I Am Cat
🐱🐾 ကြောင်လေးတစ်ကောင်ရဲ့ ဘဝကို ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်ချင်တဲ့
သူတွေအတွက် "I Am Cat" ဆိုတဲ့ ဂိမ်းလေးကို ဆော့ပြီးကြပြီလား ?✨
အမြဲတမ်း လူသားဇာတ်ကောင်တွေ နေရာကနေပဲ ကစားနေရတာကို ငြီးငွေ့လာပြီဆိုရင်
အိမ်မွေးတိရစ္ဆာန်လေးတွေ၊ အထူးသဖြင့် ချစ်စရာကောင်းတဲ့ ကြောင်လေးတွေရဲ့
နေ့စဉ်ဘဝကို သူတို့ ဘယ်လိုများဖြတ်သန်းနေကြမလဲဆိုတာကိုကော မသိချင်ကြဘူးလား ? 🤔
သိချင်တယ်ဆိုရင် ဒီ I Am Cat ဆိုတဲ့ Simulation Game အကြောင်းလေးကို
ဆက်ကြည့်လိုက်ရအောင်နော်။
#I_Am_Cat_ဆိုတာဘယ်လိုဂိမ်းမျိုးလဲ ?
တကယ်တော့ နာမည်အတိုင်းပဲ... ကစားတဲ့သူက ကြောင်လေးတစ်ကောင်အဖြစ်နဲ့
ရှင်သန်ရမှာဖြစ်ပြီး သာမန် Action ဂိမ်းတွေလို တိုက်ခိုက်ရတာ၊
အဆင့်တွေကျော်ဖြတ်ရတာမျိုး မဟုတ်ဘဲ၊ ကြောင်လေးတစ်ကောင်ရဲ့ ငြိမ်းချမ်းပြီး
စိတ်ဝင်စားစရာကောင်းတဲ့ နေ့စဉ်ဘဝကို အသေးစိတ်ခံစားရမှာပဲ ဖြစ်ပါတယ်။ ( အမှန်က
ကြောင် Gangster တွေ )
#ဂိမ်းကဘယ်လိုပုံစံနဲ့ဆော့ရမှာလဲ ? 🎮
ဂိမ်းထဲမှာဆိုရင် ကိုယ်က ကြောင်တစ်ကောင်ရဲ့ မြင်ကွင်းအတိုင်း
ကိုယ်တိုင်မြင်တွေ့နိုင်အောင်လို့ (First-Person Perspective) ကို ကြည့်ပြီး
လွတ်လပ်စွာနဲ့ သွားလာနိုင်မှာဖြစ်ပြီး ဘာတွေလုပ်လို့ရလဲဆိုရင်...
😎 ကြောင် smart watch ပတ်ရမယ်။
😴 Luxury Cat Bed ကြီးမှာ အိပ်ရမယ်။
🧶 တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့နိုင်မယ်။
🏺 စိတ်မထင်ရင်၊ မထင်သလို ပစ္စည်းတွေလဲ တွန်းချမယ်။
🏠 တစ်အိမ်လုံး အိမ်ခေါင်မိုးပါမကျန် လိုက်စပ်စုမယ်။
😼 နောက်ဆုံး သခင်ကိုပါ လိုက်ကုတ်မယ်။
စသည်ဖြင့် ပြောရရင် တော်တော်ကို သောင်းကျန်းတဲ့ အဝါကောင်မလို့ ကစားရတာ
စပယ်ရှယ်ကို အားရစရာကောင်းမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာက သခင်ကို ချပြီးရင်
ဗီရိုပေါ်တွေသာ တက်သာပြေး။ မဟုတ်ရင် ဟိုက ဒယ်အိုးနဲ့ ခွက်ကနဲ
အိပ်ပျော်သွားလိမ့်မယ်။
#ဒီတော့ဂိမ်းကအချိန်ပေးရတာကောတန်ရဲ့လား?
ကြောင်ချစ်သူတဲ့သူဆိုရင် ကိုယ့်အိမ်က ကြောင်လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့
သူတို့ဘာလိုချင်လဲဆိုတာကိုပါ ဒီဂိမ်းကနေတစ်ဆင့် ပိုမိုနားလည်အောင်
ကူညီပေးပါလိမ့်မယ်။ ( ပြောလို့သာပြောတာ ကိုယ်သာကြောင်ဆိုရင် ဒီထက်တောင်
ပိုသောင်းကျန်းမိလောက်တယ် )
နောက်ပြီး လူ့လောကမှာ Stress တွေများပြီး စိတ်ပင်ပန်းနေပြီဆိုရင်လည်း
ဒီကြောင်လောကမှာ ခဏလောက်ဝင် ကမြင်းကြည့်လိုက်တာက စိတ်ကို တော်တော်လေး Relax
ဖြစ်စေမှာပဲဖြစ်ပါတယ်။
ကဲ...ကြောင်ဘဝနဲ့ သောင်းကျန်းဖို့ အဆင်သင့်ဖြစ်ပြီလား? 🐈🐾
#HELLOYDB #IAmCat #SimulationGame #MobileGame #CatGame #GameReview #HELLO_YDB #MyanmarGaming #ကြောင်ဂိမ်း #အပန်းဖြေဂိမ်း #ဂိမ်းအညွှန်း
Comments