Grand Mountain Adventure 2

0% COMMUNITY SCORE
LOADING...
RATE:
           ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ အသစ်စက်စက် ဘယ်သူမှ စောင့်မျှော်မထားတဲ့ Grand Mountain Adventure 2 ဂိမ်းလေးဖြစ်ပြီး အခုတစ်ခါမှာ ထူးခြားတာက အရင်ကထက်ကို ပိုကြီးတဲ့ Open World ဂိမ်းမျိုးဖြစ်သွားတာကြောင့် နှင်းလျှောစီးချင်တဲ့သူကော၊ Chill ချင်တဲ့သူတွေအတွက်ပါ လုံးဝ လုံးဝကို လက်မလွှတ်သင့်တဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ အခုရက်ပိုင်း မင်မင်ကိုယ်တိုင်တောင် Meditation အနေနဲ့ ကစားဖြစ်နေတဲ့ ဂိမ်းလေးမလို့ လျော့တော့မတွက်စေချင်ဘူး။
ဒီဂိမ်းက အထူးသဖြင့် Stress တွေ ပိနေတဲ့သူဆိုရင် ပိုလို့တောင် ကစားသင့်ပါတယ်။ ဘာလို့ဆို မင်မင်ကိုယ်တိုင်တောင် ဂျပန်တို့၊ ကိုရီးယားတို့ ရောက်သွားတဲ့ သူငယ်ချင်းတွေရဲ့ ပုံတွေကိုကြည့်ပြီး နှင်းတို့၊ နှင်းလျှောစီးတယ်ဆိုတဲ့ အရသာတွေကို အရမ်းသိချင်မိခဲ့တာပါ။ တိုက်ဆိုင်ချင်တော့ အခုဂိမ်းလေးကလည်း ရုတ်တရက် ထွက်လာခဲ့ပြီး ကစားကြည့်လိုက်တဲ့အချိန်မှာ ဝါး.. နှင်းစကိတ်စီးရတာ ဒီလိုမျိုးပါလားဆိုပြီး ဖြစ်ခဲ့တာပါ။
အရင်ကလည်း နှင်းလျှောစီးတဲ့ ဂိမ်းတွေကို ဆော့ခဲ့ဖူးတာ မှန်တယ်ဆိုပေမယ့် အဲဒီအချိန်တုန်းက ဂိမ်းဆိုတဲ့အတိုင်း အပြိုင်အဆိုင်နဲ့ ပန်းတိုင်ကိုပဲ ကြည့်နေခဲ့ရတော့ နှင်းလျှောစီးရတဲ့ feeling မျိုးကို အပြည့်ဝ မတွေးနိုင်ခဲ့ပါဘူး။ အခု ဒီဂိမ်းထဲကြမှ လုံးဝကို အေးအေးဆေးဆေးနဲ့ Map တစ်ခုလုံးကို သွားလို့ရနေတော့ ဂိမ်းရဲ့ Background Music လေးရယ်၊ ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုလေးရယ်ပါ ပေါင်းပြီး လုံးဝကို ရှယ် Feel လို့ကောင်းခဲ့တာပါ။
ဒါတင်မကသေးဘူးနော် Game ရဲ့ Physics Engine က အသေးစိတ်ကျတယ်မကျတယ် သွားတဲ့နေရာတိုင်းမှာ နှင်းရာလေးတွေ ကျန်ခဲ့တာတို့၊ တိုက်မိတိုင်း နှင်းလေးတွေ ဖွာကျတာတို့က လုံးဝကို ကြည့်ရတာ တစ်နည်းနည်းနဲ့ စိတ်ကျေနပ်စေမိတယ်။
နောက်ပြီး မင်မင် ခံစားလိုက်ရတဲ့ နောက်တစ်ခုက ဒီဂိမ်းက ကိုယ်တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ လျှောက် သွားနေရာတာမျိုးမဟုတ်ပဲ နှင်းစခန်းတွေရောက်တိုင်း ပျော်ရွှင်နေတဲ့ လူအုပ်ကြီးရယ်၊ နှင်းလျှောစီးနေတဲ့ သူတွေအပြင်၊ ထူးထူးခြားခြား အခုမှ စစီးနေကြတဲ့ ကလေးငယ်လေးတွေကိုပါ မြင်မိသွားတော့ တကယ် ကိုယ်ကစားနေတဲ့ ဂိမ်းက လုံးဝကို Meditation ဖြစ်နေတယ်ဆိုတ‌ာ သတိထားမိသွားတယ်။
ဘာကြောင့်လဲဆိုရင် အစတုန်းကပြောခဲ့သလိုပဲ ဒီဂိမ်းကို စဆော့တုန်းက နှင်းရဲ့ အရသာကို ခံစားကြည့်ရင်း သဘာဝကြီးကြောင့်ပါ ရှယ် Feel လို့ကောင်းခဲ့တယ်ဆိုပေမယ့် အခုကြတော့ လက်တွေ့လောကမှာပါ မြင်ကြည့်ဖို့ရာ ခဲယဥ◌်းတဲ့ လူ့ပတ်ဝန်းကျင်လေးကိုပါ သတိထားမိသွားတာပါ။ လူဆိုတာမျိုးက အထီးကျန်လာတာနဲ့အမျှ အတ္တတွေကြီးလာပြီး ကွဲထွက်သွားနိုင်တာကြောင့် ကိုယ့်စိတ်နဲ့ ကိုယ့်ကမ္ဘာဖြစ်နေတတ်ကြပါတယ်။
အခုလည်း ကိုယ့်စိတ်နဲ့ကိုယ် ဂိမ်းလေးကို ကစားရင်း တစ်ယောက်တည်း ကြည်နူးမိနေတယ်ဆိုပေမယ့် ခုနက နှင်းစခန်းရောက်တိုင်း လူအုပ်ကြီးရဲ့ ပျော်ရွှင်သံတွေ၊ စကားပြောသံတွေ၊ နောက် ကလေးတွေ နှင်းလျှောစီးနေတာလေးတွေကိုပါ မြင်လိုက်ရတော့ ဘာကြောင့်မှန်းမသိပေမယ့် ရုတ်တရက်ကြီး ကိုယ်ပါ အထီးမကျန်တော့သလိုမျိုး ကြည်နူးပြီး အလိုလို ပြုံးမိလာတယ်။ ပြောရရင် ကိုယ်နဲ့အတူ သူတို့တွေပါ သဘာဝကြီးထဲ ပျော်နေကြတော့ စိတ်ထဲမှာ ထပ်တူ ကျေနပ်မိတဲ့ ခံစားချက်မျိုးလည်း ဖြစ်လာခဲ့တယ်။ 
အဲဒီထဲမှာ ရန်ဖြစ်နေတဲ့သူလည်း မရှိဘူး၊ ဒေါသထွက်နေတဲ့သူလည်း မရှိဘူး ။ ဒီတိုင်း အပျော်တွေကို တစ်ယောက်နဲ့တစ်ယောက် အတွေ့ကြုံတွေ အမှတ်တရတွေ ယူနေကြတော့ စိတ်ထဲမှာ သူတို့ကို ကြည့်ပြီး နောက်ထပ် အေးချမ်းမှုကိုပါ ရလာခဲ့တယ်။ ဒါပေမယ့် တစ်ခါလေ ဘေးက ဖြတ်သွားတဲ့အထဲမှာ စုံတွဲတွေ နှင်းလျှောစီးရင်း တစ်ယောက်ကို တစ်ယောက် တီတီတာတာပြောနေကြတာတွေ မြင်ရင်တော့ FA ဖြစ်နေတဲ့ မင်မင်အတွက်တော့ ပြုံးပြုံးကြီးနဲ့ နည်းနည်း ရင်ဘက်အောင့်မိတဲ့ အခိုက်တန့်လေးတွေတော့ ရှိတာပေါ့။ Relaxing ဂိမ်းဆိုတော့လည်း   လိုက်ချလို့မရတာနဲ့ ခွင့်လွတ်ပေးလိုက်ပါတယ်လေ။
ဒီတော့ ပြောချင်တာက ဂိမ်းလေးက အရမ်းကိုမှ Peaceful ဖြစ်ပြီး လူတွေကို ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက်ပဲ စိတ်နာနာ ၊ နောက်ဆုံး ဘယ်လောက်ပဲ မတွေ့ချင်အုံးတော့ လူသားဖြစ်နေသ၍ လူတွေရဲ့ အဖော်ပြုမှုကို လိုအပ်နေအုံးမှာပါပဲ။ အခုဂိမ်းထဲမှာဆိုလည်း လမ်းဘယ်လောက်ပျောက်ပျောက် ကိုယ့်လိုမျိုး နှင်းလျှောစီးနေတဲ့ သူကိုတွေ့လိုက်ရင် ငါ လမ်းမှန်ရောက်နေသေးတာပဲဆိုတဲ့ အတွေးလေးကြောင့် ပျော်ရွှင်သွားရတာပဲ မဟုတ်လား။
တွေးကြည့်ရင် လူတစ်ယောက်က ဘယ်လောက်ပဲ Relax ဖြစ်အောင် တစ်ယောက်တည်း စူးစမ်းစူးစမ်း၊ လက်တွေ့ဘဝရဲ့ လူ့ပတ်ဝန်းကျင်ဆိုတာကိုသာ မဖော်ပြခဲ့ရင် ဒီဂိမ်းက ပန်းတိုင် ၊အောင်မြင်မှု ဒါမှမဟုတ် ကိုယ့်ကမ္ဘာနဲ့ကိုယ်ပဲ ဖြစ်သွားနိုင်ပါတယ်။ Realistic ဆိုတာ Graphic တွေ၊ Gameplay တွေထက် အခုလို အသေးမွှားလေးကစ လက်တွေ့ဆန်နေတာဟာလည်း သဘာဝကျတာပဲမဟုတ်လား။   Action ဂိမ်းလည်း မဟုတ်သလို ၊ စွန့်စားရတာမျိုးလည်း ရှိမနေတော့ ဒီတိုင်း သဘာဝကြီးနဲ့အတူတူ တစ်ခေါက်လောက် စိတ်အပန်းဖြေကြဖို့ အခုဂိမ်းလေးကို ဆော့ကို ဆော့ကြည့်သင့်တာပဲဖြစ်ပါတယ်။
နောက်ပြီး Graphic , Gameplay ဘာမှ ပြောစရာမလိုအောင်ကို Quality ပြည့်မှီပြီ ကစားရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ပဲမလို အားစိုက်စရာ ၊ အားထည့်စရာ အခြေနေမျိုးတွေတောင် မလိုအပ်ပါဘူး။ Map 4 ခုအထိ ပါဝင်ပြီး နှင်းစကိတ်တွေ ၊ Gadget တွေပါ သူ့အမျိုးစားလိုက် အားသာချက်တွေကို မြင်တွေ့ရမှာပါ။ Mini Challenge လေးတွေအနေနဲ့ Check Point သွားတာလေးတွေ ၊ အလှပြတာလေးတွေပါ ပါဝင်ပြီး တကယ်ကစားမယ်ဆိုရင် စိ်တ်အပန်းပြေရုံတင်မကပဲ အပျင်းပါပြေစေမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
Game Information
Android version 9 . 0 +
Developer Toppluva AB
Network Offline
Price In Paid
App version 1.012
Release Date Feb 18, 2025
Platform Android / iOS


HELLO YDB

#HELLOYDB #MOBILEGAME #GAMEREVIEW
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...