LATEST NEWS

Fetching news...

Edward The Detective Exit

Edward The Detective Exit

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:

ဒီလ တစ်ရက်နေ့ကမှ ထွက်ထားတဲ့ ဂိမ်းအသစ်လေးကတော့ စုံထောက်ကိုမှ ရိုးရိုးသာမန်စုံထောက်ပုံစံမျိုမဟုတ်ပဲ ၊ Supernatural ဆန်ပြီး သဘာဝလွန် သဲလွန်စတွေကို ရှာဖွေရင်း လွတ်မြောက်အောင်လုပ်ရမယ့် ဂိမ်းပုံစံမျိုးလေးပဲ ဖြစ်ပါတယ်။

#GAMEREVIEW

အရင်ဆုံး တွေးကြည့်ရမယ်ဆိုရင် ကိုယ်က ဘယ်လောက်ပဲ သဲလွန်စတွေကို ရှာဖွေတဲ့ နေရာမှာ တော်တော်၊ သဘာဝလွန်ဖြစ်ရပ်မျိုးနဲ့ ကြုံလာရပြီဆိုရင်တော့ သေချာပေါက် သာမန် တွေးတောခြင်းတွေက အလုပ်မဖြစ်တော့ဘူးဆိုတာကို နားလည်ကြမှာပါ။

အဲလိုပဲ ဒီဂိမ်းထဲမှာဆိုရင်လည်း Edward က သူနေတဲ့ နေရာဟာ ညဘက်မှာ ရုတ်တရက်ကြီး Loops ဖြစ်သွားပြီး ဘယ်ကိုပဲသွားသွား အကုန်ဆင်တူပြီး ထွက်ပေါက်ပျောက်သွားတာကြောင့် အဖြေရှာမရပဲဖြစ်နေတာပါ။

ဒီကနေ ထွက်ဖို့ဆိုရင် သူ့အနေနဲ့ မှောင်မဲနေတဲ့ ပတ်ဝန်းကျင်မှာ မီးခြစ်တစ်လုံးတည်းကိုသာ အားကိုးရမှာဖြစ်ပြီး သဲလွန်စဆိုလို့ မြှားပြထားတဲ့ နေရာလေးတွေကိုသာ လိုက်သွားရမယ့် ပုံစံမျိုးဖြစ်နေပါတယ်။

ဒါပေမယ့် တွေးချင်စရာကောင်းတာက အဲဒီ မြှားပြထားတဲ့ လမ်းတွေက ဘယ်ကို ဦးတည်နေတာလဲ ? ထွက်လမ်းကိုလား ဒါမှမဟုတ် ပိုဆိုးတဲ့ လမ်းကိုလားဆိုတာကတော့ ကစားတဲ့သူ ကိုယ်တိုင်အဖြေရှာပေးရမှာပဲဖြစ်ပါတယ်။

ဂိမ်းပုံစံလေးက ဒီလိုပြောလို့ သာမန်ပဲလို့ ထင်ကောင်းထင်နိုင်ပေမယ့် အပေါ်ဆုံးမှာပြောခဲ့သလိုပဲ သဘာဝလွန် ကိစ္စတစ်ခုမလို့ ဘာတွေကြုံရမလဲဆိုတာကို Horror ဆန်ဆန် Vibe လေးနဲ့ ကစားရမှာပဲဖြစ်ပါတယ်။

#GAMEPLAY

ဒီဂိမ်းရဲ့ Graphic ပုံစံက Polygon သုံးထားတယ်ဆိုပေမယ့် အခုလိုမျိုး Dark Environment ကို အသုံးပြုထားတာကြောင့် ကစားရတာ ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့အပြင် Tap Move ပုံစံနဲ့ သွားလာလှုပ်ရှားရတာမလို့ မလိုလိုနေရင်းနဲ့ကို ထောက်လိုက်တိုင်း စိတ်လှုပ်ရှားစရာကောင်းနေတာပါ။

အဲဒီလိုပဲ ဂိမ်းရဲ့ Graphic ဆိုတာထက် Real time Lighting Shadow တွေကိုက အရမ်းအားရစရာကောင်းပြီး ဂိမ်းကို ပိုစွဲဆောင်မှုရှိအောင် လုပ်ပေးထားတာမလို့ တစ်ခါတစ်လေ Object တွေကနေ ထွက်လာတဲ့ အရိပ်တွေကို မြင်ပြီး အလကားနေရင်းကို မသိစိတ်က သရဲဆိုပြီး ပုံဖော်မ‌ေနေတဲ့အထိ ဂိမ်းရဲ့ Atmosphere တွေက ဆွဲဆောင်မှုရှိစေတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ဂိမ်းက အသစ်စက်စက်ဖြစ်နေသေးတာကြောင့် Chapter One တစ်ခုတည်းသာ ပါဝင်သေးပြီး အဲဒီ ပထမအခန်းကို အောင်ဖို့ဆိုတာကလည်း အတော်လေးကို တွေးနိုင်မှ အဆင်ပြေစေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Detective ကိုမှ Horror Vibe လေးနဲ့ ကစားချင်တဲ့ သူတွေအတွက် ဒီဂိမ်းလေးက စမ်းကြည့်သင့်တာပဲဖြစ်ပါတယ်။

Game Information

Android version 5 . 1 +
Developer yalotso
Network Offline
Price Free
App version 1.0..0
Release date Dec 1., 2024
Platform Android / iOS

⭐ ( HELLO Rating = 7 / 10 ) ⭐



Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...