SEAFLOOR
◤ ဒီဂိမ်းအသစ်ကတော့ Mobile မှာ လုံးဝ လုံးဝကို မရှိသေးတဲ့
ဂိမ်းအမျိုးစားတစ်ခုဖြစ်ပြီး Admin ကိုယ်တိုင် ဟိုးအရင်ကတည်း ဒီလိုပုံစံမျိုးကို
ကစားချင်ခဲ့တာပါ။
Horror ချင်းတူရင်တောင် ဒီလို သမုဒ္ဒရာ အောက်ဆုံးမှာ Survive
လုပ်ရတဲ့ ဂိမ်းဆိုတာက တကယ်ကို သဘာဝလွန် သရဲတွေ ၊ Psycho Killer တွေထက်ကို
အများကြီး သည်းထိတ်ရင်ဖိုဖွယ်ကောင်းပါတယ်။ ◥
➥ ( - 𝘼𝙗𝙤𝙪𝙩 𝙂𝙖𝙢𝙚 - )
---------------------------
ဒီဂိမ်းကို EpilogueSoft ဆိုတဲ့ Developer အသစ်တွေက ဖန်တီးပေးထားတာဖြစ်ပြီး
လက်ရှိအချိန်ထိကို Playstore ပေါ်မှာ Beta မဖြုတ်သေးတဲ့ အသစ်စက်စက် Horror
ဂိမ်းတစ်ခုပါ။
ဒီဂိမ်းရဲ့ Horror ဆိုတာက Admin တို့ အမြဲ တွေ့နေကြ သရဲခြောက်တာတွေ၊
လူသတ်တာမျိုးတွေ မဟုတ်ပဲ တကယ့် လက်တွေ့မှာ Mysterious အဆန်ဆုံးဖြစ်တဲ့
ပင်လယ်သမုဒ္ဒရာကြီးရဲ့ အနက်ရှိုင်းဆုံးနေရာက ထိတ်လန့်စရာ အဖြစ်ပျက်တွေကို
မြင်တွေ့ရမှာမျိုးပါ။
ဂိမ်းထဲမှာ ပါဝင်တဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ သင်က ရေအောက်ထဲမှာ
သုတေသနလုပ်ရင်း Accident တစ်ခုကြောင့် တစ်ယောက်တည်း ပိတ်မိသွားတဲ့ ပုံစံမျိုးနဲ့
စတင်ရမှာပါ။ အဲဒါကြောင့် မြေပြင်ပေါ်က အကူညီကို လှမ်းတောင်းမယ်ဆိုရင် ဆက်သွယ်ရေးက
အရေးကြီးတာကြောင့် သင့်အနေနဲ့ ဟိုး ပင်လယ်ပြင်အောက်ဆုံးမှာ ထောင်ထားတဲ့
ဆက်သွယ်ရေး တိုင်တွေကို ရေအောက်ဝတ်စုံဝတ်ပြီး တစ်ယောက်တည်း လိုက်ပြင်ပေးရမှာပါ။
အဲဒီလို ပြင်နေတဲ့ကြားက ကိုယ့်ရဲ့ ဝတ်စုံမှာရှိတဲ့ Oxygen level ကော ၊ ဓာတ်မီးမှာ
ပါဝင်တဲ့ Battle အားကပါ အကန့်သတ်ရှိတာကြောင့် အရမ်းကို ဂရုစိုက်ပေးရပါတယ်။
အနက်ဆုံး သမုဒ္ဒရာထဲမှာမလို့ ဘာအလင်းရောင်မှ ရှိမှာ မဟုတ်တဲ့အပြင်
ဘယ်လိုအရာတွေနဲ့ပါ ရင်ဆိုင်ရအုံးမလဲဆိုတာကတော့ ကိုယ်တိုင်ဆော့ကြည့်မှပဲ
သိမှာနော်။ Graphic ထက် Game Idea လေးက အရမ်း Fresh ဖြစ်တာကြောင့် Admin ကတော့
ကစားကြည့်စေချင်တယ်။
❝ အကယ်လို့ ကစားရမှာ အရမ်းကြောက်ရင်လည်း မင်မင်ကြုံရတဲ့ feeling လေးကို
review ရဲ့ Spoiler အပိုင်းမှာ ဖတ်သွားလို့ရသလို ၊ ကိုယ်တိုင်က လုံးဝ
သတ္တိရှိတယ်ဆိုရင်လည်း First Experience ကို မင်မင်ရဲ့ Review မဖတ်ပဲ
သွားဆော့ကြည့်လို့ရပါတယ်။ ဒါပေမယ့် Admin က ဂိမ်းတင်ရင် ဂိမ်းနဲ့ဆက်စပ်ပြီး
အပြင်က General Knowledge လေးတွေပါ Sharing လုပ်တတ်တာကြောင့် ပြန်လာပြီး
ဖတ်ကြည့်စေချင်တယ်။ ❞
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
-----------------------------
ဒီတော့ အမှန်တိုင်းပြောရမယ်ဆိုရင် Admin ကိုယ်တိုင်တောင် ဒီဂိမ်းကို
ပေါ့သေးသေးထင်ခဲ့မိတာပါ။ Size ကလည်း နည်းတော့ တအားကြီး
မျှော်လင့်မထားခဲ့မိဘူးပေါ့။
ဒါပေမယ့် အထင်နဲ့ လက်တွေ့က လုံးဝကို လွဲသွားတယ်ပြောရမယ်။ Developer က
အသစ်ဆိုပေမယ့် Graphic အရမ်း မကောင်းရင်တောင် သူ့အနေထားမှာ Game တစ်ခုအနေနဲ့
Entertainment အပြည့်ရအောင်လို့ သေချာ ဂရုတစိုက် ရေးဆွဲထားတာကို မြင်တွေ့ရတယ်။
Game ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပေမယ့် ဒီ ဖန်တီးထားတဲ့ ပတ်ဝန်းကျင်နဲ့
အခက်ခဲတွေက လုံးဝကို အချိတ်ဆက်ဖြစ်နေတာမျိုးမလို့ idea ကောင်းတယ်လို့
ဆိုရမယ်။
Single Player ဂိမ်းတစ်ခုဖြစ်တဲ့အပြင် Story ကိုမှ Escape ပုံစံမျိုးကို
ဦးစားပေးထားတာမလို့ Money Pulling ဖြစ်တဲ့ Microtransaction မပါဝင်ဘူးဆိုပေမယ့်
သူတို့ရဲ့ Income အတွက် Ads လေးတွေကိုတော့ ထည့်ပေးထားပါတယ်။ ဒါပေမယ့် ဒီ Ads
ပါတယ်ဆိုတာကလဲ အားနေ ကြေငြာကြီး ဝင်ဝင် ထိုးပြတာမျိုးမဟုတ်ပဲ ၊ ဂိမ်းထဲမှာ
အရမ်းအကူညီလိုတဲ့အချိန်ကျမှ အရေးပေါ်အနေနဲ့ Oxygen တို့ ၊ Location တွေကို Ads
ကြည့်ပြီး ထုတ်ပေးထားတာမျိုးပါ။ ပြောရရင် Skills မရှိသေးရင် Ads ကြည့်
ဆိုတာမျိုးပေါ့။ Custom Mode တွေပါ ထည့်ပေးထားပေမယ့် ဂိမ်းက ကိုယ်သာ အရမ်းတော်ရင်
အကုန် Unlock ဖြစ်တယ်။
𝙎𝙥𝙤𝙞𝙡𝙚𝙧 𝘼𝙡𝙚𝙧𝙩
ဒီတော့ ဂိမ်း Experience လေးကို စပြောရမယ်ဆိုရင် Graphic အားနည်းသလောက်
တော်တော်လေး " WTF " ဖြစ်ခဲ့ရတဲ့ ဂိမ်းတစ်ခုပါ။ ပင်လယ်နဲ့ ပတ်သတ်ပြီး Dive Into
The Past ဆိုတဲ့ ဂိမ်းပြီးကတည်းက အတော်လေး ငတ်နေခဲ့တာလို့ပြောရမယ်။
အဲဒီဂိမ်းတုန်းကတောင် Admin မှာ Horror ဂိမ်းမဟုတ်တာတောင်မှ
ထင်ယောင်ထင်မှားတွေဖြစ်ပြီး အတော်လေးလန့်ခဲ့တာပါ။ Hell ရဲ့ Old Fan တွေဆိုရင်
မှတ်မိကြမှာပါ။
ဒါပေမယ့် အခုဂိမ်းကျတော့ လုံးဝကို ကွဲသွားတဲ့အပြင် Admin အကြောက်ဆုံးအရာတစ်ခုကို
မထင်မှတ်ပဲ ခံစားခဲ့ရတာမလို့ Size နည်းတဲ့ ဂိမ်းလေးတစ်ခုကို အခုလိုမျိုး
စာအရှည်ကြီးနဲ့ တကူးတက ရေးပေးနေတာပါ။ အဲဒါကြောင့် အခုဆက်ရေးမယ့် စာတွေက Admin ရဲ့
feeling တွေအပေါ်ပဲ အခြေခံထားတာမလို့ အားလုံး ဒီ experience ကို ရမယ်လို့
မဆိုလိုဘူးနော်။
ဒီဂိမ်းကို Admin စဆော့တာက ညကြီးဖြစ်ပြီး ပတ်ဝန်းကျင် တိတ်ဆိတ်နေတဲ့အချိန်မှာ
နားကြပ်လေးတပ်ပြီး ကစားနေခဲ့တာပါ။ ပိုဆိုးတာက မီးပျက်နေတဲ့အချိန်ဆိုတော့
ကိုယ့်လက်ထဲက ဖုန်းကိုပဲ အာရုံက အပြည့်ဝရောက်နေခဲ့တာပေါ့။
ဂိမ်းစကတည်းက Camera မြင်ကွင်းက ဘေးဘောင်တွေနဲ့ဆိုတော့ အစက Feel
အောက်တယ်ထင်ရပေမယ့် ဆော့ရင်းဆော့ရင်း ကိုယ်ပါ ဝင်နေရသလို ခံစားလာရတယ်။
ရေအောက်ထဲရောက်နေတာကို ခံစားရစေတဲ့ ဘေးက ရေမြုပ်အသံတွေပါ နားကြပ်နဲ့
ဆက်တိုက်ကြားနေရတော့ လူက ဂိမ်းထဲကို လုံးဝ mood အပြည့် ဝင်သွားတော့တာပဲ။
အဲဒီမှာ ပထမဆုံး လန့်မိတာက Radar ကနေ အနီစက်ကြီးနဲ့ အချက်ပေးတာကနေ စတော့တာပဲ။
ကိုယ်က ဒီ မှောင်မဲနေတဲ့ ပင်လယ်ပြင်အောက်က ပတ်ဝန်းကျင်ကြီးကို
လိုက်စူးစမ်းနေတာမလို့ အဲဒီ ရုတ်တရက်အသံက ရင်ထဲမှာ နည်းနည်းလေး စလန့်မိတယ်။ Game
ရဲ့ tutorial တွေလဲ ကြည့်မထားတော့ ဘာကဘာမှန်းမသိ နောက်ဆုံး Oxygen ပြတ်ပြီး
ရှောပါလေရော။ အဲမှာ မင်မင်တွေးလိုက်တာက Oxygen က မလောက်ဘူးဆိုတော့ နောက်တစ်ခါ
အမြန်သွားရမယ်ဆိုပြီး တွေးမိတာ။
ဇာတ်ရှိန်က အဲမှာတင် စတက်ပါရော။ ဂိမ်းရဲ့ Mission က အန်တာနာ တိုင်တွေကို
လိုက်ပြင်ပေးရမှာဆိုတော့ မြင်နေသမျှမီးရောင်တိုင်းကို ကိုယ်က အန်တာနာပဲဆိုပြီး
တွေးမိခဲ့တာ။ အဲဒါ မင်မင်လည်း စစချင်း မျက်စိရှေ့မြင်တဲ့ အလင်းရောင်ဆီ
တန်းပြေးသွားတာပေါ့။ သွားရင်း သွားရင်း အဲမှာ Radar က အချက်ပြသံ
ပိုပိုပြီးမြည်လာတယ်။ ဘာဖြစ်တာလဲဆိုပြီး ခဏရပ်လိုက်သေးတယ်။ အဲမှာ
ပုံမှန်မဟုတ်တဲ့အသံက စကြားတော့တာပဲ။ လူကလဲ ခုထိ ဆော့သာဆော့နေတာ Mission ပဲသိပြီး
အန္တရာယ်က ဘာမှန်းမသိသေးတော့ နှလုံးကလဲ တဖြည်းဖြည်း ခုန်လာတာပေါ့။ မဖြစ်ဘူး
အန်တာနာဆီ အရောက်သွားမယ်ဆိုပြီး ဆက်လျှောက်တာ အဲဒီမှာ အန်တာနာကြီးက ရွေ့လာတော့
လူက တွန့်သွားတယ်။
အဲအချိန် မင်မင်ကလဲ ပတ်ဝန်းကျင်ကို လိုက် Check နေသေးတာ။ Radar ကလည်း
တတီတီမြည်နေတာဆိုတော့ ဘာများ ရှိလို့လဲဆိုပြီး။ နောက်ကျ ဆက်သွားမယ်ဆိုပြီး ခုနက
မီးရှိတဲ့ နေရာကို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တဲ့အချိန် အစွယ်အကြီးကြီးနဲ့
ဆင်ထက်တောင် ကြီးတဲ့ ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရတော့ လူက ဖုန်းသာ လွတ်မကျတာ ၊
အဲအခိုက်တန့်မှာတင် စိတ်ထဲမှာ ( ဝက်သယ်ဖက်တွေနဲ့ ) ကြက်သေ သေနေပြီ။
ဘာလို့ဆို အဲအကောင်ကြီးရဲ့ ခေါင်းမှာလဲ အန်တာနာမီးသီးလို အလင်းလေးပါနေတော့
လုံးဝကို Shock ဖြစ်သွားတာ။
တကယ်က ဂိမ်းရဲ့ Icon မှာ အဲအကောင်ပုံက ပါပြီးသား။ မင်မင်က
အစိမ်းသပ်သပ်ကြီးဆော့လိုက်ရတာဆိုတော့ တကယ်ကို First Experience က အမှတ်တရကို
ဖြစ်သွားတာ။ ပြီးတော့ အရမ်းလဲ သဘောကျတယ်။ မင်မင်ကိုယ်တိုင် ဒီလို Experience
အသစ်ကို လိုချင်တာမလို့ ကိုယ်သာ ရေအောက်ထဲမှာ အဲလို ကြုံခဲ့မယ်ဆိုရင်လည်း
လုံးဝကို အကောင်မသတ်ခင် ၊ လူက အသက်ပျောက်နေလောက်ပြီ 😅။
ဒီတော့ မင်မင်ရဲ့ စာကို အခုထိ ဖတ်လာတဲ့ Fan လေးတွေအတွက် General Knowledge လေး
ထပ်ပြောပြမယ်နော်။
- တကယ်တော့ ဒီထဲမှာပါတဲ့ အကောင်ကြီးက Angler ဆိုတဲ့ ငါးကို Inspired ယူပြီး Size
ကြီးကြီးနဲ့ ဖန်တီးထားတာပါ။ အပြင်မှာ အဲဒီ ငါးတွေကို ပင်လယ်ရေ မျက်နှာပြင်အောက်
ပေ ၁၆၀၀ အနက်မှာ မြင်တွေ့ရလေ့ရှိပြီး အရွယ်စားအားဖြင့် အများဆုံး 1 meter
လောက်ထိပဲ ရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် တကယ့်အပြင်မှာ
ဘယ်အရွယ်ထိရှိသေးနိုင်လဲဆိုတာ ဘယ်သူမှ အတိကျမပြောနိုင်ဘူးပေါ့။
ကာတွန်းကားတွေမှာဆိုရင်လဲ အားလုံးသိကြတဲ့ Nemo ဇာတ်ကားထဲက ခေါင်းထိပ်မှာ
မီးသီးလေး လင်းနေတဲ့ ငါးကြီးဆိုတာ အဲဒီ Angler ငါးတွေကို ပြောတာပါ။
- နောက်ထပ် Knowledge အနေနဲ့ ထပ်ပြောရမယ်ဆိုရင် မင်မင်တို့
ကြောက်စိတ်နဲ့ပတ်သတ်ပြီး Psychology မှာ ဘယ်လို သတ်မှတ်ထားတယ်ကော ၊
အယူဆလွဲနေတာလေးတွေကိုပါ ဗဟုသုတရအောင် တစ်ခါတည်း ပြောပြပါမယ်။ မင်မင်အရင်က Dive
Into The Past ဂိမ်းထဲမှာ ရေအောက်ထဲက အရာကြီးကို ကိုယ့်ဘာကိုယ်ပုံရိပ်ဖော်ပြီး
တွေးကြောက်တုန်းက အဲဒါကို ( 𝘼𝙦𝙪𝙖𝙥𝙝𝙤𝙗𝙞𝙖 ) လို့ ထင်ခဲ့တာပါ။ တကယ်တော့ အဲဒါက
မှားနေခဲ့တာပါ။ အခု ဒီဂိမ်းဆော့ကြည့်မှ မင်မင် သေချာသိသွားတာက Admin ဆီမှာရှိတဲ့
ကြောက်စိတ်က Aquaphobia မဟုတ်ပဲ ( 𝙏𝙝𝙖𝙡𝙖𝙨𝙨𝙤𝙥𝙝𝙤𝙗𝙞𝙖 ) ဖြစ်နေတယ်ဆိုတာ
သိခဲ့ရတာပါ။
ဒီအကြောင်းရာကို အလွယ်တကူနားလည်အောင်ပြောရရင် ရေကြောက်တဲ့သူတွေကို 𝘼𝙦𝙪𝙖𝙥𝙝𝙤𝙗𝙞𝙖
လို့ ခေါ်ပြီး 𝙏𝙝𝙖𝙡𝙖𝙨𝙨𝙤𝙥𝙝𝙤𝙗𝙞𝙖 ကိုတော့ ရေအနက် Deep ကို ကြောက်ကြတဲ့သူမျိုးပါ။
အဲဒီလို လူတွေက ရေကို မကြောက်ကြဖူးဆိုပေမယ့် ပင်လယ် ၊ မြစ်ချောင်း ဒါမှမဟုတ်
ရေကန်က Deep ဖြစ်ပြီး နက်နေမယ်ဆိုရင် အလိုလို 𝙏𝙝𝙖𝙡𝙖𝙨𝙨𝙤𝙥𝙝𝙤𝙗𝙞𝙖 ဖြစ်လာတတ်ပါတယ်။
ရေအောက်ထဲကို မမြင်ရလေ ပိုကြောက်လာလေဆိုတာမျိုးပေါ့။
ဒီတော့ စာလေးလည်း ရှည်နေပြီဆိုတော့ ဒီဂိမ်းနဲ့ ပတ်သတ်ပြီး မင်မင်ရဲ့ Fan တွေကို
ဒီထက်အများကြီး ပြောပြချင်ပေမယ့် နောက်ပိုင်း Video တွေ ပြောနိုင်တော့မှပဲ Video
Admin နဲ့ အတူတူ First Impression လေးတွေ နှစ်ယောက်သား ပြောပြပေးသွားပါမယ်။ ဒီအထိ
ဖတ်လာပေးကြတဲ့အတွက် အများကြီး အများကြီးကို ကျေးဇူးတင်ပါတယ်။
Android version | 9 . 0 + |
Developer | EpilogueSoft |
Network | Offline |
Price | Free |
App version | 0.2 |
Release date | Jan 26., 2024 |
Platform | Android |
Comments