Alien Isolation

° မင်မင်ရဲ့ Fan တွေကို အရမ်းဆော့စေချင်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ကစားရတာ အရမ်း အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာကြောင့် Mobile Player တွေအတွက် Quality အကောင်းဆုံး Experience တစ်ခုကို ရရှိစေမယ်ဆိုတာ လုံးဝကို အာမခံပါတယ်။ PC မှာကတည်း လူကြိုက်များခဲ့တဲ့ Game တစ်ခုဖြစ်တဲ့အပြင် Game Of The Year , Best Game , Best Horror, Best Audio စတဲ့ တခြားသော ဆုတွေ အများကြီးကိုပါ ဆွတ်ခူးခဲ့တာကြောင့် မင်မင် ဘာကြောင့် ကစားစေချင်တယ်ဆိုတာ သဘောပေါက်ကြမှာပါ။ အထူးသဖြင့် Game ရဲ့ Audio အပိုင်းမှာ ဆုတွေ ပိုရရှိထားတာကြောင့် နားကြပ်နဲ့တပ်ဆော့ကြဖို့ရာ Recommend ပေးချင်ပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းက မင်မင်တို့ ငယ်ငယ်က ကြည့်ဖူးကြတဲ့ Alien Film Series ကို အခြေခံထားတာဖြစ်ပြီး CD ခွေ ခေတ်ကတည်းက လူကြီးအတော်များများ သိကြမယ့် 1979 ခုနှစ်က Alien Film တစ်ခုကို ဇာတ်ကျောရိုးယူထားတာပါ။ ခုခေတ် လူငယ်တွေ လက်လှမ်းမှီကြဖို့ရာ ဝေးတယ်ဆိုပေမယ့် Alien Vs Predator ကိုတော့ ကြည့်ဖူးကြမှာမလို့ ဒီ Creature characters တွေနဲ့ ပတ်သတ်ပြီး စိမ်းတော့မစိမ်းကြပါဘူး။ အထူးသဖြင့် သိပ်မကြာခင်က ထွက်ရှိထားတဲ့ Prey လို ရုပ်ရှင်‌ကောင်းတွေမှာဆိုရင် Predator ကို အဓိကထားပြီး ရိုက်ကူးလာကြတာပါ။ အရင်ခေတ်တုန်းကတော့ Alien တွေက ခေတ်စားခဲ့တာပေါ့။ 
ဒီတော့ ဂိမ်းအကြောင်းကို ပြန်ပြောရရင် ဒီဂိမ်းရဲ့ ဇာတ်အိမ်က Original Film ဖြစ်တဲ့ 1979 ခုနှစ်က Alien ရုပ်ရှင်ရဲ့ ဇာတ်သိမ်းအပြီး နောက် 15 နှစ်အကြာကို မြင်တွေ့ရမှာပါ။ Alien ရုပ်ရှင်တုန်းက အဓိက မင်းသမီးဖြစ်တဲ့ Ellen Ripley ရဲ့ သမီးဖြစ်သူ Amanda Ripley နေရာကနေ ကစားရမှာဖြစ်ပြီး သူ့အမေရဲ့ ပျောက်ဆုံးမှုအပေါ် လိုက်စုံစမ်းချင်ခဲ့ရာကနေ Sevastopol ဆိုတဲ့ Space station မှာ သောင်တင်နေခဲ့တာပါ။
Amanda ဟာ သူ့အမေ ဘာတွေကြုံခဲ့ရသလဲဆိုတာကို သေချာမသိခဲ့ရတာကြောင့် Space Station ကို ရောက်ရောက်ချင်းမှာဘဲ ဒီ စနစ်တစ်ခုလုံးက Unknown Creature ဖြစ်တဲ့ Alien ရဲ့ ကျူးကျော်မှုကြောင့် Lockdown ဖြစ်နေတာကို သိခဲ့ရပါတယ်။ အထဲမှာလည်း အသက်ရှင်နေသေးတဲ့ လူတွေဟာ android လို့ခေါ်တဲ့ စက်ရုပ်တွေရဲ့ တင်းကြပ်မှုက အမိန့်မနာခံဘဲ လူတွေကို လိုက်သတ်နေတဲ့အပြင် တစ်ဖက်က Creature ဖြစ်တဲ့ Alien ကြီးကပါ လူတွေကို လိုက်ဖမ်းဖို့ ကြံနေတော့ Amanda တစ်ယောက် ကျင်းထဲကြပ်ထဲမှာ လူတွေရဲ့ သစ္စာဖောက်ချင်းကိုပါ မထင်မှတ်ဘဲ ရင်တမမနဲ့ အသည်းယားစရာကောင်းလောက်အောင်ကို မြင်တွေ့ရမှာပါ။
ဒါ့အပြင် Gameplay ကလည်း Developer တွေ ပထမဦးဆုံး ရည်ရွယ်ခဲ့တာက Third Person View လို့ သိခဲ့ရပြီး တကယ် ထွက်ရှိတဲ့ အချိန်မှာတော့ First Person View နဲ့သာ ကစားခဲ့ရတာကြောင့် Gameplay က အရမ်းကို Horror Atmosphere Vibe မျိုး ရသွားစေတာပါ။ တကယ်ကို True Survival Horror ဂိမ်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး Weaponry တွေ အများကြီးမပါဝင်တာကြောင့် ကိုယ့်အနေနဲ့ Hide and Stealth လုပ်တာကလွဲရင် ရွေးချယ်စရာ Option များများ ထည့်ပေးမထားပါဘူး။ ဒါ့အပြင် ဒီ Game မှာ ပါဝင်တဲ့ AI level ကလည်း 2014 ကဆိုပေမယ့် အရမ်းကို unexpected ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ Alien ရဲ့ smart ဖြစ်မှုက လုံးဝကို အထင်သေးလို့မရတာပါ။နောက်တစ်ခု Mobile Player တွေအနေနဲ့ သတိလက်လွတ်ဖြစ်နိုင်တာက ဒီ Game က Auto save မဟုတ်ဘဲ Manual save နဲ့ လာတာဖြစ်တာကြောင့် Save လုပ်ထားဖို့ရာကစ သတိထားဖို့ လိုအပ်ပါတယ်။ 
Graphic ပိုင်းမှာဆိုရင်လည်း တကယ် Visual Image တွေက 2014 က ဆိုရင်တောင် အရမ်းကို မက်လောက်စရာကောင်းပါတယ်။ ဒါ့အပြင် အခုလို Mobile မှာပါ PC နီးပါးထိ အဆင်ပြေပြေ Run နိုင်တာကြောင့် တကယ်ကို Mobile Player တွေအတွက် မက်လောက်စရာ Graphic မျိုးလို့ ဆိုရမှာပါ။ Lighting ကစပြီး Exposition Effects တွေထိ တကယ်ကို Quality မြင့်တာကြောင့် Object သေးလေးတွေကစ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး interactive လုပ်နိုင်တဲ့ထိ Physics အပိုင်းမှာလည်း တကယ်အရမ်းမိုက်တဲ့ ဂိမ်းကောင်းတစ်ခုလို့ ပြောချင်ပါတယ်။ ဆုတွေရထားတဲ့ Audio နဲ့ Sounds အပိုင်းကတော့ လုံးဝကို နားကြပ်နဲ့ တပ်ဆော့ရင် တကယ်ရောက်သွားသလိုထိ Surrounding Audio System တွေကစ ရင်ထဲထိ တိတ်ဆိတ်မှုနဲ့အတူ ခြောက်လန့်နေစေမှာပါ။ 

ထပ်ဆောင်းပြောရရင် DLC Packs တွေပါ ပါဝင်တာကြောင့် 1979 ခုနှစ်က အမေဖြစ်သူ Ellen Ripley ရဲ့ အဖွဲ့နေရာကနေပါ ဆော့ကစားခွင့်ရမှာပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Feral Interactive က ဂိမ်းတွေ Crack ထွက်လာတယ်ဆိုတော့ မင်မင်တောင် အထင်ကြီးမိသလို စိုးလည်း စိုးရိမ်မိတယ်။ ဘာလို့ဆို နဂိုကတည်းက Feral က သူ့ Game တွေအကုန် အနေထားတစ်ခုမှာရှိလို့ ဆက်တိုက် PC က Game တွေ Mobile ပေါ် ယူပေးနေရာက‌နေ ခုလို အခြေနေကြောင့် အထွက်နည်းသွားမှာလည်း စိုးရိမ်မိတယ်။ 
အရင်က မင်မင်တို့ရဲ့ Region မှာလည်း Feral Interactive က ဘယ်လောက်တောင် ဈေးချပေးထားလဲဆိုတာ အားလုံးလဲသိကြမှာပါ။ အဲကတည်းက မင်မင်လည်း ဝယ်ဆော့ထားပေမယ့် နောက်ပိုင်း payment တွေ မလွယ်တော့တဲ့အချိန်မှာ ကိုယ်တွေက အရမ်းဆော့ကောင်းလို့ တင်ပေးခဲ့ချင်ပေမယ့် Fan တွေအကုန်လုံး တန်းတူ မဆော့နိုင်မှာကိုတွေးပြီး စိတ်မကောင်းဖြစ်မိလို့ လက်လျော့ခဲ့ရတာပါ။ အခု Crack တွေလဲ ထွက်လာပြီဆိုတော့ မင်မင်ရဲ့ Fan တွေကို အရမ်းကို ဆော့ခိုင်းစေချင်မိပြီ။ အခုလို အကုန်လုံး တန်းတူ ဆော့လို့ရအောင် license check ဖြုတ်ပေးတဲ့ Fera App Community ကို အများကြီး ကျေးဇူးတင်မိတယ်။ 
Game အပေါ် မင်မင်ရဲ့ အမြင်ကတော့ Mobile အနေနဲ့ အရမ်းကို မိုက်တယ်လို့ ပြောရမယ်။ Emulator တွေ Online Streaming တွေကနေ ကစားရတာထက် အခုလို Mobile Platform အပေါ် သီးသန့်ထုတ်ပေးတာတွေက အတော်လေးကို အဆင်ပြေတယ်။ 

ဒီဂိမ်းနဲ့ ပတ်သတ်ပြီး မင်မင်ခံစားရတာကို ပြောပါဆိုရင် တကယ်ဝင်နေရသလိုထိ Realistic ဖြစ်သလို ခံစားရတယ်။ ဘာကြောင့်လဲဆိုရင် မင်မင်ကစားတာက ညဘက်ပိုများပြီး မီးပိတ်၊ နားကြပ်တပ်ဆော့တာဆိုတော့ Game ထဲကို လုံးဝ Mood အပြည့်ဝင်စေတယ်။ 
First Person မလို့ တကယ် Game ကပေးတဲ့ atmosphere ကိုက Sci-Fi Horror Vibe မျိုးကို ရစေတယ်။ ဟိုကပေါ် ဒီကပေါ်လာတဲ့ supernatural သရဲမျိုးတွေမဟုတ်ဘဲ ကိုယ်တွေ စိတ်မကူးဖူးတဲ့ ပြီးတော့ ကိုယ်တွေ ကမ္ဘာကလဲ မဟုတ်တဲ့ သက်ရှိတစ်ခုရဲ့ လိုက်သတ်ချင်းကို ခံရတာဆိုတော့ တွေးရင်းနဲ့ကို အဲလို space station ထဲမှာ တစ်ယောက်တည်း လှုပ်ရှားရတာက အရမ်းကို terrified ဖြစ်မိတယ်။ ဘယ်သူမှ အားကိုးလို့မရသလို ဘယ်လက်နက်မှလဲ အသုံးမဝင်တော့ လုံးဝကို defenceless ဖြစ်သလို ခံစားရတယ်။ 
အဲဒါကိုမှ အသုံးဝင်တာလို့ ပြောရမလား ပိုဆိုးတယ်လို့ ပြောရမလားမသိတဲ့ Radar ကြီးကိုက အကောင် ပေါ်လာတဲ့ နေရာကိုပြတိုင်း ကိုယ့်မှာ ဘယ်ပြေးလို့ ဘယ်ပုန်းရမလဲထိ အတော်ကို ပြာယာခက်စေတယ်။ ဒီနေရာမှာ မင်မင် သဘောကျတာက Mobile မှာပါ Vibration စနစ်ကို ထည့်ပေးထားတာမလို့ အကောင် နီးလာတိုင်း ကိုယ့်လက်ထဲက ဖုန်းကြီး ပိုပိုတုန်လာတာကို ခံစားရတဲ့ Feeling ကြီးက စိတ်က သတိမထားမိခင်ကို အပြင်မှာ တကယ်ရောက်နေသလိုထိ ခံစားမိတယ်။ အဲဒါကြောင့် ဒါက Emotional ကြောင့်မဟုတ်ဘဲ Physical Vibration ကြောင့်ပါ Game ထဲကို ပိုနစ်ဝင်သွားစေအောင် support ပေးနေတာမျိုးလေးမလို့ သဘောကျမိတယ်။ 
Story ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး Spoiler မပါအောင် ပြောရရင်တော့ အတော်လေးကို Suprise ဖြစ်တဲ့ အပိုင်းတွေ များပါတယ်။ ပြောရရင် ကိုယ်တွေးသလို မထင်ထားတာမျိုးပေါ့။ ဒါကလည်း စာရေးဆရာနဲ့ ဒါရိုက်တာကိုက ဇာတ်လမ်းကို ပြီးပြီထင်အောင်လို့ကို တစ်ခုပြီးတစ်ခု ဆွဲဆန့်သွားတာကိုက အရမ်းမိုက်တာ။ ကိုယ့်မှာ လွတ်ပြီဆိုပြီး ဇာတ်လမ်းပြီးလို့ ဖုန်းချလိုက်တိုင်း မထင်ထားတဲ့ accident တွေကြောင့် သေပြီလား ရှင်ပြီလား ဝေခွဲမရအောင်ထိ unexpected အပိုင်းလေးတွေ များတယ်။ ဒီဂိမ်းရဲ့ ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး အပြည့်ဝ နားမလည်ဘူးဆိုရင် Alien Isolation က Digital Series ကို အပိုင်း 7 ခုနဲ့ ထုတ်ပေးထားသေးတယ်ဆိုတာ သိစေချင်တယ်။ Game ထဲက cutscenes တွေကလည်း digital series မှာပါဝင်ပြီး First Person Camera View နဲ့မဟုတ်ဘဲ Director View နေရာနဲ့ ထုတ်ပေးထားတာပါ။ 

( စာလည်း အရမ်းများတော့ နောက်ခါကျ video တင်တဲ့ Admin လို နောက်ခံအသံနဲ့ လုပ်နိုင်အောင် ကြိုးစားကြည့်ပေးမယ်။ ပြောချင်တာတွေများတဲ့အခါ စာစီရတာ အတော်လေး ဖတ်ရ ပျင်းစေမယ်ထင်လို့။ )

Game Information

Android version 9 . 0 +
Developer Feral Interactive
Network Offline
Price 9.99 $
App version 1.2.5RC3
Release date Dec 16., 2023
Platform Android / iOS

⭐ ( HELLO Rating = 9.5 / 10 ) ⭐


 Click To Download 


Install တင်နည်းကြည့်ရန် နိပ်ပါ

How To Install (Apk+Obb)Zip File


#HELLOYDB

Gameplay Video


လူကြည့်အများဆုံး GAMES

Viva Project

Viva Project 2