Blade Of God X ( Test Version )
❝ အရမ်းလွန်သွားတဲ့ Mobile Game တစ်ခု ❞
မနေ့ကမှ Test Version ထွက်လာတဲ့ BOGX ဂိမ်းဟာ
Mobile Player တွေအတွက်တော့ အရမ်းလွန်သွားတာ
ဖြစ်ပြီး Devil May Cry လို Combat , Bayonetta လို
Sexy Design ကိုမှ Dante's Inferno လို အစွဲချွတ်တာ
တွေအထိပါ အကုန်ပေါင်းစပ်ထားတာမလို့ အရမ်းကို လွန်လွန်းအားကြီးတဲ့
ဂိမ်းတစ်ခုဖြစ်ပါတယ်။
( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
Game က ARPG အမျိုးစားဖြစ်ပြီး အရင်က Blad Of God ဆိုပြီးတော့ Paid Game
အနေနဲ့လည်း ထွက်ရှိထားဖူးတာမလို့ HELLO Fan တွေကတော့ သိပြီးသားဖြစ်ကြမှာပါ။
Mobile မှာ Story အပြည့်နဲ့ Offline ARPG ဆိုတာ အရမ်းကို ရှားခဲ့တာကြောင့် Full
Version တောင် နှစ်အတော်ကြာမှ ကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
အဲဒီလိုပဲ Blade Of God ရဲ့ 2 ဆိုပြီးတော့ အခုဂိမ်းဟာလည်း Teaser အပြီး
နှစ်အနည်းငယ်ကြာမှ အသံကြားလာရတာဖြစ်ပြီး အခု test version မှာတော့
ရုပ်လုံးပြည့်ပေါ်လာရုံတင်မကပဲ BODX ဆိုပြီးတော့ပါ Title အသစ် ၊ Website အသစ်နဲ့
ပြန်ပေါ်လာခဲ့တာပါ။
Admin ကတော့ Test Version မလို့ အသေးစိပ်ကျကျတော့ မပြောဖြစ်တော့ဘူးဆိုပေမယ့်
ဒီဂိမ်းက ဘယ်လောက်ထိ အရမ်းလွန်သွားတယ်ဆိုတာကို ပြောပြပေးပါမယ်။
( - 𝐒𝐭𝐨𝐫𝐲 - )
အရင်ဆုံး ဂိမ်းရဲ့ ဇာတ်လမ်းကို လွယ်လွယ်နဲ့ မြင်သာအောင်ပြောရရင် DMC တို့ ၊
Bayonetta တို့လိုမျိုးပဲ God တွေ ၊ Devil တွေကြောင့် Chaos
ပြဿနာမျိုးတွေကြုံတွေ့ရမှာဖြစ်ပြီး ထူးခြားတာက ဒီဂိမ်းက အရင်က Underated Game
တစ်ခုဖြစ်တဲ့ Dante's Inferno တို့လိုမျိုး ငရဲမှာသွားချပြီး ငရဲသားတွေကို
အစွဲချွတ်တဲ့ ပုံစံမျိုးတွေထိပါ မြင်တွေ့ရတာကြောင့် အရမ်းကို မိုက်ပါတယ်။
ဒါက မျက်လုံးထဲမြင်သာအောင် ပြောပြတာဖြစ်ပြီး တကယ့် ဇာတ်လမ်းပုံစံက
ဆုတောင်းမှားခဲ့ကြတဲ့ စစ်သည်တော်တွေ ၊ သူရဲကောင်းတွေဟာ Devil အသွင်နဲ့ ငရဲမှာ
ပြောင်းလဲသွားကြပြီး သူတို့ကို အနိုင်ယူပြီးတာနဲ့ ပင်ကိုယ်မူလပုံစံတွေကို
ဝိညာဉ်အနေနဲ့ Final Scene မှာ မြင်တွေ့ရမှာပါ။ အဲဒါကိုမှ အစွဲချွတ်တဲ့အခါ
အကောင်း၊ အဆိုးရွေးချယ်ပေးရမှာဖြစ်ပြီး ဆုလဒ်ချင်းကလည်း မတူညီတာကြောင့် ကိုယ့်ရဲ့
စိတ်ခံစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။ စိတ်ခံစားမှုဆိုတာကလည်း Dialogue တွေ
ဖတ်ဖြစ်ရင်ပေါ့။
( - 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 - )
နောက်ထပ် Gameplay ပိုင်းကို ဆက်သွားရရင် ဒီဂိမ်းက တကယ်ကို ရောသမ
မွှေထားတယ်လို့တောင် ပြောရမှာပါ။ Main Character သုံးယောက်ကိုမှ Class အနေနဲ့
Different Version ကိုယ်စီရှိကြပြီး Skill Setup တွေ စုံစုံလင်လင်ကိုမှ Soul
Character တွေပေါင်းစပ်ထားတဲ့ Ability Combat System တွေကိုပါ မြင်တွေ့ရမှာပါ။
အထူးသဖြင့် Skill သုံးပြီးတိုင်း Extra အနေနဲ့ ထပ်ထွက်လာတဲ့ Ability တွေကြောင့်
Battle ထဲမှာ ကိုယ်ဘာနှိပ်လိုက်လို့ ဘာတွေထွက်လာမှန်းမသိအောင်လို့ကို
အရမ်းမိုက်ပါတယ်။
အစပိုင်းတော့ နားလည်ရခက်ပေမယ့် ကစားတာကြာသွားရင် တဖြည်းဖြည်းသိလာမှာဖြစ်ပြီး သူက
Combat ဦးစားပေး ဂိမ်းတစ်ခုမလို့ Skill နဲ့ပတ်သတ်ရင်တော့ လုံးဝကို
ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်ခွင့်ပေးထားတာပါ။ အလွယ်ပြောရရင် သူက RPG အရ Skill
တွေ ၊ Character Upgrade တွေအပြင်ကိုမှ Souls ဆိုပြီးတော့ Main Character မဟုတ်ပဲ
Side Character အနေနဲ့ Skill တစ်ခုချင်းစီတိုင်းမှာ ထပ်ပြီး ပေါင်းစပ်လို့ရတဲ့
Combat System မျိုးကို သွားပေးထားတာပါ။
ဥပမာ - ကိုယ်က Skill ခလုပ်တစ်ခုနိပ်လိုက်တာနဲ့ အဲနိပ်လိုက်တဲ့ နောက်မှာ
ထပ်ပြီးပေါ်လာတဲ့ After Ability Effect ပုံစံမျိုးတွေမလို့ Battle ဆိုင်တဲ့အခါ
လုံးဝကို စုံနေအောင်မြင်တွေ့ရမှာပါ။ အဲဒါကိုမှ လက်နက်အလိုက် Skill တွေပါ
ထပ်ခွာထားသေးတော့ Stamina တွေသာ ကန့်သတ်မထားရင် Combat တွေကတော့
ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ ဖုန်းမနိုင်ရင် စက်ထစ်ပြီးတောင် ရပ်သွားနိုင်ပါတယ်။
နောက်ထပ် Summon တွေအနေနဲ့ Battle ထဲမှာပါ အကူတွေ ထပ်ခေါ်လို့ရသေးတော့ သူတို့ရဲ့
Skill တွေ , ကိုယ့်ရဲ့ Skill တွေနဲ့ ဖုန်းက Frames Stable ဖြစ်အောင်
အတော်ကိုရုန်းရမှာပါ။
Game ထဲမှာပါဝင်တဲ့ Features တွေက Level အလိုက် Unlock ပွင့်လာမှာဖြစ်ပြီး Online
ARPG ဆိုတော့ Resources တွေ ၊ Craft တွေ ၊ Powers တွေ အပြင်ကိုမှ ဒီ Combat မှာ
တပ်သုံးလို့ရတဲ့ Souls Character Cards တွေကိုပါ Gacha အနေနဲ့ SSR , SR ဆိုပြီး
Rank အလိုက်ပါ ကံစမ်းကာ အသုံးပြုပေးရမှာပါ။ Gameplay ကတော့ စုံပေမယ့် test
version မလို့ Admin ဒီလောက်ပဲ ပြောပြထားအုံးမယ်။
( - 𝐆𝐫𝐚𝐩𝐡𝐢𝐜 - )
Graphic ကတော့ အရမ်းအကောင်းကြီးလဲမဟုတ်သလို အရမ်းနိမ့်တဲ့ထဲမှာလဲ မပါတော့
ပြောရရင် Level Design အရ Environment Graphic ကြောင့်သာ Game ရဲ့ Impressive က
အတော်လေးကို သိသိသာသာပြောင်းလဲစေပါတယ်။ Model ဒီဇိုင်းတွေကတော့ OK တယ်ဆိုပေမယ့်
Polish မဖြစ်သေးတဲ့ ပုံစံမျိုးတွေကြောင့် တစ်ချို့ နေရာတွေမှာ ကြည့်ရတာ
အသားမကျသေးတာဖြစ်နိုင်သလို Final Version မဟုတ်သေးတာကြောင့်ပါ ပြီးပြည့်စုံတဲ့
Experience မျိုးတော့ ရနိုင်အုံးမှာမဟုတ်ပါဘူး။
Graphic Setting နဲ့ ပတ်သတ်ပြီး အကြံပြုရရင်တော့ ကိုယ်က Quality ထက် Performance
ကို ဦးစားပေးတဲ့သူဆိုရင် Resolution Mid နဲ့ ကျန်တာ အကုန် low ထားပြီး Frames ကို
Max အထိ ထားဆော့ဖို့ အကြံပေးပါတယ်။ Quality ဦးစားပေးတဲ့သူတွေကျတော့ Frames Limit
လုပ်သင့်ပြီး ကိုယ့်ဖုန်းရဲ့ SOC က နိုင်သလောက်ပဲ ထားဆော့ကြဖို့ရာ အကြံပေးပါတယ်။
Game က Battery ကော ၊ Graphic ပါ အရမ်းစားတာကြောင့် Game Optimization
မဖြစ်သေးတဲ့အချိန်မှာ ကိုယ့်စက်ကို အရမ်းမရုန်းခိုင်းစေချင်ဘူး။
( - 𝐒𝐮𝐦𝐦𝐚𝐫𝐲 - )
Dark ဆန်ပြီး Combat ဦးစားပေးထားတာမလို့ Admin ကတော့ Character ကော ၊ Art Design
တွေပါ အရမ်း သဘောကျမိတယ်။ Animation အပိုင်းတွေမှာ Enemies Movement တွေကို
သိပ်သဘောမကျပေမယ့် သူ့ဟာနဲ့သူတော့ အဆင်ပြေတယ်ပြောရမှာပဲ။
အပေါ်ဆုံးမှာ မင်မင်ပြောခဲ့သလို အရမ်းလွန်တယ်ဆိုတာကလည်း Game က ထည့်ချင်တဲ့
Mechanic တွေ ၊ Features တွေက အရမ်းကိုများနေပြီး တော်ရုံဖုန်းတွေနိုင်တဲ့ထိတောင်
Optimization ကော ၊ Graphic ပါ ထိန်းမထားနိုင်တော့ အရမ်း လွန်လွန်းအားကြီးတာပါ။
နောက်ထပ်လွန်တာက အရင်က Paid Game တောင် In Game Purchases နဲ့ Character ဝယ်တာတွေ
လုပ်ထားခဲ့တယ်ဆိုပေမယ့် အခုကျတော့ Online ကိုမှ Free Game သာဆိုတယ် Gacha ကော ၊
Microtransaction ပါ ထည့်ပေးထားတော့ နောက်ပိုင်း Level တွေ၊ Boss တွေကို
အသာလေးနိုင်ချင်ရင် ပိုက်ဆံ သုံးဆိုပြီး ပြောလိုက်သလိုမျိုးပါပဲ။
အရင် Paid Game တောင် အတော်ခက်တဲ့ ဂိမ်းမလို့ အခုလို Money Pulling
တွေသာပါမယ်ဆိုရင် နောက်ပိုင်း Game ရဲ့ Difficulty က ဘယ်လောက်တောင် သွားမလဲဆိုတာ
မတွေးရဲစရာပါ။ အခုကတော့ Test ကော ၊ Pre-Play မလို့သာ Rewards တွေ
အသကုန်ပေးနေတာမလို့ သာမန်ကစားတဲ့သူတွေအတွက်ဆို စမ်းကြည့်သင့်ပါတယ်။
ဖြစ်နိုင်ရင် Admin ကတော့ Mobile Device တွေကို Optimization ဖြစ်လာမယ့် Official
ကိုပဲ စောင့်စေချင်တယ်။ PC ကတော့ Graphic Card မြင့်ရင် အေးဆေးနိုင်တာမလို့ Game
Experience က Mobile ထက်စာရင် PC က အတော်လေးအဆင်ပြေတယ်လို့ ပြောပြရင်း ဒီဂိမ်းရဲ့
Review လေးကို ဒီမှာပဲ အဆုံးသတ်လိုက်တယ်နော်။
#HELLOYDB
Mobile Game Review Myanmar
Android version | 11 + |
Developer | Void Lads |
Network | Online |
Price | Free |
App version |
Test |
Release date | Test |
Platform | Android / iOS / PC |
Comments