Japan Postman Moto Simulator

❝ ဂျပန်မသွားရလို့ အားငယ်နေတဲ့သူ‌တွေအတွက် ❞
ထွက်ထားတာ ရက်ပိုင်းပဲရှိသေးတဲ့ ဒီဂိမ်းလေးက
Japan နိုင်ငံမှာ စာပို့သမားလုပ်ရမှာဖြစ်ပြီး
ဆိုင်ကယ်လေးတစ်စီးနဲ့ မြို့ပတ်ရမှာဆိုတော့
အေးအေးဆေးဆေးနဲ့ Chill ချင်တဲ့သူတွေအတွက်
တကယ်ကို စမ်းကြည့်သင့်တဲ့ ဂိမ်း‌ကောင်းလေးတစ်ခုပါ။

 ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )

Game လေးကတော့ Simulation ပုံစံမလို့ မြို့ထဲ Delivery လုပ်ရင်း အချိန်ဖြုန်းရမယ့် ပုံစံလေး ဖန်တီးပေးထားတာပါ။ ကိုယ်စီးတဲ့ ဆိုင်ကယ်တွေ တစ်စီးပြီးတစ်စီးပြောင်းလို့ရမယ်၊ နောက်ပြီး ကိုယ့်ရဲ့ တိုက်ခန်းလေးမှာပါ အသုံးအဆောင် Decoration နဲ့ ကြောင်လေးတွေပါ မွေးလို့ရတော့ တကယ်ကို Single Life လေးကို အေးအေးဆေးဆေးနဲ့ ကစားရမှာပါ။ 

Game ရဲ့ Graphic က Classic ဆန်ပြီး P1 Vibe လိုမျိုးတောင် ခံစားမိပါတယ်။ အထူးသဖြင့် Face Model တွေ ၊ သုံးထားတဲ့ Texture တွေက အစ တကယ်ကို တခြားဂိမ်းတွေထက်စာရင် Unique ဖြစ်ပြီး Japan ရဲ့ အရသာလေးကို ခံစားမိစေတယ်။ ပြောရရင် Graphic အကောင်းကြီးမဟုတ်ပေမယ့် တကယ်သဘောကျလောက်တဲ့ ဒီဇိုင်းမျိုးကို ဖန်တီးပေးထားတာပါ။ 
Simulation ဂိမ်းမလို့ Physics အပိုင်းတွေကို ထည့်ပြောရမယ်ဆိုရင် ဂိမ်းက နည်းနည်းတိုက်မိတာနဲ့ Game over ဆိုတော့ Relastic မဆန်ပေမယ့် ယုတ္တိရှိတယ်လို့တော့ပြောရမှာပါ။ GTA တွေ ၊ တခြားဂိမ်းတွေလို လူတွေကို တိုက်ရင် တက်ကြိတ်သွားတာမျိုးမဟုတ်ပဲ တိုက်ခံရတဲ့သူကော ၊ ဝင်တိုက်တဲ့ ကိုယ်ပါ လွင့်သွားတဲ့ ပုံစံလေး လုပ်ပေးထားတော့ အစပိုင်းဆော့မိတဲ့ မင်မင်တောင် ရယ်မိတယ်ပြောရမယ်။ 
ဘာပဲဖြစ်ဖြစ် ချုံပြောရမယ်ဆိုရင် ဒီဂိမ်းလေးက အေးအေးလေးနဲ့ ဂျပန်မှာ Chill ချင်တဲ့သူတွေအတွက် တကယ်ကို ကစားကြည့်သင့်ပြီး Android ကော၊ iOS မှာပါ ကစားလို့ရတော့ Free Game အနေနဲ့ တကယ်ကို မိုက်ပါတယ်။ နောက်ပြီး First Person View နဲ့ပါ ဆိုင်ကယ်ကို မောင်းလို့ရသေးတာနော်။

Game Information

Android version 5 . 1 +
Developer CHI GAMES
Network Offline
Price Free
App version 10
Release date May 17., 2024
Platform Android / iOS

⭐ ( HELLO Rating = 6.8 / 10 ) ⭐


 DOWNLOAD 


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project

Ex Astris