Indie Jonas. Great Tomb Raider
ဂိမ်းအသစ်တွေ အများကြီးထဲကမှ Underrated ဂိမ်းတွေလေးတွေကိုပါ တင်ပေးတတ်တဲ့
Admin တို့အနေနဲ့ ဒီနေ့ ပြောပြပေးသွားမယ့် လူသိနည်း Hidden Gem ဂိမ်းလေးကတော့
Indie Jonas ဆိုတဲ့ Adventure ဂိမ်းလေးပဲ ဖြစ်ပါတယ်။
#REVIEW
အရင်ဆုံး နာမည်နဲ့တင် ဒီဂိမ်းက ဘယ်ဟာတွေကို အမှီပြုထားလဲဆိုတာကို
တွေးမိပြီးသားဖြစ်ကြမှာပါ။ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ကြတဲ့ Indiana Jones လို
ပုံစံမျိုးကိုမှ Polygon အမျိုးစားနဲ့ အပျော်တန်းထုတ်ပေးထားတာကြောင့် ကစားရတာ
ဂိမ်းကြီးတွေလောက်တော့ Polish မဖြစ်ပေမယ့် သူ့ဟာနဲ့သူတော့ Gameplay ကော၊
Graphic ပါ အဆင်ပြေနေတဲ့ ဂိမ်းလေးလို့ ပြောရမှာပါ။
Polygon Graphic မှာ အားသာချက်က သူက Graphic ထက် Gameplay mechanic တွေကို
ပိုဥ◌ီးစားပေးတာကြောင့် ဒီဂိမ်းမှာဆိုရင်လည်း Action Adventure Game
မျိုးတွေလို ခုန်တာ ၊ တက်တာတွေအပြင် နည်းနည်းလေး ပိုစိတ်ဝင်စားစရာကောင်းတာက သူက
ပထမပိုင်းသာ Gameplay Tutorial တွေကို ဘာလုပ်ဘာလုပ်ဆိုပြီး ပြပေးပေမယ့်
နောက်အခန်းတွေကြရင် ကိုယ့်ဘာကိုယ် ပတ်ဝန်းကျင်ကို ကြည့်ပြီး
စူးစမ်းရတာဖြစ်တာကြောင့် Admin ကိုယ်တိုင် သဘောကျမိနေတာလဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေ နာမည်ကြီး ဂိမ်းတွေ၊ လူကြိုက်များတာတွေကို လိုက်ကစားနေရတာ
ပျင်းနေပြီဆိုရင် အခုလို အပျော်တမ်း Developer တွေရဲ့ ဖန်တီးမှုလေးတွေကလည်း
သဘောကျစရာကောင်းတာကြောင့် ဂိမ်းအသစ်လေးတွေကို Try ကြည့်ချင်တဲ့ သူတွေအတွက်
Recommend တကယ်ပေးပါတယ်။
နောက်ပြီး ဒီဂိမ်းထွက်လာရတဲ့ အကြောင်းရင်းကလည်း လက်တလော Indiana Jones ဂိမ်းက
Trend ဖြစ်နေတာကြောင့် အခုလို အပျော်တမ်းဂိမ်းလေးတွေ ထွက်လာရတယ်လို့လည်း
သုံးသပ်မိတယ်။
⭐ ( HELLO Rating = 7.7 / 10 ) ⭐
HELLO YDB
#MOBILEGAME #INDIANAJONES #GAMEREVIEW
Comments