Knight RPG Knight Simulator

° Game အသစ်လေးဆိုတာထက် Playstore ပေါ်မှာတောင် Official တင်မထားသေးတဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး Knight တစ်ယောက်အနေနဲ့ ကစားရမယ့်အပြင် Simulation ပုံစံလေးမလို့ အရမ်းသဘောကျစရာကောင်းပါတယ်။ 
° Game အသစ်တွေထဲမှာ တကယ် Playable ဖြစ်တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အပြင် Open World ဖန်တီးပေးထားတာမလို့ ‌Map အနှံ့ပတ်ချင်တဲ့သူတွေအတွက်ပါ အကြိုက်တွေ့စေမယ့် ဂိမ်းကောင်းလေးတစ်ခုဖြစ်စေမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဂိမ်းပုံစံလေးက RPG ပါ ပေါင်းပေးထားတာဖြစ်ပြီး Simulation ဆိုတာက knight တစ်‌ယောက်ရဲ့ ပုံစံမျိုးနဲ့သာ တင်စားပြီး ပြောထားတာပါ။ ဆိုလိုချင်တာက ကစားရတာကတော့ RPG ဆန်ဆန် သွားမှာဖြစ်ပြီး Tasks တွေကို ပြီးမြောက်အောင် ဆောင်ရွက်ရင်းကနေ ရလာတဲ့ အသပြာတွေကို ချပ်ဝတ်တန်ဆာအတွက်ကော၊ လက်နက်ခဲယမ်းတွေအတွက်ပါ ဝယ်ယူသုံးစွဲပေးရမှာပါ။ Knight တစ်ယောက်အနေနဲ့ကစားရမှာမလို့ ဓားကော ၊ မြှားတွေပါ အသုံးပြုလို့ရမှာဖြစ်ပြီး ခရီးသွားလာဖို့အတွက်ပါ မြင်းစီးတာတွေအထိ အစုံကို လုပ်ဆောင်လို့ ရပါတယ်။ 
Graphic ကလည်း Polygon ဆိုပေမယ့် ကြည့်ကောင်းတဲ့ထဲမှာ ပါဝင်ပြီး Gameplay ကပါ မဆိုးဘူးဆိုတဲ့ အထဲမှာ ပါဝင်ပါတယ်။ Optimization အပိုင်းမှာတော့ Graphic Ultra ထိက fps drop နိုင်တာကြောင့် ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ အနေအထားတစ်ခုမှာ ကစားတာဟာ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ အကြံပေးပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်အနေနဲ့ ပြောရရင်လည်း ဂိမ်းက အသစ်ဆိုပေမယ့် ကစားရတာ အဆင်ပြေတဲ့ အနေထားမှာ ရှိတာကြောင့် ကစားကြည့်စေချင်တယ်။ Gameplay အပိုင်းတွေ အဆင်ပြေပြီး Open World ကိုမှ ကြည့်ပျော်ရှုပျော် ဖန်တီးထားတဲ့ Graphic Environment ကို မြင်တွေ့ရမှာမလို့ သူ့ Size နဲ့ သူကတော့ Good တယ်လို့ ပြောချင်တယ်။ အနည်းဆုံးတော့ Open World RPG ငတ်နေတဲ့သူတွေအတွက် ဒီ ဂိမ်းအသစ်လေးက ဖြေသာစေမှာပါ။
⭐ ( 𝙷𝙴𝙻𝙻𝙾 𝚁𝚊𝚝𝚒𝚗𝚐 = 𝟾.𝟸 / 𝟷𝟶 ) ⭐

Game Information

Android version 5 . 1 +
Developer Digital RPG
Network Offline
Price Free
App version 0.70
Release date Jan 26., 2024
Platform Android

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Download 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES