Potion Permit
◤ လွတ်လွတ်လပ်လပ် ဆေးကျောင်းသား ဘဝလေးနဲ့ စွန့်စားချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးက
Stardew Valley တို့လို ဂိမ်းကောင်းတွေကို Inspired ယူထားပြီး မတူညီတဲ့ Unique
ပုံစံလေးနဲ့ ဖန်တီးထားတာမလို့ အရမ်းကို သဘောကျကြမှာပါ။ ◥
➥ ( - 𝘼𝙗𝙤𝙪𝙩 𝙂𝙖𝙢𝙚 - )
---------------------------
ဂိမ်းရဲ့ ပုံစံလေးကိုက Pixel graphic လေးဆိုပေမယ့် ဖန်တီးထားတဲ့ ပုံရိပ်တွေက
သေသပ်တိကျပြီး နွေးထွေးတဲ့ cozy vibes လေးကို ရရှိစေတာ အမှန်ပါပဲ။ ဇာတ်အိမ်က အစ
character development တွေအထိ NPC တစ်ဦးချင်းဆီတိုင်းမှာ deep story
ထည့်သွင်းပေးထားတာကြောင့် Relationship ပိုင်းမှာပါ စိတ်ဝင်စားစရာကောင်းတဲ့အပြင်
အချစ်စစ်ကိုပါ ရှာဖွေလို့ ရနိုင်မယ့် ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ ဇာတ်လမ်းလေးကို နားလည်လွယ်အောင် ပြောရရင် သင်က ဆေးဝါးပညာရှင် လူငယ်လေး
တစ်ယောက်နေရာကနေ ပါဝင်ရမှာဖြစ်ပြီး Moonbury Island မှာရှိတဲ့ countryside
မြို့ငယ်လေးကို သွားရောက် တာဝန်ထမ်းဆောင်ပေးရမှာပါ။ ဒါပေမယ့် အဲဒီမြို့ငယ်လေးမှာက
သင့်ကို ကြိုဆိုမယ့်သူကတော့ ရှားနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်က
အဲဒီမြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ accident တစ်ခုကြောင့် ဒေသခံတွေဟာ ( chemist )
ဆိုတဲ့ ဆေးဝါးပညာရှင်တွေကို ယုံကြည်မှု နည်းနေကြတာဖြစ်ပြီး တစ်မြို့လုံးရဲ့
သံသရတွေကို ဖယ်ရှားဖို့အတွက်ဆိုရင်တော့ သင်ကိုယ်တိုင် သိပ္ပံနယ်ပယ်ရဲ့
ဆေးဝါးဖော်စပ်မှုတွေဟာ လူတွေအတွက် ဘယ်လောက်ထိ အကျိုးပြုကြောင်းကို
သက်သေပြပေးရမယ့် ဇာတ်လမ်းပုံစံမျိုးလေးကို ဖန်တီးပေးထားတာပါ။
Gameplay ပိုင်းမှာဆိုရင်လည်း ဆေးဝါးဖော်စပ်ရတဲ့ elements အပိုင်းတွေကို mini
game လေးတွေနဲ့ ပေါင်းစပ်ပေးထားတာဖြစ်ပြီး ဒေသခံတစ်ယောက်ချင်းစီရဲ့ ရောဂါ၊
နာကျင်မှုတွေကို သိပ္ပံနည်းကျ လက်တွေ့အဖြေရှာပေးရမှာပါ။ ကုသမှုတွေအတွက် လိုအပ်တဲ့
ဆေးပင်ဝါးပင်တွေကိုပါ တောအုပ်တွေထဲမှာ လိုက်လံရှာဖွေ စုဆောင်းရင်း၊
သားရဲတိရိစ္ဆာန်တွေရဲ့ အန္တရာယ်တွေကိုပါ စွန့်စားခန်း တစ်ခုအနေနဲ့ ကြုံတွေ့ရမယ့်
ဂိမ်းကောင်းလေးတစ်ခုပါ။ ဒါ့အပြင် တစ်မြို့လုံးက သင့်ကို စောင့်ကြည့်နေကြတာမလို့
အမှားမလုပ်မိအောင်နဲ့ အားလုံးရဲ့ ယုံကြည်မှုကို ရရှိနိုင်ဖို့ကလည်း အရမ်းကို
အရေးကြီးပါတယ်။ Open world ဆန်ဆန် မြေပုံကျယ်ကြီးထဲမှာ RPG ကော Crafting
စနစ်တွေပါ ထည့်သွင်းပေးထားတာမလို့ အရမ်းကို သဘောကျကြမှာပါ။
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
-----------------------------
Admin အနေနဲ့ အမှန်တိုင်းပြောရရင်တော့ ဂိမ်းက တကယ် စွဲဆောင်မှုရှိတယ် ပြောရမယ်။
Cozy ကိုမှ Chill ပုံစံလေး ကစားရတာမလို့ ဘာဖိအားမှ မရှိပဲ အေးအေးဆေးဆေး
ကစားရတာမျိုးလေးကိုက အရမ်းသဘောကျစရာကောင်းတာ။ သူ့မှာ Life နဲ့ ပတ်သတ်ပြီး
အခြေခံထားတာကြောင့် ဒီ အဓိကဇာတ်ကောင်ဟာလည်း တစ်ယောက်တည်း စွန့်စားရတာမျိုးမဟုတ်ပဲ
အေးအတူပူအမျှ ဘေးနားမှာ အမြဲရှိနေပေးနိုင်မယ့် puppy လေးတစ်ကောင်ကိုပါ
ထည့်သွင်းပေးထားတာမလို့ ပြောရရင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကော
၊ ကိုယ့်ကို သံသရဖြစ်နေကြတဲ့ လူပုံအလယ်ကြားမှာ အထီးကျန်နိုင်တဲ့
စိတ်ခံစားချက်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်လို့ မြင်မိတယ်။ ဒါက ဂိမ်းရဲ့
ရည်ရွယ်ချက် ဟုတ်ချင်မှဟုတ်ပေမယ့် Admin အနေနဲ့ကတော့ အဲလိုအသေးစိတ်လေး
ခံစားမိတယ်။
နောက်တစ်ခုက ဒီဂိမ်းရဲ့ ဇာတ်လမ်းပိုင်းကိုပြောရမယ်ဆိုရင် အပေါ်ကပြောခဲ့သလိုပဲ ဒီ
မြို့လေးက သိပ္ပံဆေးဝါးနဲ့ ပတ်သတ်ပြီး သံသရဖြစ်နေကြတာမလို့ သူတို့ရဲ့
စိုးရိမ်မှုတွေဟာ အနီးစပ်ဆုံးပြောရရင် Admin တို့ နိုင်ငံမှာ ရှိတဲ့
မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးတွေမှာ ဆေးဝါးသွားကုတဲ့ ပုံစံမျိုးလေး
တွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် ဒီထဲမှာက ဆေးဝါးနဲ့ပတ်သတ်ပြီး accident
ဖြစ်ခဲ့ဖူးတာမလို့ ယုံကြည်မှု နည်းနေကြတာဖြစ်ပြီး သူတို့ရဲ့ စိတ်ကို
ယုံကြည်မှုနည်းအောင် စိုးမိုးထားတဲ့ အကြောင်းရာတစ်ခုကလည်း ရှိနေပြန်ပါတယ်။
အဲဒါကတော့ Witch Doctor တစ်ယောက် ရှိနေလို့ပါ။ ပြီးတော့ အဲဒီတစ်ယောက်ကလည်း
ဒေသခံတစ်ဦးဖြစ်နေတာဆိုတော့ ဂိမ်းရဲ့ သိပ္ပံနဲ့ ရိုးရာကုထုံးတွေကြားက
တင်းမာမှုလေးတွေကိုပါ မြင်တွေ့ရအုံးမှာပါ။
ဂိမ်းထဲမှာ relationship ပါဝင်ပေမယ့် သေချာတာကတော့ witch doctor က
သင်ရောက်လာတာကို အမြင်ကြည်မှာမဟုတ်ပါဘူး။ တခြား သူတွေနဲ့လည်း Relationship Story
ကိုယ်စီ ရှိသေးတယ်ဆိုပေမယ့် ကိုယ်တိုင်ဆော့ကြည့်မှပဲ
ပိုစိတ်ဝင်စားသွားပါလိမ့်မယ်။ အနည်းဆုံးတော့ ဒီဂိမ်းထဲမှာ FA
မဖြစ်စေနဲ့ပေါ့။ကစားရတဲ့ အပိုင်းမှာလဲ သစ်ပင်ခုတ်တာ၊ ပန်းခူးတာ၊
ငါးမျှားတာတွေအပြင် ဆေးဝါးဖော်စပ်တဲ့နေရာမှာပါ လွယ်လွယ်ကူကူနဲ့ ရိုးရှင်းစွာ
ဖန်တီးထားတာမလို့ လုံးဝကို chill လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုလို့ ပြောချင်ပါတယ်။
❝ Countryside တွေမှာ အလုပ်လုပ်ရတာ သဘောကျတဲ့သူတွေအတွက် လယ်သမားတစ်ယောက်အနေနဲ့မဟုတ်ပဲ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ ကစားချင်ရင်တော့ ဒီဂိမ်းလေးက ဆော့ကိုဆော့ကြည့်သင့်တဲ့ထဲမှာ ပါဝင်ပါတယ်။ ❞
| Android version | 8 . 0 + |
| Developer | PlayDigious |
| Network | Offline |
| Price | 4.99 $ |
| App version |
1.24 |
| Release date | Feb 2., 2024 |
| Platform | Android / iOS |
⭐ ( HELLO Rating = 8.2 / 10 ) ⭐
Download
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...













