Ex Astris


◤ လက်နှစ်ချောင်းဂိမ််းဆိုပြီး Mobile သမားတွေကို အထင်သေးခဲ့ကြသမျှ အခု အသစ်ထွက်လာတဲ့ Ex Astris ဟာဆိုရင်ဖြင့် Mobile Game တွေမှာ အရိပ်မဲကြီးအဖြစ်နဲ့ လက်ညိုးထိုး‌ခံနေကြရတဲ့ Gacha နဲ့ Microtransaction စနစ်တွေကို ဖောက်ထွက်ပြီး Fully Paid , Premium RPG ဂိမ်းတစ်ခုအနေနဲ့ Hypergyph ကနေ ပထမဆုံး ဖန်တီးပေးလိုက်တာပါ။ Mobile မှာပဲ ထွက်ရှိသေးတဲ့ ဂိမ်းတစ်ခုမလို့ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့အပြင် Mobile ဂိမ်းလို့ ထင်မှတ်စရာ မရှိလောက်အောင်ကို unique ဖြစ်တဲ့ Evolution တွေ လုပ်ပေးထားတာမလို့ တကယ်ကို Mind-blowing ဖြစ်စေမှာ သေချာပါတယ်။ ◥   
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
-----------------------------
 
အရင်ဆုံး ဒီဂိမ်းနဲ့ပတ်သတ်ပြီး 2021 လောက်တုန်းက မင်မင်တို့ ကိုယ်တိုင် trailer တွေ တင်ပြီး Hype ခဲ့ကြပေမယ့် In Game Graphic ကြီးက အရမ်းကို Mobile နဲ့ ယှဉ်ရင် Over ဖြစ်နေတာမလို့ PC ဒါမှမဟုတ် Console အတွက်ပဲ ရနိုင်မယ်ဆိုပြီး ထင်ခဲ့ကြတာပါ။ ဒါပေမယ့် အခု ထွက်လဲထွက်လာရော Mobile Only မှာပဲ ရရှိသေးတာဆိုတော့ တကယ်ကို Suprise ဖြစ်မိတာ အမှန်ပါပဲ။
Game အကြောင်းကို နည်းနည်း ပြောပြရမယ်ဆိုရင် ဒီဂိမ်းက နာမည်ကြီး Gacha ဂိမ်းတစ်ခုဖြစ်တဲ့ Arknights ရဲ့ Developer တွေကိုယ်တိုင် ဖန်တီးပေးထားတာဖြစ်ပြီး GRYPHLINE ကနေ Published လုပ်ပေးထားတာပါ။ ကြားထဲမှာ " When The Land Meets The Stars " ဆိုပြီးတော့တောင် Crossover Event လုပ်ထားပါသေးတယ်။ Gacha System ကနေ ခုလို Paid System ဂိမ်းအသစ် ပြောင်းထုတ်လိုက်တာဟာ မင်မင်အနေနဲ့တော့ တော်တော်လေး အထင်ကြီးမိတယ်လို့ ဆိုရပါမယ်။ 
Gameplay ပုံစံက RPG ကိုမှ Traditional turn-based ပုံစံမျိုးကို သုံးထားတယ်ဆိုပေမယ့် ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက Obscure and Maneuver System ဆိုတဲ့ Real Time မှာကို Action Elements တွေနဲ့ ပေါင်းစပ်ပေးထားတာမလို့ Combat System တွေက လုံးဝကို Boring မဖြစ်ပဲ တခြားဂိမ်းတွေထက်ကို Unique ဆန်ဆန်နဲ့ Hybrid ပုံစံမျိုးတွေကို မြင်တွေ့ရမှာပါ။
အလွယ်ပြောရရင် ဒီထဲမှာ ပါဝင်တဲ့ Combat System တွေက လုံးလုံးကြီး Turn-based ပုံစံမျိုးကို လုပ်ပေးထားတာမဟုတ်ပဲ အလှည့်တိုင်းမှာ ကိုယ့်ရဲ့ Action တွေပေါ် မူတည်ပြီး skills တွေကို ကောင်းကောင်းအသုံးချလို့ရအောင် ဆောင်ရွက်နိုင်တဲ့အပြင် Defense နေရာမှာလဲ choosing စနစ်တွေနဲ့ Critical Damage တွေကို ခုခံနိုင်တဲ့ထိ Action မျိုးစုံကို ဆောင်ရွက်လို့ ရနိုင်တာမလို့ Turn-based မကြိုက်တဲ့သူတွေတောင် သဘောကျသွားစေမှာပါ။ နောင်ပြီး Movement Button ကလဲ တကယ် unique ဖြစ်တယ်။ 
RPG ဂိမ်းတစ်ခုမလို့ Power နဲ့ပတ်သတ်တဲ့ Skill trees တွေ၊ တခြား Ability Upgrade တွေပါ ပါဝင်ပြီး အဲအတွက် သုံးရမယ့် ငွေကြေးပုံစံမျိုးတွေပါ ဂိမ်းတစ်လျှောက် ရှာယူလို့ ရနိုင်တာကြောင့် Enemies Kill တာပဲဖြစ်ဖြစ်၊ Chest တွေ၊ Box တွေကနေပဲ ဖြစ်ဖြစ်၊ Side Quest တွေ ကူညီရင်းကနေလဲ items တွေကစ နည်းမျိုးစုံနဲ့ ရရှိနိုင်ပါတယ်။ Characters တွေနဲ့ ပတ်သတ်ပြီး story အလိုက် ရရှိသွားမှာ ဖြစ်တာကြောင့် တခြား ဘယ် Purchase မှ ပြင်ပကနေ ငွေထပ် သုံးစရာမလိုတော့ပါဘူး။ နောက်ပြီး Quest တွေနဲ့ ပတ်သတ်ပြီးလည်း Location အစုံကို explore လုပ်ခွင့်ရအုံးမှာမလို့ အရမ်းကို သဘောကျစရာကောင်းပါတယ်။
သဘောကျဆို ဒီဂိမ်းမှာ သုံးပေးထားတဲ့ Graphic ပိုင်းကိုက လုံးဝကို Mobile ဂိမ်းလို့ ထင်မှတ်စရာ မရှိလောက်အောင်ကို အရမ်းကြည့်ကောင်းတာပါ။ ဒါတောင် 2021 မတိုင်ခင်ကတည်းက ဖန်တီး‌ခဲ့တဲ့ ဂိမ်းတစ်ခုဆိုပေမယ့် Graphic ပိုင်းကတော့ အခုခေတ် Game အသစ်တွေထက်ကို အသာလေး ထိပ်ဆုံးမှာ ရောက်နေနိုင်တာပါ။ ဒါကလည်း Unique ဖြစ်တဲ့ Environment ကြောင့်မလို့ သာသွားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်လည်း sci-fi ဆန်တဲ့ Texture တွေ ၊ Building တွေက Lighting တွေ ၊ နောက်ခံ Background Music တွေနဲ့တင် လုံးဝကို Console Quality လောက်အထိ ခံစားရတဲ့ feeling မျိုးကို ရရှိစေမှာ အမှန်ပါပဲ။  
အခုလို Gameplay ကော ၊ Graphic တွေကော အရမ်းမိုက်နေတော့ Story က ချာသွားမလားဆိုပြီး ထင်နေရင်တော့ မှားသွားနိုင်ပါတယ်။ ဒီဂိမ်းရဲ့ Story ပိုင်းကလည်း တကယ် character တစ်ယောက်ချင်းစီကို Voice Actors တွေနဲ့ Dialogue တွေကစ သေချာဖန်တီးပေးထားတာမလို့ ဇာတ်အိမ်နဲ့ ပတ်သတ်ပြီး မကောင်းမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။
ဒီဂိမ်းရဲ့ ဇာတ်လမ်းကို လွယ်လွယ်‌နဲ့ နားလည်အောင်ပြောရရင်တော့ ဒီ ကမ္ဘာကနေ နောက်ထပ် ဂြိုလ်တစ်ခုဖြစ်တဲ့ Allindo ဆိုတဲ့ ကမ္ဘာတစ်ခုကို ‌‌တွေ့ရှိခဲ့ရာကနေ စတင်ခဲ့တာပါ။ ဂြိုလ်သားလို့ ခေါ်လို့ မရလောက်တဲ့ထိ လူသားအသွင်ပြင်တွေနဲ့ တည်ရှိနေတာမလို့ Culture ကလွဲပြီး ကမ္ဘာနှစ်ခုကြားရဲ့ ဆက်ဆံရေးတွေဟာ အဆင်ပြေခဲ့ကြပေမယ့် ထင်သလောက်တော့ ဖြစ်မလာခဲ့ကြပါဘူး။ ဒီဂိမ်းရဲ့ အဓိက ဇာတ်ကောင် နှစ်ဦးဟာလည်း တစ်ယောက်က ကမ္ဘာကနေ လာတဲ့သူဖြစ်ပြီးတော့ ၊ နောက်တစ်ယောက်ကတော့ Allindo မှာ နေထိုင်တဲ့ သူမလို့ ကမ္ဘာချင်းမတူတဲ့ သူတို့နှစ်ယောက်ကြားက ဆက်နွယ်မှုတွေ၊ နောက်ကွယ်က အကြောင်းရင်းတွေကိုလည်း ဒီဂိမ်းထဲမှာ ထိထိမိမိနဲ့ ဖော်ထုတ်သွားရမှာမလို့ Storyline အနေနဲ့ လုံးဝကို ကစားကြည့်သင့်တဲ့ အထဲမှာ ပါဝင်ပါတယ်။ 
➥ ( - 𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 - )
----------------------
မင်မင်တော့ ဒီဂိမ်းကို တင်သာ တင်ရတယ် စိတ်ကတော့ တကယ် သိပ် မသက်သာဘူး။ ဘာကြောင့်လဲဆိုတော့ ဂိမ်းက ရှားရှားပါးပါး Gacha ကနေ Paid ဂိမ်းကို စတင် ထုတ်လာတာမလို့ Profit မကျန်ပဲ ထပ်မြုပ်သွားမှာကို တွေးပူမိလို့ပါ။ အဲဒါကြောင့် ကိုယ်တွေရဲ့ အခြေနေကို သိပေမယ့် ဖြစ်နိုင်ရင်တော့ Developer တွေကို support လုပ်တာဟာ ပိုပြီးတော့ အားပေးရာ ရောက်ပါတယ်။ 
Mobile မှာ တခြား Premium ဂိမ်းတွေလဲ ထွက်ရှိထားတယ်ဆိုပေမယ့် ဒီတစ်ခုက Mobile အတွက် အရင်ဆုံး သီးသန့် ထွက်ရှိလာတာရယ် ၊ နောက်ပြီး Graphic ကပါ Next-Generation ကို မှီနေတာဆိုတော့ တကယ်ကို ရှားပါးဂိမ်းတစ်ခုဆိုပြီး မင်မင်က ပြောနေရတာပါ။ ဒီလို ဒီဇိုင်းမျိုးတွေက အခုချိန် ဘယ်မှပဲ သွားကြည့်ကြည့် Online ကိုမှ Money Pulling တွေဖြစ်တဲ့ Gacha တွေ ၊ Microtransaction တွေနဲ့ ဗြောင်းဆန်နေအောင် မြင်တွေ့နေရတာတွေကြီးပါပဲ။ တစ်ချို့ တကယ် ဂိမ်းကောင်းတွေလဲ ရှိပေမယ့် သိတဲ့အတိုင်း အများစုက နာမည်ကြီး developer မဟုတ်ရင်ကို သိပ်စိတ်မဝင်စားကြတာဆိုတော့ မင်မင်လည်း မတတ်နိုင်ဘူးလေ။ 
အခုဂိမ်းကလည်း တကယ် Graphic အရမ်းလှတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အပြင် Offline Mode ပါ ပါသေးတာဆိုတော့ လုံးဝကို မင်မင်တို့ရဲ့ Fan တွေ အကြိုက်ဖြစ်မှာပါ။ မင်မင်ဆိုရင် Screen Shot အတွက် ဓာတ်ပုံလိုက်ရိုက်ရတာကိုက ပုံ 70 နီးပါးထိ ရှိတာမလို့ မနည်း ကြည့်ကောင်းတာလေးတွေကို ရွေးထုတ်ပြီး ပုံတွေကို တင်ပေးထားရတာပါ။ တကယ် ဂိမ်းရဲ့ Stunning ဖြစ်တဲ့ နေရာလေးတွေကို မိမိရရ SS လိုက်ယူရတာလဲ အမော။ ဘယ်လိုပဲဖြစ်ဖြစ် တကယ် ဂိမ်းကောင်းလေးတစ်ခုမလို့ မင်မင်ရဲ့ Fan တွေကို ဆော့ဖြစ်အောင်ကို ဆော့ကြည့်စေချင်တယ်။

Mod version မလို့ damage တွေ ၊ cool down တွေလဲ ဂိမ်းအရသာ ပျက်အောင် မဆော့စေချင်ဘူး။ Normal လေးအတိုင်းပဲ ဆော့နော်။ 
❝ စဉ်းစားမနေ‌နဲ့ Mobile မှာ ရှားရှားပါးပါး ဂိမ်းတစ်ခုမလို့ ဆော့ဖြစ်အောင် ဆော့ကြည့် ❞

Game Information

Android version 7 . 0 +
Developer GRYPH
Network Online / Offline
Price 9.99 $
App version 1.0.3
Release date Feb 26., 2024
Platform Android / iOS

⭐ ( HELLO Rating = 9.2 / 10 ) ⭐


  Download 


❛ ဂိမ်းထဲရောက်ရင် In Game Data ကို 3.7 GB လောက် ထပ်ဆွဲရမှာဖြစ်ပြီး အကုန်ပြည့်ပြီး Menu ရောက်သွားရင်တော့ Internet ပိတ်ပြီး ကစားလို့ရပါပြီ ❜


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project 2