ARK Ultimate Mobile Edition

ထင်ထားတာထက် စောစောထွက်လာတဲ့ ဂိမ်း‌အသစ်လေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ Ark: Ultimate Mobile Edition လေးဖြစ်ပြီး Mobile အတွက်ကတော့ တကယ်ကို Survival ကြိုက်တဲ့သူတွေအတွက် ထူးထူးဆန်းဆန်း ကျွန်းတွေ ၊ ရှေးဟောင်းသတ္တဝါတွေအများကြီး ပါဝင်တာကြောင့် လေ့လာစူးစမ်းချင်တဲ့သူတွေအတွက် လက်ကိုမလွတ်သင့်တဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။
#𝐆𝐀𝐌𝐄_𝐑𝐄𝐕𝐈𝐄𝐖

Mobile ပေါ်မှာ ဒုတိယမြောက်ဂိမ်းအနေနဲ့ထွက်လာတာဖြစ်ပြီး PC တို့ ၊ Console တို့နဲ့ အနီးစပ်ဆုံး ခံစားရစေမယ့် ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ 2018 တုန်းက ထွက်ခဲ့တဲ့ Ark: Survival Evolved Mobile နဲ့ယှဉ်ရင် ဒီတစ်ခုက Mobile အတွက် Ark ရဲ့ experience ကို အပြည့်ဝအပေးနိုင်ဆုံး ဂိမ်းတစ်ခုလို့တောင် သတ်မှတ်လို့ရပါတယ်။
အရင်ဂိမ်းတုန်းက Resources နဲ့ Elements ကန့်သတ်ချက်တွေကို ဒီဂိမ်းမှာ အကုန်ခါချခဲ့တာဖြစ်ပြီး Map ကအစ ကျွန်းတစ်ခုထက်ပိုပြီး Additional Maps တွေနဲ့ အပီပြင် ပွဲထွက်လာတာမလို့ Game Experience ကတော့ ရှယ်ကို Vibe အပြည့်နဲ့ ဆော့ရမှာပဲဖြစ်ပါတယ်။
#𝐆𝐀𝐌𝐄𝐏𝐋𝐀𝐘

ဒီဂိမ်းကို နားလည်အောင်လို့ အလွယ်ပြောရရင် အရင်ဆုံး သင့်ကိုယ်သင် ခံစားကြည့်ဖို့တော့ လိုပါတယ်။ ဥပမာ - သင်က ဘယ်မှာမှန်းမသိတဲ့ ကျွန်းကြီးတစ်ခုပေါ်မှာ နိုးလာတဲ့အခါ အရာရာဟာ ကမ္ဘာဦးခေတ်ကလို မြင်တွေ့လိုက်ရတဲ့ ခံစားချက်က Adventure ( စွန့်စားခန်း ) တစ်ခုကို စဖွင့်ရတော့မယ်ဆိုတာကို စိတ်ထဲက အလိုလိုသိလာပါလိမ့်မယ်။
နောက်ထပ် Survival ဂိမ်းဆိုတာကို သိဖို့အတွက် သင့်အနေနဲ့ အသက်ရှင်ဖို့ရာ အစာတွေရှာရမယ် ၊ အကာကွယ်တွေ ၊ လက်နက်တွေလုပ်ရမယ့်အပြင် တခြားဂိမ်းတွေနဲ့ မတူတာက ကမ္ဘာဦးခေတ်ကို သိပ္ပံနဲ့ ရောထားတာမလို့ လူသားတွေရဲ့ ပင်ကိုယ်ဗီဇမှာ ပါဝင်တဲ့ ‌Survival Skill , Management Skill တွေကိုပါ ဒီဂိမ်းထဲမှာ အကုန် မြင်တွေ့ ခံစားစေရစေမှာပဲဖြစ်ပါတယ်။
အဲဒါကြောင့်လဲ Survival Game တွေက Open World နဲ့ပေါင်းလိုက်တဲ့အခါမှာ အရမ်းအရသာရှိပြီး ကိုယ်စိတ်ကြိုက် ချယ်လှယ်နိုင်တာကြောင့် လူကြိုက်များနေကြတာလည်း ဖြစ်ပါတယ်။
#𝐆𝐑𝐀𝐏𝐇𝐈𝐂

ဒီဘက်ခေတ် Generation မှာ ထွက်လာတဲ့ နာမည်ကြီး ဂိမ်းတစ်ခုကတော့ Graphic ပိုင်းမှာ ပြောစရာမလိုအောင် သာနေမှာဖြစ်ပြီး အဲလိုသာတဲ့အချက်တွေကို မြင်တွေ့ဖို့ဆိုတာကလည်း Powerful ဖြစ်တဲ့ SOC ဖုန်းတစ်လုံးကတော့ လိုအပ်နေအုံးမှာပဲဖြစ်ပါတယ်။
Graphic Setting ဆိုတာက မြင့်လေ ၊ ပိုလှလေဆိုတာကို အားလုံး သိနားလည်ထားကြပေမယ့် ဒီဂိမ်းမှာက Shadow က အသက်ဖြစ်ပြီး ကျန်တဲ့ Setting တွေမှာ အနိမ့်ဆုံးထားထားရင်တောင် သဘာဝဆန်ဆန်နဲ့ လှနေအုံးမှာပဲဖြစ်ပါတယ်။ Map ရဲ့ သိပ်သည်းဆ ကလည်း အရမ်း Realistic ဖြစ်တာကြောင့် Optimization ပိုင်းမှာ လေးလံမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

ဒါကြောင့် မြင့်လေ ပိုကောင်းလေ ၊ နိမ့်ရင်လည်း Shadow လေးတော့ On ဆော့ကြဖို့ အကြံပေးချင်ပါတယ်။
#𝐆𝐞𝐧𝐞𝐫𝐚𝐥_𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

ဂိမ်းက အရင်ဆော့ပြီးသားသူတွေကို အသိပေးချင်တာက Features ပိုင်းတွေမှာ PC နီးပါးထိ စုံလာတာမလို့ ဆော့ဖြစ်အောင်ကို ဆော့စေချင်ပါတယ်။ အခုမှ စဆော့ဖူးတဲ့သူတွေကိုလည်း အသိပေးချင်တာက Mobile ရဲ့ အထင်ကရ Survival ဂိမ်းအုပ်စုထဲမှာ ဒီတစ်ခုက မဖြစ်မနေ ဆော့ဖူးသင့်တယ်လို့ ပြောချင်ပါတယ်။
ဂိမ်းကတော့ Free To Play ထွက်လာတယ်ဆိုပေမယ့် Additional Map အတွက် ထပ်ဝယ်ရမှာဖြစ်ပြီး ကျန်တဲ့ ARK Pass တွေပါ Purchasing နဲ့ပတ်သတ်ပြီး အစုံပါဝင်လာအုံးမှာပဲဖြစ်ပါတယ်။
လက်ရှိ Additional Data တွေက Map ( island ) သုံးခုအထိ ထည့်ပေးထားပြီး ကျန်တဲ့ Map တွေကိုတော့ December မကုန်ခင် ပိုတွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အဲဒါကြောင့်လည်း Survival ကြိုက်တဲ့သူတွေအတွက် ရှယ်ဂိမ်းကြီးဖြစ်ပြီး Open World ထဲမှာ တစ်ဝကြီး ပျော်ရတော့မှာပါ။
နောက်ဆုံးအသိပေးစရာကတော့ ဂိမ်းက survival ဆိုပေမယ့် sandbox ပုံစံလည်း သွားထားတာကြောင့် Craft အပိုင်းတွေမှာ unlimited resources တွေ ၊ HP တွေ ၊ Energy တွေအပြင် ပျံသန်းတာတွေ ၊ Speed တင်တာတွေအထိပါ Sandbox တစ်ခုအနေနဲ့ များစွာလုပ်ဆောင်နိုင်သေးကြောင်း အသိပေးလိုက်ရပါတယ်။

( ⚠️ Game ထဲဝင်ရင် 3.8 GB လောက်
Additional Data အနေနဲ့ ထပ်ဆွဲရပါလိမ့်မယ်။
Myanmar Servers နဲ့ မရနိုင်တာကြောင့်
VPN ခံသုံးရပါလိမ့်မယ်။ )

Game Information
Android version 8 . 0 +
Developer Studio Wildcat
Network Offline / Online
Price Free
App version 1.0.0
Release date Dec 16., 2024
Platform Android / iOS
⭐ ( HELLO Rating = 7.5 / 10 ) ⭐


#HELLOYDB #ARK #MOBILEGAME #ArkUltimateReview #MyanmarReview

Related Posts

  • MTB Free Ride       ဒီ GAME လေးက လွတ်လွတ်လပ်လပ် Open World ထဲမှာ စက်ဘီးပတ်စီးခြင်ရင်တော့ အပျင်းပြေစေမယ့် Mini Game လေးပါ။ Racing မဟုတ်ဘဲ Free Ride ဖြစ်တာကြောင့် စိတ်အေးလက်အေးဆော့လို့ရတယ်။Physic… Read More
  • My Time At Portia           ဒီတစ်ခါ ညီမတင်ပေးမယ့် Game အသစ်လေးက Fan တွေတွက် အရမ်းအရမ်း သဘောကျသွားစေမှာ အာမခံတယ်။ အရင်က ဒီလို Game မျိုးတွေကို Online အနေနဲ့ ညီမလည်း … Read More
  • Nextgen Truck Simulator ( Early Access )° Early Access အနေနဲ့ နောက်ထပ် ထွက်လာတဲ့ Game လေးကတော့ Truck Simulation အမျိုးစားဖြစ်ပြီး Unreal Engine 4 နဲ့ ဖန်တီးထားတာမလို့ Graphic အသားပေး Game တစ်ခုလို့ ပြောလို့ရပ… Read More
  • Sparklite ° အသစ်ထွက်ထားတဲ့ ဒီ Game လေးက PC နဲ့ Console ကနေ ဆင်းသက်လာတဲ့ action-adventure အမျိုးစားဖြစ်ပြီး အရမ်းကို သဘောကျစရာကောင်းတာပါ။ ပြင်သစ်အခြေစိုက် Playdigious ကနေ ဖန… Read More
  • Desert Nomad x Raft Survival ( Early Access )° ဒီနေ့ Early Access အနေနဲ့ ထွက်လာတဲ့ Game သစ်လေးကတော့ Mobile မှာ လူကြိုက်အများဆုံး Survival Game တစ်ခုဖြစ်တဲ့ Raft Survival Ocean Nomad ကို ဖန်တီးပေးထားတဲ့ TREASTONE LT… Read More

Comments

လူကြည့်အများဆုံး GAMES