Little Nightmares Mobile

° ဒီဂိမ်းနဲ့ ပတ်သတ်ပြီး Mobile Player တွေ အရမ်း Hype နေကြမယ်ဆိုတာ သေချာပေါက်ဖြစ်မှာပါ။ အရင် Very Little Nightmares ဆိုတဲ့ Puzzle ဂိမ်းလေးကိုလည်း Mobile ပေါ် ထုတ်ပေးထားဖူးတယ်ဆိုပေမယ့် အများစုက မူလ ပထမဆုံးဂိမ်းဖြစ်တဲ့ PC နဲ့ Consoles ပေါ်က Little Nightmares ရဲ့ Gameplay နဲ့ Graphic ကိုသာ ပိုကစားချင်ခဲ့ကြတာကြောင့် အခု Little Nightmares ရဲ့ Mobile version အပေါ် အရမ်း မျှော်လင့်ထားကြတာဟာ အားလုံးနဲ့အတူတူ မင်မင်ကိုယ်တိုင်လည်း ပါဝင်ပါတယ်။ 
ဒါပေမယ့်..
မင်မင်အနေနဲ့ ပြောချင်တာလေးတော့ တစ်ခုရှိပါတယ်။ အဲဒါက ဂိမ်းတိုင်းကို မဆို‌လိုပေမယ့် ဂိမ်းတစ်ခုမှာ Gameplay ကော Graphic ကော သူ့နေရာနဲ့သူ Player တွေကို ဆွဲဆောင်နိုင်ကြတယ်ဆိုတာ မှန်ပေမယ့် တစ်ချို့သော ဆွဲဆောင်မှုတွေမှာ မိမိရဲ့ စိတ်ခံစားချက်တွေကို Movies ၊ ဝတ္ထုတစ်ပုဒ်လိုမျိုး ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ အထိ ဂိမ်းတစ်ခုရဲ့ Entertainment က အရမ်းကို လက်ရာမြောက်လွန်းတယ်ဆိုတာပါ။ 
ရုပ်ရှင် ဒါမှဟုတ် ဝတ္ထုစာအုပ်‌တစ်ခုရဲ့ ဇာတ်အိမ်အကြောင်းရာဟာ သတ်မှတ်ချိန်ပြည့်တာနဲ့ အလွယ်တကူ နားလည်နိုင်ကြတယ်ဆိုပေမယ့် ဂိမ်းတစ်ခုရဲ့ ဇာတ်အိမ်မှာတော့ သိချင်တာကို နားလည်‌ဖို့အတွက် ကျော်ဖြတ်ရမယ့် level တွေ၊ လျှိုဝှက်ထားတဲ့ သဲလွန်စတွေအပြင် Difficulty ဆိုတဲ့ အခက်ခဲတွေကပါ ဂိမ်းတစ်ခုရဲ့ ဇာတ်အိမ်ကို အလွယ်တကူနားလည်ခွင့်မရအောင် တားဆီးထားကြတာပါ။ 

အဲဒါကြောင့် ဂိမ်းတစ်ခုရဲ့ ဇာတ်အိမ်ဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး သိရှိခွင့်ရတာကြောင့် တကယ်ကို Satisfied ဖြစ်စရာကောင်းတဲ့ အရသာတစ်မျိုးလို့ အသိပေးချင်ပါတယ်။ 
° ဆိုတော့ အခု Little Nightmares ဆိုတဲ့ ဒီဂိမ်းလေးကလည်း အဲလောက်ထိ ခံစားလို့ကောင်းတဲ့ Storylines ကြီးကို တည်ဆောက်ပေးထားတာကြောင့် မင်မင်ကတော့ Game ရဲ့ Graphic နဲ့ Gameplay တွေအပြင် ဇာတ်လမ်းကိုပါ ပိုပြီး ရသမြောက်အောင်လို့ ခံစားစေချင်မိတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းမှာ စိတ်ဝင်စားစရာကောင်းတာက နာမည်ကြီး ဇာတ်လမ်းတွေဖြစ်တဲ့ Coraline တို့ Spirited Away တို့လို ဇာတ်အိမ်မျိုးတွေကို referred ယူပြီး ဖန်တီးထားတယ်လို့ သိရပါတယ်။ Character outfit ပိုင်းကို ကြည့်ရင်လည်း အဝါရောင်ကို ထင်ထင်ရှားရှားပြသထားတာကြောင့် Coraline ထဲက ဇာတ်လိုက်မင်းသမီးနဲ့ ဆင်တူတဲ့အပြင် IT Horror Movie ထဲက မိုးကားအဝါနဲ့ ကောင်လေးကိုပါ ခေါင်းထဲ ပြေးမြင်မိကြမှာပါ။ 
တကယ်လည်း အဲလို ဇာတ်ကားတွေရဲ့ Vibe မျိုးကို ဒီဂိမ်းမှာ တွေ့မြင်ရမှာဖြစ်ပြီး Coraline ထဲမှာ ကမ္ဘာနှစ်ခုကို Tunnel ထဲက သွားသလိုမျိုးပဲ ဒီဂိမ်းရဲ့ Level တိုင်းမှာလည်း အဲလို လေးဘက်ထောက်ဝင်သွားရတဲ့ အခန်းမျိုးတွေ refer ယူထားတာကို ဆင်တူမြင်တွေ့ရမှာပါ။ Spirited Away ဇာတ်လမ်းရဲ့ သီးခြား လောကကို ရောက်ရှိသွားသလိုမျိုး ဒီ Little Nightmares ရဲ့ ဇာတ်အိမ်ဟာလည်း The Maw ဆိုတဲ့ ရေပေါ်မှာပေါ်နေတဲ့ ရေယာဉ်ကျွန်းကြီးတစ်ခုမှာ သီးခြားနေရာယူပုံ‌ဖော်ပေးထားတာပါ။ 
အဓိကဇာတ်ကောင်ဟာ Six ဆိုတဲ့ မိုး‌ကာအဝါနဲ့ ကလေးမလေးတစ်ယောက်နေရာကနေ ပါဝင်ကစားရမှာဖြစ်ပြီး မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး အမျိုးသမီးတစ်ယောက် ပုံရိပ်က လွဲပြီး မသိရှိတာကြောင့် ဒီ The Maw ဆိုတဲ့ ရေယာဉ်ကျွန်းကြီးကနေ လွတ်မြောက်အောင်လို့ ထွက်ပြေးရမှာပါ။ အဲဒီလို လွတ်မြောက်ဖို့တွက် အခက်ခဲတွေ ၊ ပဟေဠိတွေအပြင် သည်းထိတ်ရင်ဖိုဖွယ်ကောင်းတဲ့ စိတ်လှုပ်ရှားစရာ Thrilling ဆန်တဲ့ အခန်းတွေကိုပါ ကြုံတွေ့ရမှာမလို့ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေကို Hide & Seek လုပ်ပြီး စွန့်စားရမယ့် ဂိမ်းကောင်းလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကြောက်စရာထက် ပိုပြီး အသည်းယားစရာကောင်းတာဆိုရင် ပိုမှန်လိမ့်မယ်ထင်တယ်။ 
ဂိမ်းရဲ့ ဇာတ်အိမ်နဲ့ ပတ်သတ်ပြီး ဒီထက် အသေးစိပ်ကျကျ ပြောချင်ပေမယ့် ခုမှ စဆော့မယ့် Mobile Player တွေတွက် Spoiler တွေ တန်းစီသွားမှာစိုးတာကြောင့် မင်မင်လည်း အတတ်နိုင်ဆုံး လိပ်ပတ်လည်အောင် Personal အပိုင်းမှာ ရေးပေးထားပါမယ်။ အဓိကကတော့ ဒီ Little Nightmares ရဲ့ တည်ဆောက်ထားတဲ့ ဇာတ်အိမ်ကြီးက ဘယ်လောက် နက်နဲပြီး twist တွေနဲ့ ပြည့်နေတယ်ဆိုတာပါ။ 
Gameplay နဲ့ Graphic ပိုင်းမှာတော့ Mobile အတွက် အတော်လေးကို အဆင်ပြေအောင် ဖန်တီးထားတာကြောင့် Button control အနေနဲ့ကော ၊Button အပျောက် Touch Control အနေနဲ့ပါ အလွယ်တကူ ကစားလို့ရအောင် ထည့်သွင်းပေးထားတာပါ။ Gamepad controller နဲ့လည်း ချိတ်ဆော့လို့ရသေးတာဆိုတော့ Gameplay ပိုင်းကတော့ အတော်ကို OK စေပါတယ်။ Game က အခန်းတိုင်းမှာ ဘာလုပ်ရမယ်၊ ဘာရှာရမယ်ဆိုတာထက် ပတ်ဝန်းကျင်ကို ပိုပြီး စူးစိုက်မှုရှိမှ ကျော်ဖြတ်နိုင်မှာပါ။ တစ်ခုရှိတာက PC မှာ ကစားဖူးတဲ့သူက Mobile Version မှာ ပြန်ကစားမယ်ဆိုရင် Movement နဲ့ပတ်သတ်ပြီး joystick ပုံစံကြောင့် နည်းနည်းလေး ခဏလောက် နေသားမကျတာ ဖြစ်နိုင်ပါတယ်။ 
Graphic နဲ့ ပတ်သတ်ပြီး ပြောရရင် Mobile Version အတွက် အတော်လေး Optimizations ကောင်းတယ်လို့ ဆိုရမှာပါ။ PC နဲ့ Console ပေါ်က Detail Graphic လောက် မြင်ဖို့ရာခက်တယ်ဆိုပေမယ့် Mobile Standard အနေထားမှာတော့ အတော်လေး ကြည့်လို့ ကောင်းမွန်နေတာမျိုးဖြစ်ပြီး Display Size အပိုင်းမှာလည်း Table နဲ့ ဆော့တာမျိုးမဟုတ်ရင် အရင်ကဆော့ဖူးတဲ့သူတွေတွက် Screen သေးသွားသလို ခံစားရနိုင်တာမျိုးတွေလောက်ပဲ ကြုံရနိုင်တာပါ။ အဲဒီ အချက်ကလွဲရင် Mobile Games တွေရဲ့ အဆော့သင့်ဆုံး ဂိမ်းတွေထဲက တစ်ခုအပါဝင်မလို့ မင်မင်အနေနဲ့ အကြံပေးရရင် ဆော့ဖြစ်အောင်ကို ဆော့ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ Detail ဖြစ်ပြီး interaction လုပ်နိုင်တဲ့ object တွေ ၊ perfect ဖြစ်လွန်းတဲ့ camera angle တွေကစ Environment နဲ့ လိုက်လျောညီထွေပြီး သဘာဝကျအောင် ဖန်တီးထားတဲ့ camera movement မျိုးတွေပါ သေချာအသေးစိပ်ကြည့်ရင် မြင်တွေ့ရနိုင်ပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Mobile Version ထွက်ပြီ ဆိုကတည်းက Mobile Player တွေကြားမှာ အရမ်း trend နေတာကြောင့် အစက မတင်ပေးတော့ဘူးလို့ တွေးခဲ့မိပေမယ့် မသိသေးတဲ့သူတွေ လွတ်သွားမှာကြောင့်ကော ၊ ကစားနှင့်ပြီးသား သူတွေပါ ဂိမ်းရဲ့ ဇာတ်အိမ်ကို ပိုသတိထားမိစေတာကြောင့် အခုလို ရေးဖြစ်သွားတာပါ။ 
မင်မင်တော့ ဒီစာကိုရေးသာ ရေးရတယ် spoiler မမိ‌အောင် မနည်းထိန်းထားရတာပါ။ ဒီ Little Nightmares ရဲ့ ပထမဂိမ်းက အရမ်းအောင်မြင်ပြီး လူကြိုက်အများတယ်ဆိုပေမယ့် ဇာတ်လမ်းပိုင်းမှာက Direct straight ပုံစံမျိုးနဲ့ ဖန်တီးထားတာမဟုတ်ပါဘူး။ Plot Twist တွေ Mysteries ဆန်တဲ့ NPC တွေ clues တွေ အများကြီးပါဝင်တာကြောင့် ပြီးသွားရင်တောင် စဉ်းစားစရာတွေ ဖြစ်လာနိင်ပါတယ်။ 
နောက်တစ်ခုက Mobile မှာ အရင်ဆုံး ထွက်ထားတဲ့ Very Little Nightmares ကိုလည်း Story အရ Casual လို့ မတွေးစေချင်ပါဘူး။ အကယ်လို့ ကိုယ်က Little Nightmares 1 ကော 2 ကော ဆော့ထားပြီးတာတောင် Questionable ဖြစ်နေရင် Mobile မှာ ထွက်ထားတဲ့ Very Little Nightmares နဲ့ Little Nightmares Comics တွေအပြင် ပိုပြီး Deeply ဖြစ်ချင်ရင်တော့ BANDAI NAMCO ရဲ့ The Sounds Of Nightmares ‌ဆိုတဲ့ Podcast Series တွေကိုပါ နားထောင်ကြည့်ကြဖို့ အကြံပေးပါတယ်။ 
ဒီလို Game မျိုးတွေက ကစားပြီးတာတောင် မေးခွန်းထုတ်စရာတွေ များတတ်တဲ့ ပုံစံမျိုးဖြစ်တာကြောင့် Sequel မထွက်ခင်ထိ ထွက်ပြီးသမျှ Title တွေ Comic တွေကို Fan Theory အရ အမျိုးမျိုး တစ်ယောက်နဲ့ တစ်ယောက် သုံးသပ်ရတာလည်း အရသာတစ်မျိုးပါဘဲ။ LN 1 နဲ့ 2 ဆော့ဖူးတဲ့သူတွေက ဇာတ်လမ်းအဆုံးသတ်တွေမှာ ဘယ်လောက် Suprise ဖြစ်ကြလဲဆိုတာ သိကြမှာဖြစ်ပြီး Mobile Version မှာထွက်တဲ့ Very Little Nightmares ရဲ့ Ending ကလည်း Six အတွက် သီအိုရီထုတ်စရာ များလာခဲ့ပါတယ်။ အဓိကကတော့ ဒီ Little Nighmares မှာဖြစ်ပျက်နေတဲ့ realms တွေက တကယ်ရှုပ်ထွေးပြီး အကြောင်းကြောင့် အကျိုးဖြစ်လာရတယ်လို့ ဆိုရမှာပါ။ 
လူဆိုးနဲ့ မကောင်းဆိုးဝါးကို ခွဲခြားရင် လူဆိုးဟာ သူအနိုင်ကျင့်လို့ရတဲ့သူကိုသာ အနိုင်ကျင့်စမြဲဆို‌ပေမယ့် အနိုင်ကျင့်ခံရတဲ့ Victim တွေကတော့ သူတို့ရဲ့ ကြောက်စိတ်ကို ကျော်လွှားသွားကြရင် အရမ်းအေးစက်ပြီး ဘာကိုမှ မကြောက်‌တော့တဲ့ Monster အသွင်ကို ပြောင်းလဲသွားကြနိုင်ပါတယ်။ 
ဒီဂိမ်းဆော့ပြီးသွားရင် မင်မင်တစ်ခုမှာချင်တာက Six ဟာ အခြေနေတွေကြောင့် သူ့ရဲ့ပုံစံက Anti-Hero အသွင် ဖြစ်သွားတယ်လို့ မင်မင်ကတော့ မြင်မိတယ်။ တခြား ကစားပြီးသား သူတွေရှိရင်လည်း Comment မှာ လာရောက်ဆွေးနွေးလို့ရပါတယ်နော်။ 

Game Information

Android version 9 . 0 +
Developer Pllaydigious
Network Offline
Price Paiid
App version 104
Release date Dec 12., 2023
Platform Android / iOS

⭐ ( HELLO Rating = 9.2 / 10 ) ⭐


 Click To Download 


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project 2

Ex Astris