးတွေ စိတ်ဖောက်သွားလဲဆိုတာကိုပါ ကစားရင်းနဲ့ ရှာဖွေပေးရမှာပါ။ 
ကစားရမယ့်ပုံစံက Third Person View မလို့ First Person Game တွေထက် ကြည့်ရတာ ပိုအဆင်ပြေတဲ့အပြင် Sneaking လုပ်တဲ့နေရာတွေမှာပါ အတော်လေး အသုံးဝင်ပါတယ်။ Puzzle တွေ ၊ Side Tasks တွေကို လိုက်ဖြေရှင်းရင်း မြို့ထဲမှာပါ လျှောက်ပတ်သွားလို့ရတာကြောင့် Rewards တွေ စုပြီး Extra Items တွေထိပါ ဝယ်ယူလို့ရပါတယ်။ Story တစ်လျှောက် စိတ်ဝင်စားစရာကောင်းတဲ့ NPC တွေကို ပိုတွေ့လာရမယ့်အပြင် Character တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ပေးထားတာကြောင့် အရင်က ထုတ်ပေးခဲ့တဲ့ Game တွေထက်ကို သေချာလေး စနစ်ကျကျနဲ့ Graphic ကော Gameplay improvement တွေပါ အတော်လေးတိုးတက်လာတဲ့ ဂိမ်းကောင်းတစ်ခုလို့ ပြောရမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin အမြင်မှာတော့ ဒီလို Third Person ပုံစံ Thrilling Game မျိုးတွေဟာ Offline အနေနဲ့ မြင်တွေ့ရတာ အတော်လေး ရှားသွားပြီဖြစ်ပြီး သာမန် Indie Game ဆိုပေမယ့်လည်း သေချာလေး ဖန်တီးထားတာမလို့ အချိန်ပေး ကစားရတာ တန်စေတဲ့ Mobile Game လေးတစ်ခုလို့ ပြောရမှာပါ။ Admin သဘောအကျဆုံးက ရန်သူရဲ့ minions လေးတွေဖြစ်ပြီး Bunny လေးတွေ လုပ်ပေးထားတာမလို့ ကစားရတာ ကြောက်စရာမကောင်းဘဲ ပိုပြီး အူယားစရာကောင်းနေတာပါ။ စိတ်တိုနေတဲ့ အကြည့်လေးတွေကိုက လူကိုတွေ့တာနဲ့ တန်းပြီး လျှပ်စစ်ဘတ်တန်နဲ့ လိုက်ရိုက်နေတာမလို့ ပတ်ပြေးနေရတာနဲ့ကို တကယ်ရယ်ရပါတယ်။ နောက်ပြီး စိတ်ဆိုးပြေသွားရင် ဖြစ်သွားတဲ့ မျက်နှာလေးကိုက အရမ်းချစ်စရာကောင်းပြီး Sneaking လုပ်ပြီး ပုတ်ပေးရတာမလို့ တစ်ခါလေ အဲပုံစံလေးကို မြင်တွေ့ဖို့ရာ အတော်လေး ခဲယဉ်းပါတယ်။ ဒါကတော့ Admin သဘောကျတဲ့ ဒီဂိမ်းရဲ့ အကောင်းဆုံးအချက်လေးဖြစ်ပြီး Open World နဲ့တင် ကစားကို ကစားကြည့်သင့်ပါတယ်။ Graphic ပါ ကောင်းသေးတော့ ဘာလိုသေးလဲ ။

Game Information

Android version 5 . 1 +
Developer PAGA GAMES OU
Network Offline
Price Free
App version 1.0..0
Release date Aug 29., 2023
Platform Android / iOS / PC

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


#HELLOYDB

Gameplay Video

Related Posts

  • The Academy          Puzzle Game တွေမှာ လူကြိုက်များတဲ့ Faraway Series ကိုထုတ်တဲ့ Developer တွေဟာ မနေကတင်ဘဲ Adventure Game သစ်ကို ဒီဇိုင်းသစ်နဲ့ Suprise လုပ်သွားပါတယ်။ Game က တခြား Puzzle တွေ… Read More
  • Abi A Robot's Tale           Adventure အမျိုးစားဖြစ်ပြီး Art အတော်ကောင်းတဲ့ Game လေးပါ။ 2D Platformer ဖြစ်သလို Size အနေနဲ့လည်း နည်းနည်းလေးနဲ့ တကယ်ကောင်းတာပါ။ Robot နှစ်ကောင် နေရာကနေ  ကစားရမှာဖြစ်ပြီ… Read More
  • Sky Gamblers Storm Raiders 2               Android ပေါ်ရောက်လာတာ တစ်ပတ်တောင် မပြည့်သေးတဲ့ Game ဖြစ်ပြီး Atypical ရဲ့ နောက်ထပ် AAA အဆင့်မှီတဲ့ Game တစ်ခုပါ။ လူအတော်များမ… Read More
  • M.U.S.E        ဒီ Game က TPS အမျိုးစားဖြစ်ပြီး Action ဆန်ဆန်ဆော့ခြင်တဲ့လူတွေတွက် သဘောကျစေမှာပါ။ မိသားစုနဲ့ သာယာနေတဲ့ချိန်မှာ ရုတ်တရက်ဝင်လာတဲ့ ဖုန်း Call တစ်ခုကြောင့် တစ်ကမ္ဘာလုံး ကျွန် အဖ… Read More
  • Royal Trouble Honeymoon Havoc              အရင်တစ်ခေါက်က Royal Trouble 1 ဆော့ပြီးသွားပြီဆိုတော့ ဒီတစ်ခါ Royal Trouble 2 တင်ပေးလိုက်ပြီ။ အစက Android မှာ ထွက်မှန်း Admin မသိခဲ့ပါဘူး။ Bro တစ်ယောက်က လာပြောမှ သိခဲ့… Read More

Comments

လူကြည့်အများဆုံး GAMES