WHM

 အရမ်းကြီး သဘောကျတဲ့အထဲမှာတော့ မပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဒီဂိမ်းကို ထုတ်တဲ့ Developer က အခုမှ တက်သစ်စ တစ်ယောက် လက်တည့်စမ်းထားသလိုမျိုးတော့ ခံစားမိတယ် ။ ဘာကြောင့်လဲဆိုတာကို အောက်မှာဆက်ပြောပြမယ်နော်။

#Review

ဒီနေရာမှာ အရင်ဆုံးမှာချင်တာက မင်မင်လည်း Developer အကြောင်းကို သေချာမသိတာကြောင့် လွဲကောင်းလွဲနိုင်ပါတယ်။ မင်မင်ရဲ့ အမြင်မလို့ အရမ်း Serious ဖြစ်စရာမလိုဘူးလို့ ကြိုပြောချင်တာပါ။

ဒီဂိမ်းထဲမှာဆိုရင် သင်က လမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဘယ်မှာမှန်းမသိတဲ့ နေရာတစ်ခုကနေ စတင်ရမှာပါ။ ပတ်ဝန်းကျင်က အုံ့မှိုင်းမှိုင်းနဲ့ မြူတွေထပ်နေတဲ့ ပုံစံမျိုးဖန်တီးထားတာကြောင့် Silent Hill လို Vibe မျိုးကိုတောင် ခံစားမိတယ်လို့ ဆိုရမယ်။ Sound Effect လေးတွေမှာလည်း အသက်ရှုသံတွေထိ ပြောရရင် Voice Actor က ပိုအသက်ဝင်တာမလို့ Graphic မကောင်းရင်တောင် ဂိမ်းရဲ့ Concept နဲ့ အသံပိုင်းလေးတွေက မင်မင်ကို ကစားချင်အောင် ဆွဲဆောင်စေမိတယ်ထင်တယ်။

Graphic မကောင်းဘူးဆိုတာကလည်း မင်မင်အမြင်အရတော့ Develop အသစ်ဖြစ်နေတာကြောင့်ကော၊ Game Load တအားကြီးမများအောင်ပါ texture resolution တွေ လျော့ပြီး အပျော်တန်းဖန်တီးထားတယ်လို့ မြင်မိတယ်။ UI တွေကစ stable မဖြစ်သေးသလို ၊ Language ပိုင်းမှာပါ လိုအပ်ချက်လေးတွေ ရှိနေသေးတာဆိုတော့ အရမ်းကြီး Perfect ဖြစ်နေတဲ့ ဂိမ်းတစ်ခုတော့ မဟုတ်သေးဘူးပေါ့။

ဒါကြောင့် Overall အနေနဲ့ ပြောချင်တာက မင်မင်ကတော့ ဒီဂိမ်းကို Silent Hill လို Concept မျိုးလေးနဲ့ သွားထားတာကြောင့် သဘောကျမိတာဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ Graphic အားနည်းချက်တွေကြောင့် သိပ်ပြီးတော့ အကြိုက်တွေ့စေမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အားသာချက်အနေနဲ့ ကပ်ပြောရရင်လည်း သရဲဂိမ်းမှာ Graphic မကောင်းတော့ သိပ်ပြီး လန့်စရာတော့မလိုတော့ဘူးပေါ့။

ဒီတော့ ဂိမ်းအသစ်စမ်းချင်တဲ့သူတွေက တက်သစ်စ Developer လေးတွေရဲ့လက်ရာလေးတွေကို Try ကြည့်လို့ရတယ်နော်။

Game Information
Android version 5 . 2 +
Developer Aseel Turki
Network Offline
Price Free
App version 2.1.0
Release date Nov 29., 2024
Platform Android
⭐ ( HELLO Rating = 6 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES