Just Don't Scream
° ဒီတစ်ခါ အပျင်းပြေစေမယ့် ထူးထူးခြားခြားဂိမ်းလေးကတော့ အော်မိတာနဲ့ တန်းသေစေမယ့်
ဂိမ်းလေးတစ်ခုပါ။ ဟုတ်ပါတယ် အသတ်ခံရမှာမဟုတ်ဘဲ အခြောက်ခံရမှာဖြစ်တာကြောင့်
ပေးထားတဲ့ အချိန်အတွင်းမှာ မအော်မိအောင် ဆော့နိုင်ရင် အနိုင်ရရှိမှာဘဲဖြစ်ပါတယ်။
ဒီဂိမ်းက PC မှာ နာမည်ကြီးခဲ့တဲ့ Don't Scream ကို Inspired ယူထားတာမလို့
ဖုန်းရဲ့ မိုက်ကနေ တစ်ဆင့် ကစားသူရဲ့ အသံကို frequency အလိုက်
စောင့်ကြည့်နေမှာပါ။ သတ်မှတ်ထားတဲ့ အတိုင်းတာထက် အသံကြိမ်နှုန်း မြင့်သွားရင်တော့
ဂိမ်းထဲမှာ အလိုလျောက် သေသွားမှာဘဲဖြစ်ပါတယ်။ အဲဒီတော့ ဘာမြင်မြင်
ပါးစပ်ပိတ်ပြီးသာ ဆော့နိုင်ဖို့ အရေးကြီးပါတယ်။ ရင်တွေဘာတွေတော့
တုန်မှာပေါ့။
( - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - )
မင်မင်ကတော့ ဂိမ်းက ကြောက်ဖို့မကောင်းပေမယ့် လန့်တော့လန့်မိတယ်ပြောရမယ်။
အပျော်တန်းဖန်တီးထားတာဆိုပေမယ့် ဖြဲခြောက်တာကတော့ တအားဘဲ။ သေးသေးလေးခြောက်ပြီးမှ
အကြီးကြီး ထပ်ဖြဲပြတာဆိုတော့ ကိုယ့်မှာ အော်တာမဟုတ်ဘဲ လွတ်ကျတာနဲ့တင်
နှစ်ခါသုံးခါလောက် Game Over နေတာ။ သတ္တိရှိတဲ့သူတွေကတော့ Microphone Calibration
မှာ အမြင့်ဆုံး ထားဆော့လို့ရတယ်။ အဲဒီကြရင် အသံပိစိလေးတောင် ထွက်ရမှာ
မဟုတ်ဘူး။
Casual ဂိမ်းလေးမလို့ မင်မင်ကတော့ အများကြီး ရှင်းမပြတော့ဘူး။ အသံနဲ့ ပတ်သတ်တဲ့
ဂိမ်းတွေလဲ အရင်က တင်ပေးဖူးတာမလို့ fan တွေ အနေနဲ့လည်း ရင်နှီးကြမယ်လို့ထင်မိတယ်။
မတူတာက ဒါက Horror ဆိုတော့ ကိုယ့်အသံ ကို လုပ်ယူပြီး အော်ရမှာမျိုး မဟုတ်ဘဲ ၊
ဂိမ်းက ကိုယ်မအော် အော်မိအောင်ကို လုပ်ယူမှာပါ။ နားကြပ်တပ်ဆော့ဆော့ ၊
ဒီတိုင်းဆော့ဆော့ အဓိကက ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ မဆော့မိဖို့ဘဲ အရေးကြီးတယ်။
မဟုတ်ရင် ဘေးကအသံနဲ့တင် ခဏတိုင်း သေနေနိုင်တယ်။
| Android version | 5 . 1 + |
| Developer | PLEXYGAME |
| Network | Offline |
| Price | Free |
| App version |
0.0.3 |
| Release date | Nov 15., 2023 |
| Platform | Android |
⭐ ( HELLO Rating = 7 / 10 ) ⭐
Download
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...






