Jurnal Malam : Bestfriend

🫣 ညဘက်ရောက်တိုင်း တစ်ယောက်တည်း မှောင်မှောင်မည်းမည်းအခန်းထဲမှာ Game လေးတွေ ဆော့ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတာကို ကြိုက်လား ?
🫨 ဒါမှမဟုတ် အိပ်မပျော်နိုင်အောင် ခြောက်လှန့်နိုင်တဲ့ ဇာတ်လမ်းဆန်ဆန် ထူးထူးဆန်းဆန်း Game မျိုးတွေကို ရှာနေတဲ့သူလား ?

ဒါဆိုရင်တော့ HELLO YDB ကနေ ဒီတစ်ခါ ပြောပြပေးချင်တဲ့ Game လေးက " Jurnal Malam : Bestfriend " ဆိုတဲ့ အင်ဒို Game အကြောင်းလေးပဲဖြစ်ပါတယ်။
🫂 နာမည်ကြားတာနဲ့ " အော် သူငယ်ချင်းအကြောင်းလေးပါလား " လို့ အမှတ်တမဲ့ ထင်သွားနိုင်ပေမယ့်၊ ဒီ Game ထဲမှာပါတဲ့ 'သူငယ်ချင်း' ဆိုတဲ့ စကားလုံးက ကိုယ်ထင်ထားတာထက်ကို အများကြီး ပိုနက်နဲသလို ပိုပြီး‌တော့လဲ ကြောက်ဖို့ကောင်းနိုင်တယ်ဆိုတာကို ကြိုပြောချင်ပါတယ်။

⚠️ နောက်ထပ် သတိပေးချင်တာက Developer တွေကိုယ်တိုင်ကိုက ( နှလုံးရောဂါရှိတဲ့သူတွေ ၊ စိတ်မခိုင်တဲ့သူတွေ ) မစမ်းကြည့်ဖို့ရာအတွက် ကြိုတင်သတိပေးထားတာမလို့ အင်ဒိုဂိမ်းတွေ ဘယ်လောက်ကြမ်းတယ်ဆိုတာကို ကြည့်လိုက်ရအောင်နော် ...
#ဒီ‌တော့ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?

ဇာတ်လမ်းအစပျိုးထားတာက Asia နိုင်ငံတွေမှာ ကြုံရလေ့ရှိတဲ့ အခြေနေမျိုးကို ပုံဖော်ထားတာဖြစ်ပြီး အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို ညအိပ်သွားစောင့်ပေးရာကနေ စတင်ထားတာပါ။ အထူးသဖြင့် မြန်မာတွေဆိုရင်လဲ အကူညီတောင်းတာနဲ့ ထိပ်ဆုံးကနေ ကူညီချင်တတ်တဲ့ ချစ်စရာအမူအကျင့်လေးတွေရှိတတ်တာကြောင့် ဒီဂိမ်းက ပေးတဲ့ Dark Side ကြီးက ကိုယ့်ရဲ့ ကူညီချင်စိတ်လေးတွေတောင် တွန့်သွားနိုင်ပါတယ်။

နောက်တစ်ခု ယုတ္တိရှိတာက ဒီထဲက ဇာတ်ကောင်ကလည်း အခု စာဖတ်နေတဲ့သူတွေလိုပဲ လုံးဝကို သတ္တိရှိပြီး အရာရာကို Logically တွေးတတ်တဲ့သူမလို့ တကယ်ကို စိတ်ဝင်စားစရာ‌ ကောင်းပါတယ်။ ပြောရရင် ဒီ Character က မဲမဲမြင်မှကိုမဟုတ်ဘူး၊ အကောင်လိုက်ပြရင်တောင် ကြောက်တတ်တဲ့သူ မဟုတ်တာမလို့ ကစားရတာ အားရစရာတော့ကောင်းတယ်။

ဒီတော့ ဇာတ်လမ်းကလဲ ကောင်းတယ်၊ Character ကလည်း သတ္တိရှိတယ်ဆိုတော့ နောက်ဆုံး အခက်တွေ့နိုင်မယ့် ပြဿနာတစ်ခုက ဒီဂိမ်းကို ကစားမယ့် သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
#ဘယ်လောက်အထိကြောက်စရာကောင်းလဲ ?

ကစားမယ့်သူ နေရာကနေ ကြည့်မယ်ဆိုရင် ဂိမ်းတစ်ခုလုံးရဲ့ Graphic အပြင်အဆင်တွေက PC နီးပါးအထိ Mobile ပေါ်ကို ယူဆောင်ပေးလာတာကြောင့် Real Time Shadow တွေ ၊ Detail Soundtrack တွေက သင့်ကို ခဏခဏ နှလုံးရပ်သွားစေမှာပဲဖြစ်ပါတယ်။ 

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂိမ်းထဲမှာပါတဲ့ သရဲက အဲလောက် ကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပဲ၊ ဂိမ်းထဲမှာ ခံစားရတဲ့ ပတ်ဝန်းကျင်အငွေ့သက်တွေကိုက လုံးဝကို အိမ်မက်ဆိုးမက်နိုင်တဲ့အထိ ခြောက်ခြားစရာကောင်းတာမျိုးဖြစ်နေတာပါ။ 
#ဂိမ်းကဘယ်လိုပုံစံမျိုး‌ဆော့ရမှာလဲ ?

များသောအားဖြင့် Escape Type မျိုးလို့ ပြောချင်ပေမယ့် ဒီထဲမှာပါတဲ့ အဓိကဇာတ်ကောင်က အရမ်း သတ္တိတွေရှိနေတော့ ကစားတဲ့သူပါ ရောပြီး အခြောက်ခံရမယ့် ပုံစံမျိုးနဲ့ ကစားရမှာပါ။ သရဲမက အိမ်ထဲမှာ မနေအောင် ပုံစံမျိုးစုံနဲ့ သတိပေးပေမယ့် ဆရာသမားက Logically အရမ်းတွေးနေတော့ ဘာတွေလုပ်လို့ရမလဲဆိုရင်..

🏠 သူများအိမ်ကို စိတ်ကြိုက် စူးစမ်းလို့ရမယ်။
☕ ရေခဲသေတ္တာထဲမှာလဲ စိတ်ကြိုက် စားခွင့်ရတယ်။
💡 စိတ်မလုံရင် တစ်အိမ်လုံးလဲ မီးဖွင့်ထားလို့ရတယ်။
🔦 မီးမလာရင်တောင် ရေနံဆီ မီးအိမ်သုံးလို့ရတယ်။
🏃 ‌ပျင်းရင်လည်း ပြေးလို့ရမယ်။ ပုန်းလို့ရမယ်။
🥹 နောက်ပြီး သရဲမလေးကလဲ အာရှသူလေးမလို့

စိတ်ဝင်စားရင် အဆုံးထိ ကစားကြည့်လို့ကောင်းတဲ့ ဂိမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါကြောင့် တကယ်သတ္တိသာ ရှိရင် အရမ်းလွယ်တဲ့ ဂိမ်းလေးမလို့ ကိုယ့်ရဲ့ Critical Thinking တွေကို အသုံးချပြီး ဂိမ်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မှာပဲဖြစ်ပါတယ်။
#ဘာကြောင့်ဆော့သင့်တာလဲ ?

တကယ် နောက်ထွက်တဲ့ Horror ဂိမ်းတွေထဲမှာ Indo Game ပီပီ တော်တော်ကြမ်းထားတာမလို့ မင်မင်ကတော့ ကစားဖူးသင့်တယ်လို့ မြင်မိတယ်။ နောက်ဆုံး Horror ကြောက်တယ်ဆိုရင်တောင် ဂိမ်းရဲ့ Graphics နဲ့ Real Time Shadow / Lighting တွေကို ခံစားကြည့်သင့်တာမလို့ တကယ်ကို ဆော့ကြည့်သင့်တယ်။ 
#အချိန်ပေးရတာကောတန်ရဲ့လား ?

အချိန်ဆိုတဲ့ နေရာမှာ ညဘက်အိပ်ပြီး ဆော့မယ့်သူတွေအတွက် ပိုပြီးတော့ Recommend ပေးချင်ပြီး အကယ်လို့ ကိုယ့်ဖုန်းက AMOLED Display နဲ့သာဆိုရင် အခန်းမီး ပိတ်ပြီးတော့သာ ကစားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ခုနကပြောသလိုပဲ သရဲမက အာရှသူလေးမလို့ သိပ်ကြောက်စရာကောင်းမှာမဟုတ်ပဲ ဂိမ်းရဲ့ အပြင်အဆင်နဲ့ ဖန်တီးထားတဲ့ Design Atmosphere ကိုက လုံးဝ အပြင်မှာ ကြုံနေရသလိုအထိ အနှစ်ကျကျ Mobile ပေါ်မှာ ခံစားရမှာပဲဖြစ်ပါတယ်။ 

ကဲ.... သူများအိမ်တွေ လိုက်အိပ်ရဲအုံးမလားဆိုတာကတော့ ဒီဂိမ်းဆော့ကြည့်မှပဲ သိမှာနော်။ 
Game Information
Android version 5 . 1 +
Developer RiMa Studio
Network Offline
Price 1.5 $
App version 2 .0
Release date Dec 25, 2020
Platform Android / PC
Ram At least 4 GB +
SOC Snapdragon 700 +
Helio G88 +



( Paid Game လေးဖြစ်တာကြောင့် Free ဆော့လို့ရအောင် ထည့်ပေးထားတယ်နော် )

#JurnalMalamBestfriend #HorrorGame #MobileGame #GameReview #HELLO_YDB #MyanmarGaming #ကြောက်စရာဂိမ်း #သူငယ်ချင်း #လျှို့ဝှက်ဆန်းကြယ်

Comments

လူကြည့်အများဆုံး GAMES