Livingmare

          ဒီဂိမ်းအသစ်နဲ့ ပတ်သတ်ပြီး မင်မင် သေချာပြောနိုင်တာ တစ်ခုကတော့ လုံးဝကို ကြောက်တတ်တဲ့သူဆိုရင် ထိတောင် မထိကြည့်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။ ဒီလိုပြောတာက လုံးဝ နောက်နေတာ မဟုတ်သလို အခက်မသင့်ရင် Trauma ရှိခဲ့တဲ့ သူတစ်ယောက်အဖို့ ပိုပြီးတော့တောင် ကြောက်စိတ်ဝင်သွားမှာစိုးတာကြောင့် သတိပေးရခြင်းဖြစ်ပါတယ်။ 
            ဘယ်လိုလူတွေ မဆော့သင့်ဘူးလည်းဆိုရင် တိုက်ခန်းမှာ တစ်ယောက်တည်းနေတဲ့သူတွေ ( အထူးသဖြင့် နယ်ခြားမြေခြားမှာ အစိမ်းသက်သက်ဖြစ်နေတဲ့သူတွေ ) ၊ နောက်ပြီး ရေဘေးကြောင့် အတွင်းစိတ်ဒဏ်ရာ တစ်ခုခုကြုံခဲ့ရဖူးတဲ့ သူတွေဆိုရင်တော့ ဒီဂိမ်းကို လုံးဝ မထိတာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။
ဒီလို ဂိမ်းမျိုးက အနောက်နိုင်ငံသားတွေအတွက်တော့ သာမန်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၊ Asia မှာ ရှိတဲ့သူတွေအဖို့ကတော့ လုံးဝကို ဂျက်ကောင်းထိစေတဲ့ Horror ဂိမ်းမျိုးဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုရင် Asia မှာ သရဲအခြောက်ခံရပါတယ်ဆိုတဲ့ အဖြစ်ပျက်တွေ အများစုဟာ ( စနောက်ချင်လို့ဆိုတာထက် ၊ မကျွတ်မလွတ်တာတွေ ၊ အကူညီတောင်းတာတွေပဲ ) အများဆုံး ရှိနေတတ်ကြလို့ပါ။ 
ပြောရရင် သရဲခြောက်ပါတယ်ဆိုပြီး မယုံလို့ သွားကြည့်တဲ့ ဇာတ်အိမ်မျိုးလဲ မဟုတ်သလို ၊ နာကျည်းမှုတွေကြောင့် အညှိုးနဲ့ လိုက်ခြောက်နေတဲ့ သရဲဇာတ်အိမ်မျိုးလဲ မဟုတ်ရပါဘူး။ ဒီဇာတ်လမ်းက မြန်မာနိုင်ငံသားတွေ လောလောလတ်လတ်ကြုံဖူးထားတဲ့ အခြေနေတွေနဲ့ ဆင်တူတာကြောင့် မင်မင်ကိုယ်တိုင်တောင် ကြက်သီးတဖြန်းဖြန်းထတဲ့အထိ ဆော့ရင်းနဲ့ကို ခံစားမိတာပဲဖြစ်ပါတယ်။ 
ဒီဂိမ်းထဲမှာဆိုရင် နည်းပညာကျွမ်းတဲ့ လုံခြုံရေးကောင်လေးတစ်ဦးက တိုက်ခန်းတစ်ခုမှာ ငှားနေထိုင်ရင်း ည ( ၂ နာရီ ) ထိုးပြီဆိုတာနဲ့ အခန်းတံခါးကို ဘယ်သူမှမရှိပဲ တဒုန်းဒုန်း လာခေါက်ရင်းကနေ စတင်ထားတာပါ။ 

အမြဲတမ်းလိုလို ကြုံနေရတာ‌ကြောင့် တိုက်ခန်းအသစ်တွေကို သုံးခါ ၊ လေးခါလောက် ထပ်ပြောင်းပေမယ့်လည်း အရင်ကထက်တောင် ပိုပြီးတော့ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်လာတာကြောင့် ကောင်းကောင်းအိပ်မပျော်ရတဲ့ နေ့ရက်တွေဟာ ပိုပြီး‌တော့များလာခဲ့ပါတယ်။ 
ဒီကိစ္စနဲ့ ပတ်သတ်ပြီး အသိမိတ်ဆွေတွေကို တိုင်ပင်ပေမယ့်လည်း မယုံကြည်ကြတာကြောင့် သူကိုယ်တိုင် တိုက်ခန်းတစ်ခုလုံးကို CCTV လိုက်တပ်ရင်း သက်သေပြဖို့ရာကို ကြိုးစားပါတော့တယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်က မျက်နှာကို Scan ဖတ်နိုင်တဲ့ နည်းပညာတစ်ခုကိုပါ CCTV မှာ ထည့်သွင်းအသုံးပြုလိုက်တာကြောင့် လူအရိပ်မြင်တာနဲ့ တန်းပြီးတော့ အဲဒီပုံရိပ်ရဲ့ အသက် ၊ မျက်နှာအမူရာနဲ့ ကျား/မ ကိုပါ ခွဲခြားပေးနိုင်မှာပဲဖြစ်ပါတယ်။

➥ ( ❝ ကြားဖြတ်ပြောရရင် ဒီအခြေနေတွေက မင်မင်ကို ဘာသတိရသွားစေလည်းဆိုရင် တစ်ချို့လူတွေ ကြားဖူးကြလားမသိပေမယ့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတဲ့သူအချို့ဟာ အခုလိုမျိုးပဲ သူတို့နေတဲ့ တိုက်ခန်းတွေကို တံခါး ခဏခဏလာခေါက်တာမျိုးတွေ ၊ အသံပေးတာမျိုးတွေကို ညဘက်မှာ တော်တော်များများ ကြုံဖူးကြတယ်လို့ နာမည်ကြီးဖူးပါတယ်။ တစ်ယောက်မက ခံရဖူးတာကြောင့် ဒီလိုအဖြစ်ပျက်မျိုးဟာ ဂိမ်းထဲမှာ မှီငြမ်းရလောက်တဲ့အထိကို အာရှနိုင်ငံ အတောင်များများမှာ ကြုံဖူးကြမယ်ဆိုတာကိုလည်း ဒီဂိမ်းကို ကြည့်ခြင်းအားဖြင့် သုံးသပ်မိမှာပါ ❞ )
➥ ( ❝ နောက်ပြီး ဒီထဲမှာပါတဲ့ CCTV နည်းပညာက Online မှာ နာမည်ကြီးဖူးတဲ့ Short Video နဲ့တောင် သွားဆင်တူနေပါသေးတယ်။ လူက မမြင်ရပေမယ့် Camera က မျက်နှာကို Scan ဖတ်မိနေတော့ ပုံထဲမှာ အသက်ဘယ်လောက် ၊ ယောကျာ်းလား/မိန်းမလား နောက်ပြီး အဲလူရဲ့ စိတ်အခြေနေက ဘယ်လိုရှိတယ်ဆိုတာကစ ဖော်ပြပေးနေတော့ ကိုယ်တစ်ယောက်တည်းရှိနေတဲ့အချိန် တစ်ခြားမျက်နှာတစ်ခုကို Scan ဖတ်မိနေတဲ့ အခိုက်တန့်က တော်တော်လေး ရင်တုန်၊ နှလုံးခုန်ပြီး သေးထွက်ကျစေမှာ အမှန်ပါပဲ ❞ )
ဂိမ်းရဲ့ ဇာတ်ကြောင်းကို ပြန်ဆက်ရရင် ကောင်လေးက သရဲတကယ်ခြောက်ကြောင်းကို သက်သေပြဖို့ရာအတွက် ကြိုးစားခဲ့ပေမယ့် ( ဇာတ်ရှိန်က ကစားတဲ့ သူကို ကြောက်အောင် ဆွဲဆောင်ရင်းကနေ ပိုပြီး သနားသွားအောင်လို့ ဇာတ်ရှိန်အတက်ကို ချိန်းပစ်လိုက်ပါတယ်။ ပုံမှန်ဆော့ရင် ဒီခံစားချက်လေးကို ရချင်မှရနိုင်ပေမယ် မင်မင်အတွက်ကတော့ စိတ်နှစ်ပြီး ခံစားမိလိုက်တာကြောင့် လုံးဝကို ကြက်သီးထစေတာတော့ အမှန်ပဲ )
ဒီအပိုင်းက မင်မင် Spoil တာမျိုးမဟုတ်ပဲ ဇာတ်လမ်းကို ကျော်မိသွားမှာစိုးလို့ အခုလို တစ်ခါတည်း ထည့်ပြောပေးနေရတာပါ။ ဘာကြောင့်လဲဆိုရင် ခုနက ပြောခဲ့သလိုပဲ ကောင်လေးကို ခြောက်နေတဲ့ သရဲက တကယ်တော့ ကောင်လေးကို လိုက်ဒုက္ခပေးနေတာမျိုးမဟုတ်ပဲ အကူညီတောင်းနေတာမျိုး ဖြစ်နေတာပါ။ ဘယ်လို အကူညီတောင်းလဲဆိုရင် Asia Culture မှာ အနီးစပ်ဆုံးအဖြစ်များတဲ့ အိမ်မက်ထဲကနေ တစ်ဆင့် ကောင်လေးကို လာပြောတာဖြစ်ပြီး သရဲတောင်းဆိုတဲ့ အကူညီဟာလည်း " သူ့ရဲ့ အဖေ ရေနစ်နေတာကြောင့် အမြန်ကူညီပေးဖို့ရာ " တောင်းဆိုနေတာပဲဖြစ်ပါတယ်။ 
ဟုတ်ပါတယ် ဒီအချက်က မင်မင်ကိုယ်တိုင်တောင် သိသိချင်း ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားခဲ့ပြီး ပိုဆိုးတာက ဂိမ်းက အပြင်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးတစ်ခုကိုပါ ပုံတွေနဲ့ ပြပေးနေတော့ ကိုယ်ကစားနေရတဲ့ ဂိမ်းဟာ တကယ့်ဖြစ်ရပ်မှန် အပေါ်ကို အခြေခံထားမှန်း အဲဒီအချိန်ကြမှ သိခဲ့ရတာပါ။
➥ ( ❝ ကြားဖြတ်ပြောရရင် 2009 ခုနှစ် September လမှာ အပြင်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ Typhoon Ondoy ဆိုတဲ့ ကပ်ဘေးကြောင့် Philippines ရဲ့ Marikina မြို့တစ်ခုလုံးကို ရေဖုံးလွှမ်းသွားခဲ့ပြီး အသက်ဆုံးရှုံးမှုတွေလည်း များစွာရှိခဲ့တယ်လို့ သိရပါတယ်။ ပြောရရင် အခု 2024 အထိတောင် မြန်မာအပါဝင် ၊ အာရှနိုင်ငံအတော်များများမှာ ရေကြီးရေလျှံတဲ့ ကပ်ဘေး အခြေနေတွေကို လက်တွေ့ ခံစားခဲ့ရတာကြောင့် အမှန်တိုင်းပြောရရင် ဂိမ်းဆော့ရင်းနဲကို ကြက်သီးတဖြန်းဖြန်း ထစေတာ အမှန်ပါပဲ ❞ )
ဒီ ဂိမ်းရဲ့ ဇာတ်အိမ်ကို ပြန်သုံးသပ်ရရင် သရဲတောင်းဆိုတဲ့ ( သူ့အဖေ ရေနစ်နေလို့ ကူညီပါ ) ဆိုတဲ့ အဖြစ်ပျက်က ပုံမှန် အခြေနေတွေဆိုရင် သိပ်ခံစားမိမှာ မဟုတ်ပေမယ့် လက်တလော မြန်မာနိုင်ငံမှာ ကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေကြောင့် ပိုပြီး ရင်ထဲ ပိုရောက်သွားတယ်လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုရင် သရဲကိုယ်တိုင်တောင် သူ ဒီဘဝရောက်နေတာဟာ ဘယ်လောက်ကြာနေပြီမှန်းမသိသလို သူ သွားခိုင်းတယ်ဆိုတဲ့ သူ့အဖေရှိတဲ့ အခန်းနံပတ်ဆိုတာကလည်း တစ်ချိန်က ရေကြီး၊ ရေလျှံမှုကြောင့် လူနာများစွာ အသက်ဆုံးရှုံးခဲ့ဖူးတဲ့ ဆေးရုံပျက်ကြီး ဖြစ်နေတာမလို့ တကယ်ကို စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
ပြောရရင် အဲဒီ ဆေးရုံပျက်ကြီးမှာက မှုခင်းတွေ အဖြစ်များနေပြီး မနက်ခင်းပိုင်းဆို ရဲတွေနဲ့ ပြည့်နေတတ်တာကြောင့် ညဘက်မှသာ သွားစုံစမ်းရမယ့် အခြေနေမျိုးဖြစ်နေပြီး သရဲက ဘာကြောင့် အဲဒီ ဆေးရုံးရဲ့ အခန်းတစ်ခုဆီကို သွားခိုင်းတယ်ဆိုတာကိုတော့ တွေးရခက်စေပါတယ်။ ပြောချင်တာက သူကိုယ်တိုင် မသွားနိုင်လို့လား ? ဒါမှမဟုတ် သူ သွားလို့ မရတဲ့အထိ ဘယ်အရာတွေကများ တားဆီးနေသလဲဆိုတာကတော့ သင်ကိုယ်တိုင်ပဲ ဒီဂိမ်းထဲမှာ အဖြေဆက်ရှာရမှာပဲ ဖြစ်ပါတယ်။ သေချာပေါက် Plot Twist ရှိနိုင်တာကြောင့် ဇာတ်လမ်းပိုင်းကတော့ လုံးဝကို ဆော့ကြည့်သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။
နောက်ပြီး မင်မင်သဘောအကျဆုံးကတော့ ဒီ Gameplay မှာက တခြား Horror ဂိမ်းတွေနဲ့မတူပဲ အရမ်းကို ထူးခြားတဲ့ အချက်လေးတစ်ခုရှိနေပါတယ်။ အဲဒါက အခုတလော Game လောကမှာ ရေပန်းစားနေတဲ့ Body Camera မြင်ကွင်းကို ဒီဂိမ်းမှာ အသုံးပြုပေးထားတာကြောင့် Mobile ရဲ့ horror fan တွေအတွက်တော့ အသစ်စက်စက် Experience တစ်ခုကို ဖင်တုန်အောင်ထိ ရရှိစေမှာပဲဖြစ်ပါတယ်။ တကယ် လုံးဝ နားကြပ်နဲ့သာဆိုရင် ညဘက် သေးမပေါက်ရဲတဲ့အထိ ကိုယ့်အသက်ရှုသံကိုတောင် ပြန်လန့်နေလိမ့်မယ်။

ပြောရရင် တကယ်ကို First Person View နဲ့ ယှဉ်ရင် Body Camera ရဲ့ မြင်ကွင်းက အရမ်းကို လက်တွေ့ဆန်ပြီး ကိုယ်တိုင် ဝင်ကြည့်နေရသလိုထိ ခံစားရတာကြောင့် horror ဂိမ်းတစ်ခုအနေနဲ့တော့ သေးထွက်မကျရင်တောင် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒီလိုမြင်ကွင်းမျိုးကို Sound Effect ကောင်းကောင်းနဲ့ ကစားရမှာဆိုတော့ အပေါ်မှာ မင်မင်ပြောခဲ့တဲ့ သတိပေးချက်တွေက တကယ်နောက်နေတာမဟုတ်ဘူးလို့ပဲ ထပ်ပြီး အသိပေးချင်ပါတယ်။
ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုရင် သူက သွေးသံရဲရဲ Jump Scares ပုံစံမျိုးတွေနဲ့ ခြောက်လန့်တာမျိုးမဟုတ်ပဲ ထင်ယောင်ထင်မှားဖြစ‌ေစေတဲ့ ပုံရိပ်တွေကနေ ထွက်ပေါ်လာတာကြောင့် လုံးဝကို Next Level နီးပါး အခြောက်ခံရမှာပဲဖြစ်ပါတယ်။ လူမရှိတဲ့ ဆေးရုံပျက်ကြီးထဲမှာ Face Scan တွေ အများကြီး ဖတ်မိလိုက်တဲ့ အခိုက်တန့်က တကယ်ကို ဆွေ့ဆွေ့ခုန် ငိုချင်စိတ်ပါ ပေါက်သွားစေပြီး အဲဒီ Face Scan ဘောင်ကြီးတွေ အနီးနားတိုးလာတဲ့ ခံစားချက်က လုံးဝ မပြောပြတတ်အောင်ကို ကြက်သီးတဖြန်းဖြန်းထစေမှာပဲဖြစ်ပါတယ်။
တကယ် နားကြပ်နဲ့တပ်ဆော့ရင် အသက်ရှူသံတွေကြောင့် ပိုပြီး ထိတ်လန့်စရာကောင်းပြီး ၊ သေချာ အသေးစိတ် ဆော့တတ်တဲ့သူတွေဆိုရင် Face Scan ရဲ့ ဘောင်ထဲမှာ ပေါ်လာတဲ့ သရဲရဲ့ စိတ်အခြေနေကြောင့် ပိုလို့တောင် ရူးခါသွားစေမှာပဲပါတယ်။ စိတ်အခြေနေဆိုတာက Face identity ပေါ်မူတည်ပြီး ဝမ်းနည်းတာ ၊ ငိုတာ ၊ ပျော်နေတာကနေ ၊ ဒေါသထွက်နေတာတွေအထိ ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ အပြင်မှာသာ တကယ်ကြုံလို့ကတော့ Very Angry သာဆိုရင် ခွေးပြေးဝက်ပြေး ပြေးနေရမှာ အသေချာပဲ။ ဆိုတော့ ဒီဂိမ်းမှာ ပြောချင်တာက အေးဆေးနေပြီး ကောင်းတဲ့ သရဲလဲ ရှိသလို ၊ ဆိုးတဲ့ သရဲလဲ ကြုံတွေ့နိုင်တာကြောင့် အခြေနေက ကံတရားပေါ်လည်း မူတည်နေတယ်လို့ပြောချင်တာပါ။
ပြောလို့သာပြောတာ တစ်ခါတလေ မျက်နှာမပါပဲ အောက်ပိုင်းကြီးပဲ ပေါ်လာတာတို့ ၊ နံရံကနေ မျက်လုံးကြီး ရုတ်တရက် ပြူးပြတာတို့က တကယ်ကို Horror Fan တွေ အကြိုက်ဖြစ်စေမယ့်အပြင် အမွှန်းတင်တာမျိုးမဟုတ်ပေမယ့် ဒီ Game ရဲ့ Vibe မျိုးက လုံးဝကို အပြင်မှာ သရဲအခြောက်ခံနေရသလိုမျိုးထိ ခံစားရစေတာ အမှန်ပဲ။ Physical အရ Body လိုမျိုးကြီး မြင်ရတာမျိုးမဟုတ်ပဲ Spirit ပုံစံနဲ့ မြင်တွေ့ရတာကြောင့် ဒီဂိမ်းရဲ့ ခံစားချက်က လက်တွေ့လိုမျိုးကြီးကို ရင်ထဲမှာ ကျန်ခဲ့စေမှာပါ။ အဲတော့ HELLO ရဲ့ Horror Fan တွေကတော့ ဆော့ဖြစ်အောင်ကို ဆော့ကြည့်စေချင်တယ်။ 

Game Information

Android version 7 . 0 +
Developer One Square
Network Offline
Price Paiid Account
App version 1.0..2
Release date Oct. 4., 2024
Platform Android / PC

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Download 


#HELLOYDB

Gameplay Video

Related Posts

  • The Walking Dead Season 1          ဒီ Game က ဆော့ဖူးတဲ့လူတိုင်း ဘယ့်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အထူးသဖြင့် ဒီ Season One ကိုပေါ့။ ဒါပေမယ့် မဆော့ရသေးတဲ့လူတွေတွက်တော့ ဒီ Game က စိတ်လှုပ်ရှားစရာအကေ… Read More
  • The Escapists 2         ဒီ Game က Pixel အမျိုးစားဆိုပေမယ့် လုံးဝ ဂေါ်ထွက်နေတဲ့ Game ပါ။ အနီးစပ်ဆုံးပြောရရင် Prison Simulation လို့တောင် ပြောလို့ရတယ်။ Game ကလည်း ထောင်ဖောက်ရမယ့် အမျိုးစားဖြစ်ပြီး … Read More
  • MudRunner         ဒီ Game က မနေ့ကမှ ထွက်လာတဲ့ Game လေးဖြစ်ပြီး Simulation သဘောကျတဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ Game က Mud Runner ဆိုတဲ့တိုင်း တကယ့် တောအုပ်ထဲမှာ Open World အနေနဲ့ Dri… Read More
  • Metel       ဒီနေ့ ကျွန်တော် အိမ်ကို စောစောပြန်ရမယ်။ နှင်းမုန်တိုင်းလည်းရှိတော့ နောက်ကျနေလို့မဖြစ်ဘူး။ ဆိုးတာက ကျွန်တော် ပြန်မယ့်လမ်းက တောအုပ်တွေနဲ့ မှောင်မဲနေတာဘဲ။ လမ်းမီးတိုင်လေးရှိတော… Read More
  • Fight Of Animals         မကြာသေးခင်ကမှ Mobile ပေါ်ရောက်လာတဲ့ Fighting game လေးဖြစ်ပြီး PC ပေါ်မှာလည်း ထွက်ထားတဲ့ Game လေးပါ။ Game က အိမ်မွေးတိရိစ္ဆာန်နေရာကနေ ကစားရမှာဖြစ်ပြီး Pet အခြင်းခြင်း Boxin… Read More

Comments

လူကြည့်အများဆုံး GAMES