Kamla Mobile

ဒီလထဲ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ Horror Fan တွေအကြိုက်တွေ့စေမယ့် India သရဲဂိမ်းလေး Kamla ပဲဖြစ်ပါတယ်။ PC မှာ ထွက်ကတည်းက အိန္ဒိယလူငယ်တွေ အကြိုက်တွေ့စေခဲ့ပြီး အခုကတော့ Mobile Version အနေနဲ့ ထွက်လာတာပဲ ဖြစ်ပါတယ်။
ဂိမ်းက Escape ပုံစံမျိုးလို့ ထင်ရပေမယ့် တကယ်တော့ သရဲကို ထိပ်တိုက်သွားတွေ့ရမယ့် ပုံစံမျိုးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဂိမ်းရဲ့ Kamla ဆိုတာက တကယ်တော့ အရင်က ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ရတော့မယ့် မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး လက်ထက်ပွဲနေ့မှာပဲ ညတွင်းခြင်း နာနာဘာဝဝင်ပူးသွားပြီးတော့ လူတွေကိုပါ အရှင်လတ်လတ် လိုက်သတ်စားနေတဲ့ ဖုတ်တစ်ကောင်လို ပြောင်းလဲသွားတာမလို့ပါ။
မိသားစုဝင်တွေကလည်း ကြောက်လန့်ပြီး သူမကို အိမ်တော်ကြီးထဲမှာ ပိတ်ထားခဲ့ပြီးတော့ Kamla ကိုယ်ထဲကို ဝင်ပူးနေတဲ့ နာနာဘာဝကို နှင်ထုတ်ဖို့ရာအတွက် ဆရာလိုက်ရှာရှင်းကနေ နောက်ဆုံး သင့်ထံကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ တာဝန်က နာနာဘာဝကို နှင်ထုတ်ဖို့ဆိုပေမယ့် အခက်တွေ့နေတဲ့အရာတစ်ခုက အဲဒီနာနာဘာဝဟာ Kamla ရဲ့ ခန္ဓာကိုယ်ကို အပြည့်ဝ ထိန်းချုပ်ထားတာကြောင့် သာမန်လူထက်လည်း သန်မာသလို၊ အချိန်မရွေး လည်လိမ်ချိုးလိုက်လို့ရတာကြောင့် ခြောက်တာထက်ပိုတဲ့ ၊ ရင်ထိတ်စရာ ဇာတ်အိမ်မျိုးဖြစ်နေတာပါ။
Personal အရပြောရမယ်ဆိုရင်တောင် ဒီဂိမ်းက PC Graphic နဲ့ ကွာတယ်ဆိုပေမယ့် Kamla လိုက်တာ ခံရတဲ့ မြင်ကွင်းကတော့ Mobile Version မှာပါ တော်တော်လေး ကြက်သီးထစရာကောင်းပါတယ်။ အထူးသဖြင့် အိန္ဒိယက ထုတ်တာဆိုတော့ Culture Design တွေက လုံးဝ ရင်းနှီးနေသလိုကြီးကို ခံစားရမှာဖြစ်ပြီး ဒီဇိုင်းဆွဲထားတဲ့သူကလည်း Kamla ကို မြင်တာနဲ့ လန့်အောင်လို့ သေချာဖန်တီးထားသလားတောင် အောင့်မေ့ရပါတယ်။
ဒီတော့ Gameplay ဘက်ကို အစမြည်ရမယ်ဆိုရင် Mobile မှာ ထွက်ဖူးသမျှ အမျိုးစားတွေလိုပဲ Puzzle တွေ ရှင်းရမယ်၊ Kamla လာရင် ပုန်းရမယ် ဘာညာ စသည်ဖြင့်ဆိုပေမယ့် နည်းနည်းလေး သဘောကျစရာကောင်းတာက Kamla က သင့်ကို သုံးခါမိပြီးမှ အဆုံးသတ်ပေးမှာဖြစ်တာကြောင့် မိတဲ့အခါတိုင်းမှာတောင် ဖမ်းပုံဖမ်းနည်း ပုံစံက အနည်းငယ်ကွဲထွက်နေပါလိမ့်မယ်။
ပြောလို့သာပြောတာ မင်မင်လည်း သရဲဂိမ်းမဆော့တာကြာလို့လားမသိဘူး Kamla မျက်နှာကြီးကို အခုစာရေးရင်းနဲ့တောင် ပြေးပြေးမှတ်မိနေလို့ Asia Horror ဒဏ်မခံနိုင်တဲ့သူတွေ မထိကြဖို့ရာ ကြိုတင် အသိပေးလိုက်ပါတယ်။ Graphic ကြည့်ပြီး အထင်မသေးနဲ့နော် တကယ်ဆော့ကြည့်မှ နှလုံးကော ကျန်တာပါ တုန်ကုန်မယ်။
ဂိမ်းလေးက Offline ဆော့လို့ရတယ်ဆိုပေမယ့် Developer တွေကို Support ပေးတဲ့အနေနဲ့ Ads လေးတွေကို ကြည့်ပေးဖို့ရာ အားပေးပါတယ်။
Game Information
Android version 6 . 0 +
Developer MadMantra
Network Offline
Price Free
App version 1.1
Release date Jan 10, 2025
Platform Android / PC


HELLO YDB

#HELLOYDB #MOBILEGAME #GAMEREVIEW

Comments

လူကြည့်အများဆုံး GAMES