Evil EX Demo
° ဒီတစ်ခါ ဂိမ်းအသစ်လေးကတော့ Ex ဆိုတဲ့အတိုင်း ရည်းစားတစ်ခါမှ မထားဖူးရင်၊
ဒါမှမဟုတ် အသည်းမကွဲဘူးရင်တော့ ဆော့လို့ အဆင်မပြေဘူးလို့ မပြောပါဘူးနော်။
တော်ကြာ Admin ကို Report ဝိုင်းထုနေမှာစိုးလို့ အရင် ရှင်းပြထားရတာ။ တကယ်တော့
ဒီဂိမ်းထဲက Ex ဆိုတာက Evil ဆိုတဲ့အတိုင်း စိတ်ဖောက်သွားတဲ့ မိန်းမတစ်ယောက်ရဲ့
လက်စားချေခြင်းကို မြင်တွေ့ရမယ့် ပုံစံမျိုးလေးပါ။ အဲဒါကိုမှ Horror
ဆန်ဆန်လေးလုပ်ထားပြီး Demo အနေနဲ့ပဲ ရှိသေးတာကြောင့် အသစ်ဆော့ချင်တဲ့ Horror Fan
တွေအတွက် စမ်းကြည့်သင့်ပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Game ရဲ့ပုံစံလေးက အပေါ်က ပြောခဲ့သလိုပဲ Main Character ဖြစ်တဲ့ သင်က အရင်က
ဇနီးဟောင်းတစ်ယောက်ဖြစ်တဲ့ Ex wife ရဲ့ ပြန်ပေးဆွဲခြင်းကို ခံထားရတာပါ။
ကိုယ့်ရှေ့မှာလည်း Dead body တွေ ရှိနေသေးတာကြောင့် ကိုယ်က
ဘယ်နှစ်ယောက်မြှောက်မှန်း မသိပေမယ့် သေချာတာကတော့ စိတ်မထင်ရင် အနိစ္စရောက်ဖို့က
ရာခိုင်နှုန်းပိုများပါတယ်။ Ex က အတူတူနေရအောင်ဆိုပြီး သင့်ကို ခေါ်ထားပေမယ့်
လက်ထဲမှာ အမြဲ ပေါက်ချွန်ကြီး ကိုင်ထားတာမလို့ သူ့အလို မကျရင် ဒါမှမဟုတ် သူ
ထားထားတဲ့အတိုင်းမနေဘူးဆိုရင် သေချာပေါက် အသတ်ခံရမှာပါ။
အဲဒီအတွက်ကြောင့် သင့်အနေနဲ့ ဒီ စိတ်ဖောက်နေတဲ့ Ex ရဲ့ အိမ်ကြီးထဲကနေ
ထွက်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြံစရမှာဖြစ်ပြီး ပစ္စည်းတွေရှာ ၊ camera အတွက်
ဓာတ်ခဲတွေရှာရင်းကနေ အခက်မသင့်လို့ ပစ္စည်းပြုတ်ကျသွားပြီဆိုတာနဲ့
နားအရမ်းကောင်းတဲ့ Ex က သင့်ဆီကို ချက်ချင်းရောက်လာနိုင်ပါတယ်။ Demo ပေမယ့်
သုံးထားတဲ့ Graphic Engine ကောင်းမွန်တာကြောင့် ကစားရတာ နည်းနည်းဟာနေရင်တောင်
အပျင်းပြေစေမှာတော့ အသေချာပါပဲ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Admin အနေနဲ့ကတော့ Demo version မလို့ အများကြီး မျှော်လင့် မထားစေချင်ပေမယ့်
ဂိမ်းအသစ်အနေနဲ့ကတော့ Try ကြည့်လို့ကောင်းတယ်ဆိုတာ အကြံပေးချင်တယ်။ သွားလို့ရတဲ့
နေရာ နည်းသေးတာရယ် ၊ Screen မှာ UI က Optimization သိပ်မဖြစ်သေးတာက လွဲရင်
ဂိမ်းတစ်ခုလုံးကို အမှောင်ဖုန်းထားတာကြောင့် ဆိုးတော့မဆိုးဘူးလို့ ပြောရမယ်။
Horror Game ဆိုတော့လဲ Horror ပေါ့။
⭐ ( 𝙷𝙴𝙻𝙻𝙾 𝚁𝚊𝚝𝚒𝚗𝚐 = 𝟽.𝟸 / 𝟷𝟶 ) ⭐
Android version | 8 . 0 + |
Developer | Bitsync |
Network | Offline |
Price | Free |
App version |
Demo |
Release date | Jan 22., 2024 |
Platform | Android |
Comments