Bright Memory Infinite
ဂိမ်းမတင်တာကြာလို့ Fan တွေ
စိတ်ကောင်းဝင်သေးရဲ့လားမသိပေမယ့် ဒီဂိမ်းကြီး ထွက်လာတော့ မင်မင်လည်း တကယ်ကို
မနေနိုင်လို့ အပြေးလာပြောတော့တာပဲ။ ပြောရရင် တခြားဂိမ်းတွေ မဆော့ဖူးရင် နေပစေ၊
ဒီဂိမ်းကတော့ လုံးဝကို မင်မင်အကြိုက်ဆုံးတစ်ခုမလို့ PC မှာတောင် သုံးကြိမ်လောက်
ပြန်ဆော့တဲ့အထိ အရမ်းကြိုက်ခဲ့တာကြောင့်မလို့ပါ။
#𝐆𝐀𝐌𝐄_𝐑𝐄𝐕𝐈𝐄𝐖
ဒီဂိမ်း Mobile ပေါ်ကို ရောက်လာမယ်ဆိုတာ
သတင်းတွေကြားရပေမယ့် မင်မင်ကလည်း ဆော့ပြီးသားဆိုတော့ အရမ်းကြီး Hype
ခဲ့တဲ့အထဲမှာတာ့ မပါခဲ့ပါဘူး။ အမှန်တိုင်းပြောရရင် PC နဲ့ အများကြီးကွာခဲ့မယ်လို့
ထင်ထားခဲ့တာပေါ့။ ဒါပေမယ့် အခု Mobile Version ကို ဆော့ကြည့်လိုက်တော့
လုံးဝကို တကယ် လုံးဝကို ( ဝါးး ) လို့ အံသြရလောက်တဲ့အထိ Developer ရဲ့ Game
Optimization ကို လက်ဖြားခါခဲ့ရတာပါ။ PC မှာကတည်းက Active ဖြစ်နေတဲ့ Environment
ကြီးကို အရမ်းသဘောကျခဲ့တာဖြစ်ပြီး အရှင်းဆုံးပြောရရင် Asia Vibe မလို့ကို
ပို့စို့ပတ်စက် သဘောကျခဲ့ရတာပဲဖြစ်ပါတယ်။
Graphic , Gameplay , Game mechanic တွေအကုန်လုံးက PC အတိုင်း Mobile Version ကို
တစ်ထပ်တည်း Port လုပ်ထားတာကြောင့် တခြား ဝိတ်လျှော့တဲ့အပိုင်းကလွဲရင်
တော်တော်ကြီးကို Impressive ဖြစ်မိတာ အမှန်ပဲ။ တကယ်ကို Mobile Game နဲ့တောင်
မတန်တဲ့ ဂိမ်းကောင်းကြီးမလို့ မင်မင်ကတော့ ဆော့ကို ဆော့ဖူးစေချင်မိတယ်။
#𝐒𝐓𝐎𝐑𝐘𝐋𝐈𝐍𝐄
ဒီတော့ မင်မင်အနေနဲ့ Spoiler မဖြစ်အောင်
တစ်ဖက်လှည့်နဲ့ ရှင်းပြရမယ်ဆိုရင် ဒီဂိမ်းက မင်မင်တို့အရမ်းသဘောကျရတဲ့ Time နဲ့
Space ကို ခေတ်ဟောင်းတစ်လှည့်၊ ခေတ်သစ်တစ်လှည့်ပုံစံနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ Shelia က သူ့ရဲ့တာဝန်အရ စုံစမ်းရမယ့် ရန်သူ့
အဖွဲ့စည်းတစ်ခုတည်းတင်မကပဲ၊ အဲဒီနေရာမှာ ဖြစ်ပေါ်နေတဲ့ Blackhole ကြီးကြောင့်ပါ
Timeline တွေ ကွဲပြီ ဟိုးအရင်ခေတ်တုန်းက ရက်စက်ကြမ်းကြုတ်တဲ့
စစ်သည်တော်ကြီးတွေနဲ့ပါ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အချက်က ခေတ်သစ် နည်းပညာတွေကို ခေတ်ဟောင်းက
မှော်ပညာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် လုံးဝကို စပယ်ရှယ်
ကြမ်းခွင့်ရမှာဖြစ်ပြီး အရှေ့တိုင်း ဓလေ့အရ ဘီလူးတွေ၊ နဂါးလို မြွေကြီးတွေနဲ့တင်
ဂိမ်းတစ်ခုလုံးက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အရမ်းကို မိုက်နေတာပဲဖြစ်ပါတယ်။
#𝐆𝐀𝐌𝐄𝐏𝐋𝐀𝐘
ဒါက Game ရဲ့ Theme အရ လုံးဝကို
မင်မင့်အကြိုက် setting မျိုးဖြစ်ပြီး နောက်ထပ် ပိုသဘောကျသွားစေတာကတော့ Gameplay
က လုံးဝကို Action ဦးစားပေးထားတာမလို့ ကြားထဲမှာ မြင်တွေ့ရမယ့် Cutscene တွေက
အရမ်း Suprise ဖြစ်သွားစေမှာ မင်မင်ကိုယ်တိုင် အာမခံရဲတယ်။ နောက်ပြီး
ထည့်ပေးထားတဲ့ လက်နက်တိုင်းက လုံးဝကို တစ်ခန်းပြီး တစ်ခန်း ရှယ်တွေကြီး
ကိုင်ရမှာဖြစ်ပြီး၊ Upgrade နဲ့ Level up လာတာနဲ့အမျှ ကိုယ့်ရဲ့ Character ဟာ
ပို့စို့ပတ်စက် ကြမ်းထော်လာမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ မင်မင်ကိုယ်တိုင် အရမ်းသဘောကျမိတာ တစ်ခုက Combat ပိုင်းတွေကို Guns
အပြင် ဓားတွေနဲ့ပါ ပိုင်းခွင့်ပေးထားတာကြောင့် ဒီ Game ရဲ့ Combat Elements တွေက
Sci-Fi ဆန်ဆန်နဲ့ကို အရမ်းလှပနေတာပဲဖြစ်ပါတယ်။ ပြောရရင် ကျည်ဆန်မရှိလဲ၊
ဓားနဲ့ပိုင်းခွင့်ပေးထားတာကြောင့် ဂိမ်းတစ်ခုလုံးက ရုပ်ရှင်ဆန်ဆန်တွေကြီး
ဖြစ်နေမှာပဲဖြစ်ပါတယ်။
#𝐏𝐄𝐑𝐒𝐎𝐍𝐀𝐋
ပြောရရင် ဒီ Developer က လုံးဝကို Gamer
စစ်စစ်မလို့ Gamer တွေ ဘာလိုချင်လဲဆိုတာကို အတိကျ အံ့သြသွားစေတဲ့အထိ အတော်လေးကို
အားစိုက်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်မင်ကိုယ်တိုင် သုံးခါပြန်လောက်
ကစားဖြစ်နေတာပေါ့။
Mobile Version နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ Mobile Game တစ်ခုအနေနဲ့ တကယ်ကို
ရွှေဂိမ်းတစ်ခုဖြစ်ပြီး နည်းနည်းလေးအားမရတာဆိုလို့ Combat button တွေကို PC
မှာလောက် အသားမကျတစ်ခုပဲရှိတာပါ။ ဘာလို့ဆို နောက်ပိုင်းကြ တကယ်ကို ဓားကော၊
သေနတ်ပါ သေချာတွဲသုံးနိုင်မှ တော်ရာကျတာမလို့ Boss level တွေကြရင်
ဝူးရှူးဝါးရှားတွေဖြစ်ကုန်ကြမှာ မြင်ယောင်သေးတယ်။
#𝐆𝐀𝐌𝐄_𝐆𝐔𝐈𝐃𝐄𝐋𝐈𝐈𝐍𝐄𝐒
အခုမှ စဆော့တဲ့ သူတွေကို Guidelines ပေးရရင်တော့ ကျည်တွေကို ချွေတာသုံး ၊ Map ကို
ကြားသေးသေးလေးကစ အကုန်လိုက်ပတ်ပြီး ပုံးတွေ၊ ကျည်ကဒ်တွေ၊ နောက်ပြီး Upgrade
လုပ်နိုင်မယ့် resources တွေကိုပါ များများစုထားစေချင်တယ်။
ရန်သူကို တတ်နိုင်သမျှ Stealth လုပ်ပြီးတော့ရှင်းစေချင်ပြီး ၊ ဒိုင်းကာပါတဲ့
စစ်သည်တွေကို Shotgun တလှည့်၊ ဓားတစ်လှည့် တိုက်ခိုက်စေချင်တယ်။ ဘာလိုဆို Stamina
ကလည်း စကားပြောတာကြောင့် အုပ်လိုက်ကြီးတွေမှာ Survive ဖြစ်ဖို့ဆိုရင် Wise
ဖြစ်ဖြစ် သုံးနိုင်ဖို့ အရေးကြီးတယ်။
နောက်ပြီး ဖြစ်နိုင်ရင် ရန်သူကို Force လုပ်ပြီးတော့ ပိုရှင်းစေချင်တယ်။
နောက်ပိုင်း Upgrade လုပ်လာတာနဲ့အမျှ Combat Mechanic တွေက
အကြမ်းကြီးတွေရလာမှာဖြစ်ပြီး ခုန်ရင်း ချတာတွေ၊ ရှောင်ရင်း ချတာတွေကို
ဂိမ်းအစမှာကတည်းက အသားကျအောင် ဆော့ထားစေချင်တယ်။
နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ Game ကို ပြီးချင်ဇောနဲ့ မဆော့ပဲ ၊ လုံးဝက Mood
အပြည့်နဲ့ ဂိမ်းပတ်ဝန်းကျင်ကို တစ်သားတည်းခံစားမိအောင် ဆော့စေချင်တယ်။ ဘာလို့ဆို
ဒီဂိမ်းရဲ့ ရှူခင်းတွေက Graphic Shade ကောင်းရင် ကောင်းသလောက်
အသက်ဝင်နေမှာပဲဖြစ်ပါတယ်။
HELLO YDB
#HELLOYDB #MOBILEGAME #GAMEREVIEW
Comments