Breath Gameful Mindfulness

အားလုံး သိကြတဲ့အတိုင်း ပေါက်တက်ကရ ထူးထူးဆန်းဆန်းဆိုရင်ကို Admin က အရမ်းသဘောကျတာကြောင့် ဒီတစ်ခါလည်း တော်တော်ကြီးကို ထူးဆန်းစေမယ့် ဂိမ်းလေးတစ်ခုအကြောင်းကို ပြောပြပေးပါမယ်။

#REVIEW

အမှန်တိုင်းပြောရရင် ဒီဟာကို ဂိမ်းလို့ပဲပြောရမလား ၊ ဒါမှမဟုတ် App တစ်ခုလို့ပဲ ပြောရမလားဆိုတာကို Admin ကိုယ်တိုင်တောင် သေချာရွေးပေးဖို့ရာ ခက်ပါတယ်။ အကယ်လို့ ဒီဟာကို ဂိမ်းလို့သာ သတ်မှတ်မယ်ဆိုရင် တော်တော်ကြီးကို Next-level ရောက်လာပြီလို့ ဆိုရမှာပါ။

ဘာလို့လဲဆိုတော့ ဒီဂိမ်းကို ကစားမယ်ဆိုရင် Screen ပေါ်က ခလုပ်တွေလည်း နိပ်စရာမလိုသလို ၊ ဖုန်းကိုလည်း ထိစရာမလိုတဲ့အထိ ကစားရမှာပဲဖြစ်ပါတယ်။

ဟင် ဒါဆို ဒီတိုင်းကြည့်ရတဲ့ ဂိမ်းကြီးပဲလားလို့ တွေးမိနေမယ်ဆိုရင် အဲအဖြေကလည်း မှားနေသေးတယ်လို့ ပြောချင်ပါတယ်။

ဒါဆို ဘာဂိမ်းကြီးလဲ ? ဘာမှ ထိစရာလဲ မလို၊ နိပ်စရာလဲ မလိုပဲ ဆော့ရမှာဆိုတော့ ဘာနဲ့ သွားကစားရမှာလဲ ?

#GAMEPLAY

ဒီအတွက် အဖြေကတော့ စိတ်ကို သန့်စင်စေမယ့် Meditation နည်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။ နည်းနည်း ယုံဖို့ရာ ခက်ပေမယ့် တကယ်လည်း အသက်ရှု ၊ ထုတ် ပြုလုပ်ပြီးတော့မှ ကစားရမှာမလို့ တခြားအသံနဲ့ ကစားတဲ့ ဂိမ်းတွေဆိုတာ နေခဲ့လိုက်တော့လို့တောင်ပြောရမှာပါ။


ဒီဂိမ်းရဲ့ ရည်ရွယ်ချက်ကိုက ပင်ပန်းမှုတွေကို Relax ဖြစ်စေမယ့်ဖို့ ရည်ရွယ်ထားတာကြောင့် ငှက်တစ်ကောင်ရဲ့ လွတ်လပ်စွာ ပျံသန်းခြင်းကို တွေ့ကြုံခံစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ အပြုမူပေါ် မူတည်ပြီးတော့လည်း အဲဒီငှက်ကလေးက တုံ့ပြန်တာဖြစ်တာကြောင့် မသိရင် Mind Control နဲ့ ကစားနေရတဲ့ ဂိမ်းတစ်ခုလို့တောင် ထင်မှတ်စရာဖြစ်နေတာပါ။
ဘယ်လိုကစားရတာလဲဆိုရင် ကိုယ်က အသက်ရှူလိုက်တဲ့အချိန်မှာ ဂိမ်းထဲက ငှက်ကလေးက အားယူဖို့ အောက်နိမ့်သွားမှာဖြစ်ပြီး ၊ အသက်ကို ပြန်ရှူထုတ်လိုက်တဲ့အချိန်မှာတော့ ငှက်ကလေးက အားသွန်ခွန်စိုက်နဲ့ အပေါ်ထိ ပျံသန်းသွားမှာပဲဖြစ်ပါတယ်။
အဲဒီလိုပဲ ကိုယ်လိုချင်တဲ့ ဘက်ကို သွားချင်ရင်လည်း စိတ်ကလေးက နည်းနည်းလေး ယိမ်းလိုက်ရုံနဲ့ ငှက်ကလေးကပါ လိုက်ယိမ်းသွားမှာမလို့ လုံးဝကို Next-level ဂိမ်းလို့ ပြောလို့ရတာပါ။

OK ဒီအထိ ဖတ်ပြီးသွားပြီဆိုရင်တော့ စိတ်လှုပ်ရှားချင်တဲ့ သူတွေက အခုပဲ သွားကစားလို့ရပါပြီ။ ကျန်တဲ့ ဆက်ဖတ်ချင်တဲ့ သူတွေကတော့ သိချင်ရင် ဆက်ဖတ်ကြည့်ကြပေါ့။
#PERSONAL

တကယ်တော့ ဒီဂိမ်းက Camera Movement နဲ့ ထိန်းချုပ်ထားတာမလို့ Mobile ဂိမ်းတွေထဲမှာ Admin တော့ ပထမဆုံး Experience တစ်ခုလို့ ဆိုရမှာပါ။

ပြောရရင် တခြား အသံဂိမ်းတွေ ၊ Vibrate ဂိမ်းတွေ အများကြီး ရှိသေးပေမယ့် ဒီတစ်ခုကတော့ Camera ကို အသုံးပြုပြီး ကစားလို့ရတာကြောင့် အရမ်းကြီး Polish မဖြစ်သေးပေမယ့် Mobile နယ်ပယ်မှာ Evolve ဖြစ်လာတယ်လို့ ခံစားမိတယ်။

ဒီဂိမ်းရဲ့ အဓိကအချက်က Camera ကနေ တဆင့် ကိုယ့်ရဲ့ Facial Expressions တွေကို စောင့်ကြည့်နေတာဖြစ်ပြီး အသက်ရှုထုတ်တာ ၊ သွင်းတာတွေအပြင် ခေါင်းရမ်းတာတွေပေါ် မူတည်ပြီးတော့ပါ ဂိမ်းရဲ့ Movement တွေကို အသုံးပြုပေးထားတာကြောင့် အပေါ်ကပြောခဲ့သလို မသိရင် Mind Control ဂိမ်းလိုလို ဘာလိုလို ဖြစ်သွားတာပဲဖြစ်ပါတယ်။
OK ဒီတော့ ဂိမ်းက တစ်ချိန်လုံး Camera ဖွင့်ထားရမှာဆိုတော့ ကိုယ့်ရဲ့ Privacy အတွက် စိတ်ချရပါ့မလားလို့ စိုးရိမ်နေရင် Admin လည်း အာမတော့ မခံရဲပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဂိမ်းက Offline ကစားလို့ရတာဆိုတော့ Internet မဖွင့်မချင်းတော့ safe ဖြစ်သေးတယ်လို့ ဆိုရမှာပဲ။

ဒါပေမယ့် Overall အနေနဲ့ အားမနာတမ်းပြောရရင်တော့ ဂိမ်းက အဆင်သင့်မဖြစ်သေးဘူးဆိုတာပါပဲ။ Bug တွေက သာမန် ဂိမ်းတွေတောင် လုံးဝ မကင်းနိုင်တာမလို့ ၊ အခုလို Physical detecting ဂိမ်းမျိုးဆိုရင် ပိုလို့တောင် များအုံးမှာပါ။

အဲဒီတော့ ထူးထူးဆန်းဆန်း ဂိမ်းမလို့ ဒီနေ့အတွက် တင်ပေးလိုက်တာဆိုပေမယ့် အခုလို ဂိမ်းမျိုးတွေ အနာဂတ်မှာ ဆက်ပြီး ရှိလာနိုင်လား ၊ ထုတ်သင့်ရဲ့လားဆိုတာကို Comment မှာ ဝင်ရောက် ဆွေးနွေးသွားပါအုံးနော်။
Game Information
Android version 8 . 0 +
Developer Cat Techs
Network Offline
Price Free
App version 1.0..0
Release date Nov 25., 2024
Platform Android / iOS
⭐ ( HELLO Rating = 6 / 10 ) ⭐


HELLO YDB

#HELLOYDB #MOBILEGAME #GAMEREVIEW

Comments

လူကြည့်အများဆုံး GAMES