𝟑𝐃 𝐁𝐀𝐋𝐋 𝐁𝐀𝐋𝐀𝐍𝐂𝐄𝐑
ပုံစံလေးမြင်တာနဲ့ကို သိပ်ပြီးတော့ များများစားစား
မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ငယ်ဘဝက Internet Cafe ဆိုင်တွေမှာ
လိုင်းကျတိုင်း ဝင်ကစားဖြစ်နေတဲ့ ဘောလုံးဂိမ်းလေးဖြစ်ပြီး Balance ဆိုတဲ့အတိုင်း
ပြုတ်မကျအောင် ထိန်းကစားရမှာ မလို့ အပျင်းပြေ အတိတ်ကို
ပြန်တူးစွချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးက အကောင်းဆုံးဖြစ်စေမှာပါ။
#𝐆𝐀𝐌𝐄𝐑𝐄𝐕𝐈𝐄𝐖
ဂိမ်းပုံစံလေးက အပေါ်ကပြောခဲ့သလိုပဲ ပြုတ်မကျအောင် ထိန်းကစားပေးရမယ့် Puzzle
ဂိမ်းလေးဖြစ်ပြီး အူတွေအသည်းတွေ ယားအောင်အထိ ကောင်းကင်ပေါ်မှာကော ၊
ပင်လယ်ပြင်ကြီးပေါ်မှာပါ ကစားရမှာပဲဖြစ်ပါတယ်။ လောလောဆယ် နှစ်ခန်းပေါင်းကို level
ပေါင်း 60 ကျော်ထိ ပါဝင်လာပြီး တစ်ခန်းပြီး တစ်ခန်း ပိုပိုပြီး ခက်လာမှာ
ဖြစ်တာကြောင့် စိတ်ငြိမ်ချင်တဲ့သူတွေ ကစားကို ကစားကြည့်သင့်ပါတယ်။
အရင်က PC မှာ ဆော့ခဲ့သလိုမျိုးပဲ ဘောလုံးပုံစံလေးတွေက ပြောင်းသွားသေးတာကြောင့်
တုတ်ချောင်းပေါ် ပါးပါးလေးလိမ့်ပေးတာတွေ၊ ပြုတ်မကျအောင် ထိန်းပေးရတာတွေနဲ့တင်
အတော်လေးအပျင်းပြေစေမှာပါ။ နောက်ပြီး အရမ်းကြီးလည်း ခက်ခဲတာမဟုတ်တာကြောင့်
ပေါ့ပေါ့ပါးပါးနဲ့ Casual ကစားချင်တဲ့သူတွေ စမ်းကြည့်ကြဖို့ရာ အကြံပေးလိုက်ပါတယ်။
ငယ်ဘဝက Computer ဆိုင်တွေမှာ ဆော့ဖူးခဲ့သူတွေရှိရင်
အတွေ့ကြုံလေးတွေကိုဝေမျှသွားအုံးနော်။
HELLO YDB
#HELLOYDB #MOBILEGAME #GAMEREVIEW
Comments