Forgotten Memories Remastered Edition
Mobile မှာ Horror Game တွေ
များစွာရှိတဲ့အထဲကမှ အကောင်းဆုံးတစ်ခုကို ရွေးပြပါဆိုရင်တော့ မင်မင်ကတော့
Forgotten Memories ကိုပဲ အရင်ညွှန်းဖြစ်မယ်ထင်တယ်။ Silent Hill လို Vibe
မျိုးနဲ့ Mobile Game လို့ ထင်မှတ်စရာ မရှိလောက်အောင်ကို အရမ်းသဘောကျခဲ့ရတာပါ။
စိတ်ပညာနဲ့လည်း ပတ်သတ်တာမလို့ လုံးဝကို မင်မင်အတွက်တော့ အသည်းစွဲပါပဲ။
အခု ဒီဂိမ်းက Remastered Edition
အနေနဲ့ ပြန်ထွက်လာတာမလို့ အရင်က အားနည်းချက်လို့ ပြောလို့ရတဲ့ Resolution Scale
တွေ ၊ Texture အားနည်းတာတွေကို လုံးဝ Quality အပြည့်နဲ့ ပြန်လည်
ခံစားရမှာဖြစ်ပြီး Graphic နဲ့ Sound Effect တွေပါ သိသိသာသာ
ပိုကောင်းမွန်လာတာကြောင့် ပြန်ကစားကြည့်မယ်ဆိုရင်တောင် အချိန်ပေးရတာ တန်အုံးမယ့်
ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
ဒီဂိမ်းနဲ့ ပတ်သတ်ပြီး Android ပေါ်
စစရောက်ခြင်းတုန်းကလည်း တင်ပေးဖူးတာကြောင့် ဒီတစ်ခါ Memory Recall အနေနဲ့ပဲ
နည်းနည်းလေးပြန်နွှေးပေးပါတော့မယ်။ Recall ဆိုတာထက် မင်မင်ရဲ့ အမြင်တွေပါ
ပေါင်းစပ်ထားတာမလို့ ဂိမ်းနဲ့ပတ်သတ်ပြီး တစ်ခါမှ မတွေးဖူးတဲ့ Vibe
မျိုးလေးတွေကိုပါ ဖတ်ကြည့်ရင် သိရမှာပါ။
#𝐒𝐓𝐎𝐑𝐘𝐋𝐈𝐍𝐄
ဇာတ်လမ်းအကြောင်းလေးကို စရရင်
ရဲမေဖြစ်တဲ့ Rose က ကလေးပျောက်တဲ့ အမှုကိစ္စနဲ့ စိတ္တဇဆေးရုံကြီးဆီကို
ရောက်ရှိလာခဲ့ပြီး မထင်ထားတဲ့အဖြစ်ပျက်တစ်ခုကြောင့် မှတ်ဉာဏ်တွေ
ပျောက်ဆုံးသွားရင်းကနေ စတင်ထားတာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က
သူမရောက်ရှိသွားတဲ့ ဆေးရုံကြီးက သာမန်လူတွေ မမြင်နိုင်တဲ့ အမှောင်လောကနှစ်ခုကို
ချိတ်ဆက်ပေးထားတာမလို့ အနီးစပ်ဆုံး မြင်သာအောင်ပြောရရင် Silent Hill ရဲ့ Universe
ထဲမှာလို့တောင် ခံစားမိတာပါ။
နောက်ပြီး ဒီဂိမ်းမှာ
မင်မင်ကိုယ်တိုင် သဘောကျမိတဲ့ အချက်က သူ့ရဲ့ Storyline က Mysteries ဖြစ်တဲ့အပြင်
ဒီ Psychology နဲ့ Mental ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင်တောင် မသိစိတ်ရဲ့
အကြောက်တရား လွှမ်းမိုးမှုတွေကိုပါ မြင်တွေ့ရတာကြောင့် တကယ်ကို Deep Analyze
လုပ်တတ်တဲ့ Story Hunter တွေအတွက်တော့ လှည့်ကွက်တွေ ၊ တွေးစရာတွေပြည့်နေမယ့်
Storyline လေး တစ်ခုလို့ အသိပေးချင်ပါတယ်။
#𝐆𝐀𝐌𝐄𝐏𝐋𝐀𝐘
အဲလိုမှ မဟုတ်ဘူး ကိုယ်က ဇာတ်လမ်းထက်
Gameplay ကိုပဲ ပိုဦးစားပေးတတ်တဲ့ သူဆိုရင်လည်း ဒီဂိမ်းက Mobile မှာ
ရှားမှရှားတဲ့ Third Person Horror Game တစ်ခုမလို့ ထပ်တလဲလဲ အပ်ကြောင်းထပ်နေတဲ့
First Person Horror တွေကြားမှာ Unique ဖြစ်နေအုံးမှာဆိုတာ သေချာပါတယ်။ Gameplay
က Horror လို့သာပြောတာ Adventure ဆန်ဆန်နဲ့ စွန့်စားရတဲ့ Action ဘက်ကို
ပိုသွားထားတာမလို့ ကစားတဲ့သူကိုပါ ပြန်ချခွင့်၊ ပြန်တုံ့ပြန်ခွင့်ကိုပါ
ပေးထားတာပါ။
#𝐏𝐄𝐑𝐒𝐎𝐍𝐀𝐋
ပြောချင်တာက Horror
ဂိမ်းဆိုတဲ့အတိုင်း အမြဲကိုယ်ကကြီး အခြောက်ခံနေရမယ့် ပုံစံမျိုး မဟုတ်တာကြောင့်
တစ်နည်းအားဖြင့် စိတ်ပညာအရပြောရရင် ဒီလို ဂိမ်းမျိုးတွေက ကိုယ့်ရဲ့
ကြောက်စိတ်ကိုကော၊ မသိစိတ်ထဲက သတ္တိတွေကိုပါ ထုတ်ပြပေးနိုင်တယ်လို့
မှတ်ယူလို့ရပါတယ်။ နည်းနည်းလေး ရှုပ်သွားနိုင်ပေမယ့် ဥပမာပေးရရင်
သရဲကားကြည့်တဲ့သူနဲ့ သရဲဂိမ်းဆော့တဲ့ သူနှစ်ယောက်ဟာ ကြောက်စိတ်ရှိတာခြင်း
အတူတူဆိုရင်တောင် သရဲဂိမ်းဆော့နေတဲ့သူက စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးတော့ Strong
ဖြစ်တယ်လို့ ပြောရင် လက်ခံကြမလား ?
ဒါက မင်မင်ရဲ့ ရှုထောင့်မလို့
မှန်ချင်မှ မှန်နိုင်ပေမယ့် ဘာကြောင့် ဒီလိုပြောရတာလည်းဆိုရင် ရုပ်ရှင်ဆိုတာက
ကို်ယ့်ဘက်က ဘာ action မှ မပါရင်တောင် သူ့အချိန်အတိုင်း ပြပေးနေမှာမလို့
ကြောက်တဲ့အခါ နားပိတ်ပြီး စောင်ခြုံလိုက်တာနဲ့ တန်းပြီးတော့ ြေဖရှင်းလို့ရပါတယ်။
ဒါပေမယ့် ဂိမ်းတွေမှာကြတော့ အဲဒီလို လုပ်လို့မရတာကြောင့် ကိုယ့်ဘက်က
အရမ်းကြောက်နေတယ်ဆိုရင်တောင် နောက်တစ်ပိုင်း ၊ နောက် Chapter ၊ နောက်ထပ်
အကြောင်းအရာတွေကို ထပ်သိရဖို့အတွက် ကိုယ့်ဘက်က Action တစ်ခုခု မပါရင်ကို
ဘာမှဆက်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
ပြောရရင် ကိုယ့်အတွက်
ရွေးချယ်စရာဆိုတာက အဲဒီကြောက်စိတ်ကို ကျော်လွန်ပြီး တုံ့ပြန်နိုင်မှ
အဖြေထွက်နိုင်တာမျိုးမလို့ ရင်ဆိုင်မလား ၊ ထွက်ပြေးမလားဆိုတာဟာ ကိုယ့်အပေါ်ပဲ
မူတည်နေပါတယ်။ အဲဒါကြောင့်မို့လို့လည်း Horror Game တွေကို
ကိုယ်တိုင်ဆော့နိုင်တဲ့သူတွေက တခြားသူတွေထက်စာရင် Mental ပိုင်းမှာ အရမ်း Brave
ဖြစ်ကြတယ်ဆိုတာကို ပြောချင်တာပါ ။ သရဲခြောက်ပါတယ်ဆိုမှတော့ လူတိုင်းတော့
ကြောက်တာပေါ့ ၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို ရင်ဆိုင်ရဲတဲ့သူက
သတ္တိရှိတာပဲမဟုတ်လား ။
( ဒါကြောင့် ဘဝမှာလည်း ကြောက်နေရင် ဘာမှဆက်ဖြစ်လာမှာမဟုတ်ပဲ၊ ကြောက်စိတ်ကို
တုံ့ပြန်နိုင်မှသာ အဖြေထွက်မယ်ဆိုတာကို သင်ခန်းစာယူလို့ရပါတယ်။
#𝐆𝐑𝐀𝐏𝐇𝐈𝐂
ဒီတော့ ဂိမ်းအကြောင်းကို ပြန်ဆက်ရရင်
Gameplay ပိုင်းက လုံးဝကို စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပြီး ပြေးတာ ၊ ချတာတွေအထိပါ
ပြန်တုံ့ပြန်နိုင်တာကြောင့် ကိုယ့်ရဲ့ကြောက်စိတ်ကိုပါ သန်မာချင်ရင်
ဒီဂိမ်းထဲမှာတင် တစ်ခါတည်း Try ကြည့်လို့ရပါတယ်။ ဒါတင်ပဲလားဆိုတော့
မဟုတ်သေးပါဘူး.၊ ကိုယ့်ရဲ့ Brain ကောင်းဖို့အတွက်ပါ Puzzle လိုမျိုး ကိစ္စတွေကအစ
ကြောက်ကြောက်နဲ့ ဖြေရှင်းရမှာမလို့ Mind ကော ၊ Brain ပါ တစ်ခါတည်း
သန်မာပြီးသားဖြစ်သွားမှာပါ။
နောက်ဆုံး ကျန်တာကတော့ Graphic နဲ့
Setting ပိုင်းဖြစ်ပြီး ပြောရရင်တော့ Graphic က ပိုကောင်းလာတယ်ဆိုပေမယ့်
မင်မင်အမြင်မှာတော့ အရင်က မှုန်တီမှုန်ဝါး Vibe ကတောင်
ပိုစိတ်လှုပ်ရှားစရာကောင်းနေသလို ခံစားရတယ်။ First time မဟုတ်လို့လားတော့
သေချာမပြောတတ်ပေမယ့် ပထမအကြိမ်တုန်းကလောက်တော့ အရမ်းကြီး
ရင်ခုန်စရာမကောင်းတော့ဘူး။ ဒါပေမယ့် အခုထိ သဘောကျနေဆဲ အချက်ကတော့
အသံပိုင်းဖြစ်ပြီး လုံးဝက အသေးစိပ်ကျကျ ၊ လမ်းလျှောက်တဲ့ ခြေသံအဆုံး
အကုန်ကြားရတာမလို့ နားကြပ်နဲ့ တပ်ဆော့မယ်ဆိုရင် လုံးဝကို ရှယ်ပဲလို့
အသိပေးချင်ပါတယ်။ နောက်တစ်ခုက Setting ပိုင်းမှာဆိုရင်လည်း Snapdragon သုံးထားတဲ့
ဖုန်းတွေမှာ အားသာချက်လို့ ပြောလို့ရတဲ့ Super resolution mode ပါဝင်တာကြောင့်
ထူးခြားတယ်လို့ ပြောလို့ရတယ်။
#𝐀𝐁𝐎𝐔𝐓𝐆𝐀𝐌𝐄
ဒီဂိမ်းနဲ့ပတ်သတ်ပြီး အမှန်တိုင်း
ပြောရရင် Mobile မှာ တကယ်ကို ရှားပါးတဲ့ ဂိမ်းတစ်ခုလို့ ဆိုလို့ရပြီး Developer
တွေကလည်း Indie Studio ဆိုပေမယ့် Mobile Market မှာ Premium Game တွေ
သိပ်မတွင်ကျယ်သေးတာတောင် ရှယ်ကြုံးထားတဲ့ ဂိမ်းတစ်ခုလို့ဆိုရမှာပါ။ ဒါပေမယ့်
နှမြောစရာကောင်းတာက သူတို့ ဒီလောက် effort ထည့်ထားတာတောင် Mobile Gamer
တွေကြားမှာ အင်း၊အမ်း လောက်နဲ့ ပြီးသွားတာမလို့ အရမ်းကြီး Popular ဖြစ်ခဲ့တဲ့
အထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ အခု Remastered Edition မှာတော့ Nintendo Switch
ပေါ်မှာလည်း ထုတ်ပေးထားတယ်လို့ သိရပြီး Mobile အတွက်ပါ Remastered ထပ်
ထုတ်ပေးလိုက်တာကြောင့် Mobile Platform ပေါ်က Fan တွေအပေါ်ကိုတော့ အတော်လေး
စေတနာပါတဲ့ Developer တွေလို့ ပြောလို့ရပါတယ်။
ဒီလို စေတနာပါပါနဲ့ ထုတ်ပေးထားတဲ့
Developer တွေရဲ့ ဖန်တီးမှု လက်ရာတွေကလည်း လုံးဝကို ကျေနပ်စရာကောင်းတဲ့အပြင်
Overall အနေနဲ့ ဂိမ်းတစ်ခုလုံး ခြုံကြည့်ရင်တောင်မှ Horror အကြိုက်မဟုတ်တဲ့ Gamer
တွေတောင် အသိမှတ်ပြုရလောက်တဲ့အထိ အနေအထားတစ်ခုမှာ ရှိနေတာပါ။ ဒါပေမယ့် မင်မင်
အနေနဲ့ ပြောရရင်တော့ လုံးဝကို Over Rating ဖြစ်သွားနိုင်ပြီး ဒီလို ဖြစ်ရတဲ့
အကြောင်းရင်းကလည်း Mobile မှာ Quality ကောင်းတဲ့ ဂိမ်းတွေဆိုတာ များများစားစား
ထုတ်ပြစရာမရှိသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမှန်တိုင်းပြောရရင်
ဒီဂိမ်းလေးကြောင့်လည်း HELLO YDB Page ကို စသိလာခဲ့တဲ့ သူတွေ ပိုများလာခဲ့တာပါ။
အဲဒါကိုလည်း Post အဟောင်းမှာ သွားရှာကြည့်ရင် တွေ့နိုင်ပါတယ်။
Android version | 8 . 0 + |
Developer | PSYCHOSE INTERACTIVE |
Network | Offline |
Price | Paiid Account |
App version |
1.0..0 |
Release date | Dec 29., 2024 |
Platform | Android / iOS |
Comments