Rally Horizon

0% COMMUNITY SCORE
LOADING...
RATE:
Mobile Gaming လောကမှာ မင်မင်ရဲ့ Personal အရ သဘောကျဆုံးအရာတစ်ခုကို ပြောပါဆိုရင် Adopt လုပ်တဲ့နေရာမှာ တော်တော်လေးကို မြန်ကြတာပါ။ Trend ဖြစ်တဲ့ ဒီဇိုင်းတွေဘက်ကို တောက်လျှောက် တက်သစ်စ Developer တွေကအစ အမှီလိုက်နိုင်ပြီး UI တွေကစ မြန်မြန်ဆန်ဆန်နဲ့ကို Update တိုင်း ဆန်းသစ်လာတာကြောင့် အခု Rally Horizon လေးကိုလည်း အားတဲ့အချိန်တိုင်း ကောက်ကစားမိတဲ့အထိကို တော်တော်လေး သဘောကျမိနေတာပဲဖြစ်ပါတယ်။



ဂိမ်းက Low Device တွေအတွက်ကို လုံးဝအသားပေးထားတာဖြစ်ပြီး Graphic ပိုင်းမှာ အရမ်းအရမ်း ကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ အမိုက်စားဂိမ်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ပြောရရင် သူ့ရဲ့Graphic ပုံစံက လုံးဝ Detail ကျတာမျိုးမဟုတ်ပဲ၊ Color , Lightning နဲ့ Effect တွေကို နိုင်သလောက် ထိန်းသုံးသွားတာကြောင့် တကယ်ကြီးကို ဆော့ရတဲ့ Feeling က Casual ကျကျနဲ့ကို အရမ်းသဘောကျစရာကောင်းနေတာပဲဖြစ်ပါတယ်။Lobby intro , replay တွေကအစ တကယ် Player တိုင်းလိုချင်တဲ့ အနေထားမျိုးကို ရောက်အောင် ဖန်တီးထားနိုင်ပြီး Modern Game တစ်ခုအနေနဲ့တောင် အပြည့်ဝ ခံစားရစေတာကြောင့် မင်မင်အမြင်မှာတော့ ဂိမ်းအမြင့်ကြီးတွေထက်ကို ဒီဂိမ်းက ပိုဖမ်းစားနိုင်တယ်လို့ မြင်မိတယ်။
သူ့မှာ အကြီးမားဆုံး အားနည်းချက်ဆိုလို့ Physics ပိုင်းတစ်ခုသာ ရှိပြီး ကျန်တာကတော့ လုံးဝကို Good တာထက်ကို ပိုတာကြောင့် Racing Game မဆော့ရတာ ကြာနေပြီဆိုရင် စမ်းကစားကြည့်ကြဖို့ရာ အကြံပေးချင်ပါတယ်။ ထုံးစံအတိုင်း Rally ဆိုတော့ ကားအမျိုးစားတွေက အစုံကို မြင်တွေ့ရမှာဖြစ်ပြီး Race ကနေ Drift တွေအထိ Map အစုံ ၊ ရာသီဥတုအစုံနဲ့ကို ကစားရမှာပဲဖြစ်ပါတယ်။ ကျန်တာတွေထက် အသေချာဆုံးတစ်ခုကတော့ မင်မင်ကိုယ်တိုင်တောင် ဒီဂိမ်းအပေါ် အထင်နဲ့အမြင် ကွဲသွားခဲ့တာကြောင့် အားနည်းချက်ရှိနေရင်တောင် အရမ်းသဘောကျကြမယ်ဆိုတာ ခံစားမိတယ်။ Cinematic Color တွေနဲ့ ရှယ်ကြုံးချင်တဲ့သူတွေ တကယ်လက်မလွတ်သင့်ဘူးနော်။
Game Information
Android version 5 . 0 +
Developer GrayPow
Network Offline
Price Free
App version 2.3.13
Release date Apr 10, 2023
Platform Android / iOS


HELLO YDB

#HELLOYDB #MOBILEGAME #GAMEREVIEW
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...