Superliminal

ဒီဂိမ်းက တကယ် မင်မင်ကိုယ်တိုင်တောင် Mobile အတွက် ထွက်လာလိမ့်မယ်လို့ ထင်မထားခဲ့တာဖြစ်ပြီး ဆော့ဖူးသမျှ ဂိမ်းတွေထဲမှာတော့ လုံးဝကို Mind Blowing ဖြစ်စေတဲ့အပြင် ဒီဂိမ်းဆော့လိုက်တာနဲ့ကို ကိုယ့်ရဲ့ ဦးနှောက်နဲ့ မျက်လုံးတွေကပါ “ တော်ပါတော့လို့တောင် “ ပြောယူရလောက်တဲ့အထိ သွက်သွက်ခါအောင် လှည့်စားခံရမှာပဲဖြစ်ပါတယ်။

နောက်နေတာမဟုတ်ဘူး အဲဒါ တကယ်ခံရမှာနော်။ ရည်းစားက လှည့်စားတတ်တယ်ဆိုတာ နေခဲ့လိုက်တော့၊ ဒီဂိမ်းက ကိုယ့်မျက်စိရှေ့မှာတင် ကြည့်ရင်းကြည့်ရင်းနဲ့ကို ရုတ်တရက် ဦးနှောက်နဲ့ မျက်စိကို ပါးလှမ်းရိုက်လိုက်သလိုမျိုး ကိုယ့်တစ်ဘဝလုံးမှာ နေသားကျခဲ့တဲ့ သီအိုရီတွေ၊ မှတ်ဉာဏ်က လက်ခံထားတဲ့ လောက သဘောတရားတွေကို ချက်ချင်းပြောင်းပြန်လှန်သွားစေမှာပဲဖြစ်ပါတယ်။

အနီးစပ်ဆုံးပြောရရင် ( အမြင်မတူရင်၊ အတွေးမတူဘူး၊ အတွေးမတူရင် အဖြေကလည်းမတူဘူး ) ဆိုသလိုမျိုးပဲ ကိုယ့်ရဲ့ အမြင်အာရုံနဲ့ အတွေးနယ်ပယ်တွေကို ဘောင်ခတ်မထားပဲ ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရှုနိုင်တယ်ဆိုမှ ဒီဂိမ်းကို ကစားနိုင်မှာပဲဖြစ်ပါတယ်။ ပြောရရင် အရင်ကလို ဥ◌ီးနှောက်တင် သုံးရတာမျိုးမဟုတ်တော့ပဲ ၊ မျက်လုံးကိုပါ ရှယ်ပလန်နဲ့ အာရုံနောက်အောင်ကို အသုံးချခံရမှာပဲဖြစ်ပါတယ်။

သာမန် Puzzle ဂိမ်းတွေလို ဘာလုပ်ရင် ဘာရမယ်၊ ဘာရှိရင် ဘာအခန်းပွင့်မယ်ဆိုတာမျိုးမဟုတ်ပဲ အခန်းအကျယ်ကြီးထဲမှာ ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေနဲ့ ကိုယ့်ရဲ့ အမြင်အာရုံကိုပဲ အသုံးချရမှာဖြစ်တာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းသလို ၊ တစ်ခါတစ်လေ ရူးချင်စိတ်တောင်ဖြစ်သွားစေနိုင်တာပဲဖြစ်ပါတယ်။ ပြောရရင် နဂိုကတည်းက နည်းနည်းကြောင်ချင်သလို ကိုယ့်ကိုယ်ကိုယ် ခံစားနေရပြီဆိုရင် ဒီဂိမ်းလေးနဲ့ အရှိန်နှစ်ဆ တင်လို့ရမှာပဲဖြစ်ပါတယ်။

အဓိက သော့ချက်က ဒီဂိမ်းမှာ Perspective ဖြစ်တဲ့ ရှုထောင့်အနေထားရယ်၊ Optical illusions ဖြစ်တဲ့ မျက်စိလှည့်စားမှုတွေကို အသုံးချထားတာဖြစ်တာကြောင့် နာမည်ကြီး Zach King တို့ရဲ့ Video တွေကို ထိုင်ကြည့်နေရသလိုမျိုးအထိ ခံစားရစေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒါက ကိုယ်တိုင်ဝင်ဆော့ရမယ့် First Person ဂိမ်းဖြစ်တာကြောင့် ပုံမှန် Video တွေထက်ကို အများကြီး အများကြီး အလှည့်စားခံရမှာပဲဖြစ်ပါတယ်။

သဲလွန်စလည်း မပေးသလို ၊ ဘာလုပ်ရမယ်လည်း ပြောမထားတာကြောင့် တကယ်ကို Challenge ဖြစ်ဖြစ်နဲ့ ထိုင်ရာကနေ မထအောင်ကို သဘောကျသွားစေမယ်အပြင် ဆော့ဖူးသမျှထဲမှာ အမှတ်ရဆုံး ဂိမ်းတစ်ခုဖြစ်လာမယ်ဆိုတာကိုပါ ရဲရဲကြီး အာမခံရဲပါတယ်။ အထူးသဖြင့် ကိုယ့် Brain ရဲ့ Limit ကို Overload သုံးချင်တဲ့ သူတွေအတွက်ပေါ့။ 

Game Information
Android version 8 . 0 +
Developer Noodlecake
Network Offline
Price In Game Purchased
App version 1.16
Release date Jul 29, 2024
Platform Android / iOS
Ram At least 4GB +
SOC Snapdragon 700 +
Helio G88 +



#HELLOYDB #Puzzle #Illusion #GameReview #MobileGameReview 

Comments

လူကြည့်အများဆုံး GAMES