Matrix Fire

◤Counter Strike အဆော့များတဲ့ သူတွေအတွက် ဒီနေ့ အသစ်ထွက်လာတဲ့ ဂိမ်းလေးက စမ်းကိုစမ်းဆော့ကြည့်သင့်တဲ့ထဲမှာ ပါဝင်ပါတယ်။
အခုမှ Beta အဆင့်အနေနဲ့ Release လုပ်ပေးထားတာကြောင့် လိုအပ်ချက်တွေ ရှိသေးသလို ၊ ဘာကြောင့်စမ်းဆော့ကြည့်သင့်တယ်ဆိုတဲ့ အချက်တွေကိုပါ ပြောပြပေးသွားမှာပါ။
➥ 𝘼𝙗𝙤𝙪𝙩 𝙂𝙖𝙢𝙚 ( 🎮 )
---------------------------
ဒီတော့ ဂိမ်းအကြောင်းကို စပြောရရင် လောလောဆယ် Developer တွေက Beta Test ဆိုပြီး ကြေငြာထားတာကြောင့် Region အနေနဲ့ မင်မင်တို့ မြန်မာနိုင်ငံမှာ Account Create လုပ်ပြီး တန်းဝင် ဆော့လို့ မရသေးပါဘူး။ အဲဒါကြောင့် ကစားမယ်ဆိုရင် VPN နဲ့ ဝင်ပြီးတော့မှပဲ ဆော့လို့ရအုံးမှာပါ။
Game ပုံစံက Counter Strike နဲ့ အနီးစပ်ဆုံး တူညီတာမလို့ ခေတ်ရှေ့ပြေးတဲ့ Sci-fi ဒီဇိုင်း‌တွေကလွဲရင် ကျန်တဲ့ Gameplay အပိုင်းတွေက ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ အခု Beta Test မှာဆိုရင်လည်း Rank ကော၊ Season Pass တွေပါ ထည့်ပေးထားပြီး Online FPS Game တွေရဲ့ ထုံးစံအတိုင်း Teammatch, Deathmatch နဲ့ ဗုံးဖြုတ်ဗုံးတပ် လုပ်ရတဲ့ Competitive Mode တွေကို အဓိက ထည့်ပေးထားပါတယ်။ ဒါ့အပြင် Online Multiplayer မလို့ သူငယ်ချင်းတွေနဲ့ပါ Room ဒါမှမဟုတ် Group ဖွဲ့ပြီးတော့ပါ ဆော့လို့ရတာပါ။
Graphic အနေနဲ့လည်း မဆိုးဘူးဆိုတဲ့ အနေထားလောက်မှာ ရှိပြီး Beta Version မလို့ Error အနည်းငယ်နဲ့ Screen Optimization အပိုင်းတွေလောက်ကလွဲရင် ဆော့လို့အဆင်ပြေစေတဲ့ ဂိမ်းတစ်ခုပါ။
➥ 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 ( 🧩 )
-----------------------------
ဘာကြောင့် ဒီဂိမ်းကို သဘောမကျရင်တောင် စမ်းဆော့ကြည့်သင့်တာလဲဆိုရင် ..

ဒီဂိမ်းက Beta Version အဆင့်ပဲ ရှိသေးတာမလို့ ဝင်ကစားတဲ့ သူတွေကို ဂိမ်းရဲ့ items တွေ ၊ Skins တွေနဲ့ ပတ်သတ်ပြီး Experience ရအောင်လို့ ဖောဖောသီသီ သုံးခွင့်ပေးထားပါတယ်။ ဥပမာ - လက်ရှိ မင်မင် ကစားကြည့်ထားရသလောက်ဆိုရင် Character တွေရဲ့ Skins အကုန်လုံးကို စိတ်ကြိုက် ရွေးချယ်နိုင်တဲ့အပြင် Season Pass မှာတောင် အစကတည်းက ပေးထားတဲ့ Currency နဲ့တင် ဝယ်ယူလို့ရနေတာပါ။
အဲဒါကြောင့် Skins တွေ ၊ Season Pass တွေနဲ့ ပတ်သတ်ပြီး အပြင်ပိုက်ဆံမထုတ်ပဲ သုံးလို့ရနေတာမလို့ ဂုန်းဆင်းမယ့်သူတွေ ကစားကြည့်သင့်တယ်လို့ Admin က အကြံပေးတာပါ။ ဒါပေမယ့် ဒါက အခု Beta Test ရဲ့ Version ကို ပြောတာဖြစ်ပြီး Official ကျရင်တော့ တစ်မျိုးပြောင်းသွားနိုင်ပါတယ်။
ဂိမ်းက Skins အလိုက် Character ရဲ့ အားသာချက်တွေပါ ကိန်းဂဏန်းအရ တိုးသွားလေ့ရှိတာကြောင့် တကယ့် Battle ထဲမှာ အမှန်တကယ် ဟုတ်မဟုတ်ဆိုတာ ပြောပြနိုင်ဖို့ ခဲယဉ်းသေးပါတယ်။ Weapons အလိုက် မထင်ရင် မထင်သလို Head Shot နဲ့တင် တစ်ချက်တည်း သေနိုင်တာမလို့ ဂိမ်းက လောလောဆယ် Balance ဖြစ်မဖြစ်တောင် အချိန်တစ်ခုထိ ဆော့ကြည့်ရအုံးမှာပါ။
ဆိုတော့ နိဂုန်းချုပ်ရမယ်ဆိုရင် အခု Beta Test က

- Skin တွေ အလကားသုံးလို့ရမယ်
- Season Pass လည်း ဝယ်နိုင်မယ်
- Task အလိုက် ပေးတဲ့ Rewards လည်း

တစ်ခါတလေ များတတ်တာကြောင့် Weapon Skins တွေ ဖောက်ဖို့ရာအတွက်ပါ သေတ္တာများများ ရရှိနိုင်ပါတယ်။ သေနတ်နဲ့ပတ်သတ်ပြီး Fancy ကျတဲ့ Accessories လေးတွေပါ တပ်ဆင်လို့ရပြီး Gacha ကနေ ရလာတဲ့ သေနတ် Skins တွေကို စုပြီးတော့ပါ Mergin ပုံစံနဲ့ အကောင်းစား Skin တစ်ခုကိုပါ ကံစမ်းလို့ရသေးတာပါ။
❝ Admin ရဲ့ Personal အရပြောရမယ်ဆိုရင်လည်း ဂိမ်းက ပထမတစ်ပွဲသာ Bots တွေဆိုပေမယ့် နောက်ပွဲတွေကျတော့ တကယ့် Player တွေနဲ့ အတော်ရုန်းရပါတယ်။ Beta ဆိုပေမယ့် သူများနိုင်ငံတွေကတော့ အတော်များများ ဝင်နေရာယူထားပြီးတာဖြစ်တာကြောင့် အခု မင်မင်တင်ပေးလိုက်လို့ စဆော့မယ့် မြန်မာ Player တွေအနေနဲ့လည်း Server တစ်ခုတည်းမှာတင် လူများပြီး ပွဲစည်လာနိုင်ပါတယ်။ ❞

❛ Apk Only မလို့ Download ဆွဲပြီးတာနဲ့ Install တင် ကစားရုံပါ။ In Game Date လည်း ထပ်ပြီး Download ဆွဲစရာ မလိုပါဘူး ❜

Game Information

Android version 5 . 0 +
Developer MATRIX
Network Offline
Price Free
App version 0.4.0
Release date Beta Test
Platform Android / iOS

⭐ ( HELLO Rating = 7.2 / 10 ) ⭐


 DOWNLOAD 



#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES