CarX Drift Raing 3
ကဲ အားလုံးစောင့်နေတဲ့ ဂိမ်းကလည်း ထွက်လာပြီဆိုတော့ First Impression အရ စပြောရမယ်ဆိုရင် လုံးဝကို Mobile Game မှ ဟုတ်တောင်ဟုတ်ရဲ့လားလို့တောင် သံသရဝင်မိတဲ့အထိပါပဲ။
နောက်ပြီး လက်ရှိ Review အများစုမှာလည်း PC အတွက် ထုတ်ပေးပါအုံးလို့တောင် ပြောရတဲ့အထိ ဒီ Mobile ဂိမ်းရဲ့ level က တော်တော်ကြီးကို ရှေ့ပြေးနေတာပဲဖြစ်ပါတယ်။ ဒါတောင် ဖန်တီးတဲ့သူတွေက Independence Developer တွေဖြစ်ပြီး လက်ရှိအချိန်ထိ သူတို့ရဲ့ Audiences ကို အပြည့်ဝ ထိန်းထားနိုင်တဲ့အထိ ထုတ်သမျှ ဂိမ်းတိုင်းက Hit ဖြစ်နေတာပဲဖြစ်ပါတယ်။
( အခုလက်ရှိ သူတို့ရဲ့ Official Website မှာလည်း Job opportunity တွေ ဖိတ်ခေါ်နေတာကြောင့် အခုဖတ်နေတဲ့ သူတွေထဲမှာ အလုပ်လျှောက်ချင်ရင် သွားလျှောက်လို့ ရနေပြီနော် )
#GAME_REVIEW
ဒီ Developer တွေနဲ့ ပတ်သတ်ပြီး ထုတ်သမျှဂိမ်းတိုင်းက အကုန် Quality ကောင်းတာကြောင့် ဒီတစ်ခါ CarX Drift Racing 3 မှာလည်း ကောင်းကိုကောင်းမယ်ဆိုတာကို ထင်ထားပေမယ့် အခုလောက်ကြီးအထိ Over ဖြစ်ရလိမ့်မယ်လို့ တွေးမထားမိခဲ့ဘူး။
Money Pulling စနစ်တွေ ဘာတွေဆိုတာ အသာထား ၊ Game ကို ဖန်တီးထားတဲ့ Engine ကိုက Mobile ဂိမ်းကို PC နဲ့ နင်လားငါလားအထိ Dynamic Graphic တွေမှာ အရမ်းသိသာလာပြီး Lighting Effect တွေဆိုတာ လုံးဝကို မြင်ရတာနဲ့ အိဖိန့်နေပြီး ပိုပြီး Mind blowing ဖြစ်သွားစေတာကတော့ Physics Engine ကြီးက ပိုးစို့ပတ်စက်ကို ဂေါ်ထွက်နေတာပဲဖြစ်ပါတယ်။
အခု မင်မင်ပြောတဲ့ ပုံက အရမ်း Over ဖြစ်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်ကို CarX Drift Racing ရဲ့ Evolution က Generation အလိုက်ကို စံပြဖြစ်နေတာပဲ ဖြစ်ပါတယ်။ မင်မင်သဘောအကျဆုံးတွေကို ပြောရရင် ဖတ်တဲ့သူကိုသာ ကိုယ်တိုင်ဆော့ခိုင်းကြည့်စေချင်ပြီး ဘယ်လောက်တောင် smooth ဖြစ်လိုက်လဲဆိုတာကို ခံစားကြည့်စေချင်တာပါ။
အရင်ဆုံး UI ပိုင်းနဲ့ စရရင် CarX ရဲ့ traditional အတိုင်း Unique ဖြစ်တယ်ဆိုပေမယ့် Map ရွေးတဲ့နေရာမှာ အနောက်ကနေ ထွက်လာတဲ့ voice speech ကြီးက လုံးဝကို ကိုယ်ကိုယ်တိုင် ကားခန်းမထဲ ရောက်နေသလိုအထိ အရမ်းကို လိုက်ဖက်နေတာပဲဖြစ်ပါတယ်။
Map နဲ့ပတ်သတ်ပြီး Region တွေအလိုက် နာမည်ကြီး ကားကွင်းတွေပါလာပြီး ပိုသဘောကျစရာကောင်းတာက အရင်ကထက်ကို Map ပိုကျယ်လာပြီး Free Ride ကနေ Single Mode တွေအထိ ကျယ်ကျယ်ဝန့်ဝန့်နဲ့ကို Open World နီးပါး ကစားရမှာပဲဖြစ်ပါတယ်။
နောက်ပြီး Map တိုင်းမှာ Graphic အကုန်မြှင့်ထားတာကြောင့် တကယ်ကို next generation feeling နဲ့ ထိတွေ့ခံစားရမှာဖြစ်ပြီး Mobile Game တွေရဲ့ လျင်လျင်မြန်မြန် တိုးတက်လာတဲ့ evolution တွေကို အတိုင်းသား မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Car အပိုင်းတွေကို ကြည့်မယ်ဆိုရင်လည်း Gadget တွေကစ လုံးဝလုံးဝကို အသေးစိတ် ထိတွေ့ရမှာဖြစ်ပြီး Physics Engine ကြီးကပါ Realistic နီးပါးအထိ ထည့်ပေးထားတာကြောင့် ကားကို ဘေးနားလေး ပွတ်သွားရုံနဲ့ ပွတ်ရာအတိုင်း ပိန့်သွားတာတွေ ၊ ပြုတ်ထွက်သွားတာတွေအထိကို အသေးစိပ် particle effect တွေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး smoke သိပ်သည်းဆ density တွေဆိုတာဟာလည်း လုံးဝကို မြင်လိုက်တာနဲ့ ရင်ထဲ အိစက်သွားတဲ့အထိ အားရစေမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Overall Graphic ပိုင်းကတော့ လုံးဝကို Perfect လို့ ပြောလို့ရပါတယ်။
ကဲ နောက်ဆုံးအနေနဲ့ Gameplay ကကော ကောင်းရဲ့လားဆိုတော့ ဘယ်လိုပြောရမလဲ ၊ လုံးဝကို Smooth ဖြစ်ဖြစ်နဲ့ Drift ဆွဲရတဲ့ အရသာကို တနုတ်နုတ်ပေးစေမှာဖြစ်တာကြောင့် Control အပိုင်းကတော့ တစ်ခါထိလိုက်ရင်ကို ဆက်တိုက် Drift ပစ်ချင်တဲ့အထိ စွဲဆောင်မှု ရှိစေတာပဲဖြစ်ပါတယ်။
နောက်ထပ် စွဲဆောင်မှုရှိစေတဲ့ အရာလေးတစ်ခုကိုပါ ထပ်ပေါင်းပြောရမယ်ဆိုရင် Sound effect ပိုင်းက so amazing ဖြစ်တဲ့အပြင် လီဗာပုတ်လိုက်တိုင်း ထွက်လာတဲ့ Engine သံကြီးကိုက Bass ကောင်းတဲ့ နားကြပ်တွေမှာဆိုရင် ရင်ခုန်သံတွေအဖြစ်တောင် ပြောင်းသွားနိုင်တဲ့အထိ အရမ်းသဘောကျစရာကောင်းတာပဲဖြစ်ပါတယ်။
ဒီလို Overall ကောင်းနေတဲ့ Next Generation ဂိမ်းတစ်ခုမှာ ထောက်ပြစရာဆိုလို့ ဖုန်းတိုင်းနဲ့ မဆော့နိုင်တော့ဘူးဆိုတာပါပဲ။ အရင် 2 အထိက တော်ရုံဖုန်းမှာ High Setting လောက်နဲ့ Run နိုင်ပေမယ့် အခုဟာက တကယ်ကို Demanding ဖြစ်လာတာကြောင့် လုံးဝကို Performance ကောင်းတဲ့ ဖုန်းတွေနဲ့မှပဲ အပေါ်ကလို Feeling မျိုးခံစားရမှာပဲဖြစ်ပါတယ်။ မဟုတ်ရင် စောနကပြောခဲ့သလို အသံပိုင်းတွေကစ glitch ဖြစ်တာမျိုးတွေအထိ ဖုန်းကို မနိုင်ဝန်ထမ်းခိုင်းသလို ခံစားရပါလိမ့်မယ်။
Comments